B B C
ဘီဘီစီ မြန်မာပိုင်း21 ဒီဇင်္ဘာလ 2019
အိုင်စီဂျေမှာ ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်
မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ ဂျီနိုဆိုက်စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး အိုင်စီဂျေမှာ ဂမ်ဘီယာနိုင်ငံက ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းအမှုဖွင့်ခဲ့ပါတယ်။
ဒါဟာ အိုင်စီဂျေ သမိုင်းမှာ ဂျီနိုဆိုက် စွပ်စွဲချက်နဲ့ ၃ ခုမြောက် အမှုဖွင့်ခံရတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။
ဒီရှေ့မှာ ဘော့စနီးယား က ဆားဘီးယားကို ဂျီနိုဆိုက်နဲ့ အမှုဖွင့်ခဲ့တာရှိပြီး ယူဂိုဆလားဗီးယားပြည်ထောင်စု ပြိုကွဲပြီးနောက် ခရိုအေးရှားက ဆားဘီးယားကို ဂျီနိုဆိုက်နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ ဒီအမှုနှစ်မှုကို ဂျီနို ဆိုက် မြောက်တယ်လို့ အမိန့်ချခဲ့တာ မျိုးမရှိပေမယ့် ဆားဘီးယားအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုမဖြစ်အောင် ကာကွယ်ဖို့ ပျက် ကွက်တယ်ဆိုတဲ့အချက်နဲ့ ဒါကြောင့် ကြားဖြတ်စီမံချက်တွေ ဆောင်ရွက်ဖို့ အိုင်စီဂျေက ဆုံးဖြတ်ခဲ့တာ ရှိတယ်လို့ ဥပဒေပညာရှင်ပါမောက္ခ ဒေါက်တာမြင့်ဇံက ပြောပါတယ်။
မြန်မာကို စွဲဆိုထားတဲ့အမှုကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နယ်သာလန်နိုင်ငံ၊ သည် ဟေ့ဂ်မြို့ မှာ ရှိတဲ့ အိုင်စီဂျေတရားရုံးထိ သွားရောက်ဖြေရှင်းထားပြီး တရားရုံး ဆုံးဖြတ် ချက်ကို နှစ်ဖက် စောင့်ဆိုင်းနေပါတယ်။
တရားရုံးက လာမယ့်ဇန်နဝါရီလောက်မှာ အမိန့်ချဖို့ရှိတယ်လို့ အတိုင်ပင်ခံက ပြောကြားထားပါတယ်။
Link : Here
No comments:
Post a Comment