" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 5, 2019

ကန်အမျိုးသားလုံခြုံရေးအကြံပေး နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့ ဆုံ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
05 နိုဝင်ဘာ၊ 2019 
ကန်အမျိုးသားလုံခြုံရေးအကြံပေး နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့ဆုံ (Myanmar State Counsellor Office)
 

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် Robert O’Brien တို့ တနလာၤနေ့တုန်းက အာဆီယံ ထိပ်သီး အစည်းအဝေး ပြင်ပမှာ သီးခြားတွေ့ ဆုံပြီး ဘင်္ဂ လားဒေရှ့်ဘက် ထွက်ပြေးရသူတွေ ဌာနေပြန်ရေး အပါအဝင် ကိစ္စရပ် အများအပြား ဆွေးနွေး ခဲ့ကြပါတယ်။ 
 
ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေ ဌာနေပြန်လာနိုင်ရေး အတွက် မြန်မာနဲ့ ဘင်္ဂလား ဒေရှ့်ကြား သဘောတူညီချက်နဲ့ ဆောင်ရွက်နေတဲ့ အခြေအနေ၊ နောက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေဖြစ်တဲ့ UNHCR၊ UNDP တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြောင်း မြန်မာ အစိုးရ ဘက်က သတင်းထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူကုန်ကူးမှု၊ သားရိုင်း တိရိစ္ဆာန် မှောင်ခို ရောင်းဝယ်မှု တားဆီး တိုက်ဖျက် ရေး အပြင် နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် Robert O’Brien နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဘန် ကောက် မြို့တော် က သီးသန့် တွေ့ဆုံဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scott Marciel လည်း တက်ရောက်ခဲ့သလို ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း နဲ့ ဦးကျော်တင် တို့လည်း ပါဝင်ခဲ့ပါတယ်။
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */