" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 19, 2019

ဂမ်ဘီးယားက မြန်မာအပေါ် လူမျိုးတုံး သတ်ဖြတ်မှုဖြင့် စွဲဆို ချက်အား လာမည့်လတွင် ICJ ခုံရုံး ကြားနာမည်

မဇ္ဈိမ
AFP
19 November 2019
A burnt villages is pictured from a helicopter over Maungdaw, Rakhine state, on September 20, 2018. Photo: AFP

နိုဝင်ဘာ ၁၉။ ။ ဗုဒ္ဓဘာသာအများစု မြန်မာနိုင်ငံတွင် ဘင်္ဂါလီမွတ်စလင်(မူရင်း ရိုဟင်ဂျာဟု ဖော်ပြ)များ အ aပါ် လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်သည်ဟု ဂမ်ဘီးယားနိုင်ငံ၏ အမှုစွဲဆိုချက်အား ကုလသမဂ္ဂ၏ အထူးခုံ ရုံး က ဒီဇင်ဘာလအတွင်း ကြားနာသွားမည်ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ၏ နိုင်ငံတကာတရားရေးရာခုံရုံး ICJ အနေဖြင့် ထိုအမှု မစီရင်မီ ဘင်္ဂါလီများအား အကာအကွယ်ပေးရေး အရေးပေါ် တရားဝင်အမိန့်တစ်ရပ် ထုတ်ရန် မွတ်စလင်လူများစု အာဖရိကနိုင်ငံငယ် ဂမ်ဘီးယားက တိုက် တွန်းသွားမည်ဟုလည်း ဆိုသည်။

ICJ တွင် ဂမ်ဘီးယားနိုင်ငံက အမှုစွဲတင်ချက်၌ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူနည်းစုများအပေါ် စစ်တပ်၏ လူမဆန်သော နှိမ်းနင်းမှုများသည် ၁၉၄၈ ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက်အား ချိုး ဖောက်ရာရောက် သည်ဟု မြန်မာနိုင်ငံအပေါ် စွပ်စွဲထားခြင်း ဖြစ်သည်။

ICJ ၏ ထုတ်ပြန်ချက်တွင် “အဆိုပါ စွဲဆိုချက်အား ဒီဇင်ဘာ ၁၀ မှ ၁၂ ရက်အထိ လူသိရှင်ကြား ကြားနာ သွားမည်ဖြစ်သည်။”ဟု ဖော်ပြထာသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံအပေါ် အမှုစွဲဆိုခြင်းသည် နိုင်ငံ ၅၇ နိုင်ငံ ပါဝင်သည့် အစ္စလာမ္မစ် ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ OIC ၏ ကိုယ်စား ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဂမ်ဘီးယားနိုင်ငံက ပြောသည်။

၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ စစ်တပ်၏ နှိမ်နင်းမှုများအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ဆီ ဘင်္ဂါလီ မွတ်စလင် ၇၄၀၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ စစ်တပ်သည် နှိမ်နင်းမှုများသည် လူမျိုးတုံး သတ်ဖြတ်မှုအရာ မြောက်သည်ဟု ကုလသမဂ္ဂက ပြောဆိုထားသည်။

ဘင်္ဂါလီမွတ်စလင်များအား နောက်ထပ် ထိခိုက်နစ်နာမှုများ မဖြစ်အောင် ကာကွယ်ပေးရေးအတွက် အရေး aပါ်လုပ်ငန်းစဉ်များကို ICJ က ကြေညာချက် ထုတ်ပေးစေလိုကြောင်း ဂမ်ဘီးယား ရှေ့နေများက ပြောကြသည်။

ဂမ်ဘီးယား၏ မြန်မာအပေါ် ယခု အမှုစွဲဆိုမှုသည် ဘင်္ဂါလီမွတ်စလင်များအပေါ် ရာဇဝတ်မှုများ ကျုးလွန် သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအား ပထမဆုံး နိုင်ငံတကာတရားစီရင်ရေး ကြိုး ပမ်းမှု ဖြစ်မည် ဖြစ်သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */