Friday, November 8, 2019

ဘင်္ဂလားဒေ့ရှ်ကပြန်လာလိုသူ ဒုက္ခသည် ၂၀၀၀၀ ကျော် အနက် ၃၅၀၀ နီးပါး လက်ခံဖို့စိစစ်ပြီး

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
08 နိုဝင်ဘာ၊ 2019  
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်များ (ဧပြီ၊ ၀၈၊၂၀၁၉)

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေထဲက နေရပ်ပြန်မယ့်သူ ၂၀,၀၀၀ ကျော်ကို မြန်မာတာဝန်ရှိသူတွေ စိစစ်ပြီးစီးထားပြီး ပြန်လည် လက်ခံဖို့ အသင့်ရှိနေသူ ၃,၅၀၀ နီးပါးရှိကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဌာနက ဒီကနေ့ပဲ သတင်း ထုတ်ပြန်လိုက်ပါတယ်။
ဒုက္ခသည်တွေ ပြန်လည်ခေါ်ယူရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေရဲ့ ပြီးခဲ့တဲ့လထဲ ဒါကာမြို့ တော် မှာ တတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်က ပေးအပ်ထားတဲ့ လူပေါင်း ၂၂,၄၃၂ ယောက်အနက် ၂၀,၉၆၃ ယောက်ကို မြန်မာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာနက စိစစ်မှုတွေ ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

စိစစ်ပြီးစီးထားသူတွေထဲက ပြန်လည်နေရာချဖို့ စီစဉ်ထားသူ လူပေါင်း ၃,၄၅၀ ပါဝင်တဲ့ စာရင်းကိုလည်း ဘ င်္ဂလားဒေ့ရှ်နိုင်ငံကို ပေးပို့ထားကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၇ ထဲ ရခိုင်ပြည်နယ်က လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်း ရောက်အုပ်စုကို လိုက်လံရှင်းလင်းခဲ့တဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေနောက်ပိုင်း အိမ် နီး ချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည် လက်ခံရေး မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နဲ့ရော ကုလသမဂ္ဂနဲ့ပါ နားလည်မှု စာချွန်လွှာတွေ သီးခြားလက်မှတ် ရေးထိုး ထားတာပါ။

ဒါပေမဲ့လည်း ဒုက္ခသည်တွေရဲ့ အခြေခံအခွင့်အရေးတွေနဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေနဲ့အတူ နေရပ်ပြန် ပို့ရေး အစီအစဉ်တွေ အထမမြောက်ပဲ ဖြစ်နေပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက တရားဝင် လက်ခံမထားပေမဲ့လည်း ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခ သည်တွေကို ပြန်လည်လက်ခံဖို့ အသင့်ရှိကြောင်း ပြောဆိုထားသလို ကိုယ့်သဘောဆန္ဒနဲ့ နေရပ်ပြန် လာသူတွေကို ပြန်လည်လက်ခံခဲ့ရာမှာ ရာဂဏန်းလောက်အထိ ရှိနေပြီလို့လည်း မြန်မာတာဝန်ရှိသူတွေ မကြာသေးခင်တုန်းက သတင်းထုတ်ပြန်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */