မြန်မာတိုင်းမ်နေ့စဉ်
07 DEC 2019
ထက်စိုးလင်း
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ မြန်မာနိုင်ငံတရားစွဲဆိုခံရမှု ကိစ္စတွင် အပြုသဘောဖြင့် ပူးပေါင်း ပါဝင် ကူ ညီမည်ဖြစ်ကြောင်း ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က ဒီဇင်ဘာ ၅ ရက်၌ သဘောထားထုတ် ပြန်ခဲ့သည်။
07 DEC 2019
ထက်စိုးလင်း
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ မြန်မာနိုင်ငံတရားစွဲဆိုခံရမှု ကိစ္စတွင် အပြုသဘောဖြင့် ပူးပေါင်း ပါဝင် ကူ ညီမည်ဖြစ်ကြောင်း ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က ဒီဇင်ဘာ ၅ ရက်၌ သဘောထားထုတ် ပြန်ခဲ့သည်။
အမျိုးသားအကျိုးစီးပွားကိုကာ ကွယ်ရန်အတွက် အစိုးရအဖွဲ့တာဝန် အရှိဆုံးပုဂ္ဂိုလ်မှဦးဆောင်၍ ဒီဇင်ဘာ ၁ဝ ရက်တွင်စတင်မည့် ကြားနာပွဲသို့ တက်ရောက်ဖြေရှင်းမည်ဖြစ်သည်ဟု ကြားသိရကြောင်း၊ နိုင်ငံတော် နှင့်နိုင်ငံသားများအကျိုးစီးပွားအတွက် ပြည်ခိုင်ဖြိုးပါတီက အပြုသဘောဖြင့် ပူးပေါင်းကူညီဆောင်ရွက် မည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ခဲ့သည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ဂမ်ဘီယာနိုင်ငံက တရားစွဲ ဆိုသည့်လျှောက်ထားလွှာတွင် မြန်မာ နိုင်ငံ က တရားဝင်လက်ခံထားခြင်း မရှိသောရိုဟင်ဂျာဟူသည့် စကား ရပ်ကိုထည့်သွင်းစွဲဆိုလာခြင်း၊ လျှောက် ထားလွှာ၌ ဖော်ပြပါရှိသောစကားရပ် နှင့် အချက်အလက်အများစုမှာလည်း မိမိတို့နိုင်ငံက လက်ခံထားခြင်းမ ရှိသော အပြည်ပြည်ဆိုင်ရာ အချက်အလက် ရှာဖွေစုဆောင်းရေးအဖွဲ့ FFM၊ HRT၊IIMM နှင့် RAPPORTEUR တို့၏ အစီရင်ခံစာများအပေါ် များစွာမှီခို အခြေပြုထားသည်ကို ကန့်ကွက်သင့် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ခဲ့သည်။
ARSA အကြမ်းဖက်အုပ်စုက အပြစ်မဲ့အရပ်သားများဖြစ်သည့် ဟိန္ဒူ ဘာသာဝင်များ၊ ဒေသခံတိုင်းရင်းသားများဖြစ်သည့် ရခိုင်၊ မြို၊ ခမီးဒိုင်နက်၊ သက်အစရှိသော ပြည်သူများအပေါ် ရက်စက်စွာနှင့် လူမဆန်စွာ တရားမဲ့ သတ် ဖြတ်မှုများ၊ ၎င်းတို့နေထိုင်သည့် ကျေးရွာများကိုမီးရှို့ဖျက်ဆီးမှု၊ မုဒိမ်း မှုနှင့် လိင်အကြမ်းဖက်မှုများ ကိုရည် ရွယ် ချက်ရှိရှိ ကျူးလွန်ခဲ့သည့် ဖြစ်ရပ် မှန်များကို သက်သေအထောက်အထား အပြည့်အစုံအား ICJတွင် တုံ့ပြန် ဖြေရှင်းရမည့် အခွင့်အခါကောင်းကို လက်လွတ်မခံဘဲ ထိရောက်စွာဆောင် ရွက်သင့် ကြောင်း ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထုတ်ပြန်ခဲ့ သည်။ ICJ ကိစ္စနှင့်ပတ်သက်ပြီး နယ်သာ လန်နိုင်ငံတွင် ဒီဇင်ဘာ ၁ဝ ရက်တွင် ကြားနာရင်ဆိုင်ရမည်ဖြစ်သည်။
Link : Here
No comments:
Post a Comment