BAMAKHIT
By D Nae Khit
December 29, 2019
By D Nae Khit
December 29, 2019
သြစတြေးလျနိုင်ငံက Lion Little World ဘီယာကုမ္ပဏီကို မြန်မာ့တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းနဲ့ ဖက်စပ်လုပ်ကိုင်မှုအတွက် နိုင်ငံတကာက ဝေဖန်ပစ်တင်နေကြပါတယ်။
အဲဒီ ဘီယာကုမ္ပဏီဟာ ဂျပန်နိုင်ငံက ကမ္ဘာကျော် ယမကာကုမ္ပဏီတစ်ခုဖြစ်တဲ့ Kirin ကီရင်ရဲ့ လက်အောက် ခံဖြစ်ပြီး Kirin ကုမ္ပဏီဟာ တပ်မတော်ရဲ့ လုပ်ငန်းဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ ပူးပေါင်းပြီး ဘီယာတွေ ထုတ်လုပ်ရောင်းချနေတာ ဖြစ်ပါတယ်။
အခုလို ဖက်စပ်လုပ်ကိုင်ခြင်းအားဖြင့် မြန်မာ့တပ်မတော်အတွက် နိုင်ငံခြားငွေ အများအပြား ရရှိနေပြီး မြန်မာ့တပ်မတော်ဟာ အဲဒီ ဝင်ငွေကို ရိုဟင်ဂျာ မွတ်စလင်တွေ ဖိနှိပ်ခြေမှုန်းရာမှာ သုံးစွဲနေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာလည်း Kirin ကုမ္ပဏီဟာ မြန်မာ့တပ်မတော်ကို ငွေလျှူဒါန်းခဲ့ကြောင်း ဖော်ပြထားပါတယ်။
အခုလို စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကီရင်ကုမ္ပဏီ ပြောခွင့်ရသူတစ်ဦးက မိမိတို့ ကုမ္ပဏီဟာ လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို အထူးသတိထားပါကြောင်းနဲ့ မြန်မာနိုင်ငံက မိမိတို့လုပ်ငန်းတွေကို ပြန်လည် သုံးသပ်စစ်ဆေးမယ်လို့ ပြောပါတယ်
Link : Here

No comments:
Post a Comment