Friday, December 20, 2019

တိုင်းရင်းသားမျိုးနွယ်စုအဖြစ် အသိအမှတ်ပြုပေးရန် ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန်ခွာသူများ တောင်းဆို

DVB
By D Nae Khit
December 20, 2019
DVB TV News

ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာသွားသူတွေကို နိုင်ငံသားဖြစ်ခွင့်ရတဲ့ တိုင်းရင်းသာမျိုးနွယ်စုအဖြစ် အသိအမှတ်ပြုပေးဖို့ နေရပ်စွန်ခွာသူတွေက တောင်းဆိုပါတယ်။

ဒီဇင်ဘာ ၁၈ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ဦးဆောင်တဲ့ မြန်မာကိုယ်စား လှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ဒုက္ခသည်စခန်း ကို သွားရောက်ပြီး နေရပ်စွန့်ခွာသူတွေပြန်လည်လက်ခံဖို့ ဆွေးနွေးရာမှာ နေရပ်စွန့်ခွာသူတွေက ခုလိုတောင်းဆိုခဲ့တာပါ။

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးချမ်းအေးက နေရပ်စွန့်ခွာသူတွေ ပြန်လက်ခံရေးလုပ်ငန်းစဉ်နဲ့ လုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရေး ကြိုးပမ်းချက်တွေကို ရှင်းပြခဲ့ပါတယ်။

နောက်ပြီး နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်လို့ NVC ကတ်ထုတ်ပေးနေတဲ့ အခြေအနေနဲ့ လုံခြုံရေးအစီအမံစည်းကမ်း ချက်တွေကိုလည်း နေရပ်စွန့်ခွါသူတွေကို ရှင်းပြခဲ့တယ်လို့ မြန်မာခေါင်းဆောင် ဦးချမ်းအေးက ပြောပြပါတယ်။

ဥပဒေနဲ့ သမိုင်း အချက်အလက် တွေပေါ် မူတည်ပြီး ရိုဟင်ဂျာဆိုတာကို လက်မခံနိုင်တဲ့ အကြောင်းရင်းကို မြန်မာကိုယ်စားလှယ်က ရှင်းပြခဲ့ပေမယ့် သူတို့ အသိုက်အဝန်း ဖြစ်တည်မှုကို မငြင်းပယ်ခဲ့ဘူးလို့ မြန်မာခေါင်းဆောင် ဦးချမ်းအေးက ပြောပြခဲ့ပါတယ်။

ဒုက္ခသည်စခန်းကခေါင်းဆောင်တွေကတော့ မြန်မာနိုင်ငံကို သူတို့ပြန်မလာခင်မှာ နိုင်ငံသားဖြစ်ခွင့်ရတဲ့ တိုင်း ရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် သူတို့ကို အသိမှတ်ပြု ပေးစေလိုတဲ့အကြောင်းနဲ့ မြန်မာအစိုးရရဲ့ ဒုက္ခသည် ပြန်လက်ခံရေး အဆိုပြုချက်ဟာ သူတို့တောင်းဆိုချက်တွေနဲ့ မကိုက်ညီဘူးလို့ ပြောပြီး ပြန်လာဖို့ ငြင်းဆန်ခဲ့ ပါတယ်။

DVB TV News

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */