Friday, November 22, 2019

ARSA အဖွဲ့ဝင်တွေကို လက်နက်/ခဲယမ်း၊ လက်လုပ်မိုင်း နှင့် အတူ ဖမ်းဆီးရမိ

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်
22 နိုဝင်ဘာ၊ 2019 
 ဖမ်းဆီးရမိသော လက်နက်/ခဲယမ်း၊ လက်လုပ်မိုင်း (ဓါတ်ပုံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး) 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ်ရွာအရှေ့ဖက်မှာ ARSA အာရကန်ရိုဟင်ဂျာ ကယ်တင် ရေးတပ်ဖွဲ့ဝင် တွေကို မြန်မာစစ်တပ်ကနေ တွေ့ရှိပြီး ပစ်ခတ်တိုက်ခိုက်မှုအတွင်း ARSA ဘက်က ကျဆုံး အဖမ်းဆီးခံရမှုတွေ ရှိခဲ့ တယ်လို့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒီလို ပစ်ခတ် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ARSA အဖွဲ့ရဲ့ လက်နက် ပစ္စည်းတွေကိုလဲ သိမ်းဆီးရရှိခဲ့တယ်လို့ တပ်မ တော်ဖက်ကဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် က ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းကနေ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA အဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ရှိပြီး ပစ်ခတ် ဖမ်းဆီးရမိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“မနေ့ကတော့ကျွန်တော်တို့ မောင်တော၊ ခမောင်းဆိပ်ကျေးရွာရဲ့အနောက်ဖက် မီတာ(၄၅၀၀)လောက်မှာ ARSA အကြမ်းဖက် သောင်းကျန်းသူ (၈) ဦးတွေ့ရှိတယ်။ ကျွန်တော်တို့ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ အလောင်း (၂) လောင်းနဲ့ အရှင် (၃) ယောက်ရပါတယ်။ ကျွန်တော်တို့ တလုံးထိုး သေနတ်တလက်။ တူးမီး သေနတ်တလက် ၊ ကျည်(၄) တောင့် လက်လုပ်မိုင်း(၂)လုံး လက်လုပ်မိုင်းကဆွဲမိုင်းပေါ့။ ကျွန်တော်တို့သိမ်း ဆီးရထားတယ်။ အဲဒီမှာတော့ အခုတလော ကျွန်တော်တို့ အောင်ဇူနယ်မြေရဲစခန်းကို လွှဲအပ်ပြီးတော့ စစ် ဆေးမှုတွေ ဆောင်ရွက်လျှက် ရှိပါတယ်။”

တပ်မတော်နဲ့ ကနဦး ထိပ်တိုက်တွေ့ဆုံစဉ်မှာ ARSA အဖွဲ့ဝင် ၈ ဦးရှိခဲ့ရာက (၂) ဦးသေ၊ (၃) ဦးဖမ်းမိခဲ့တာ မှာ ကျန် (၃) ဦးကတော့ ထွက်ပြေးလွှတ်မြောက်သွားခဲ့ပါတယ်။

တပ်မတော်အနေနဲ့ ခမောင်းဆိပ်နဲ့ တောင်ပြိုလက်ဝဲအကြားမှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ် လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

မောင်တောမြို့နယ်အတွင်း ကျေးရွာတွေမှာ ARSA အဖွဲ့တွေ ဝင်ရောက် လှုပ်ရှားနေကြောင်း သတင်းရရှိ လို့  တပ်မ တော် စစ်ကြောင်းက လိုအပ်တဲ့လုံခြုံရေး လုပ်ငန်းတွေဆောင်ရွက်စဉ် နိုဝင်ဘာလ ၂၁ ရက်မနက် (၉) နာရီကျော် လောက်မှာပစ်ခတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သတင်း ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိတဲ့ ARSA အဖွဲ့ဝင်တွေကိုတော့ ရဲအရေးပိုင် မဟုတ်တဲ့အတွက် အောင်ဇူ နယ်မြေခံ နယ်ခြား စောင့်တပ် ရဲစခန်းမှာဘဲ အပ်နှံစစ်ဆေးနေတယ်လို့ ရခိုင်ပြည်နယ် ရဲမှူးကြီး ကြည်လင်းက ပြောပါတယ်။

“ကျွန်တော်တို့ဆီမှာတော့ အဲတာမရှိသေးဘူးဗျ။ အဲတာနယ်ခြားစောင့်တပ်ဖွဲ့က ကိုင်တယ်ဆိုတော့လေ။ ရဲစခန်းဆိုတာ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှာဘဲ နယ်မြေရဲစခန်းတွေရှိတယ်ဗျ။ သူတို့အဲဒီမှာဘဲတရားစွဲပြီး အဲဒီ ကနေပြီးလုပ်ကြမှာ။”

မောင်တောခရိုင်ဦးစီးမှူး ဦးစိုးအောင်ကတော့ ARSA အဖွဲ့နဲ့ မြန်မာ့စစ်တပ်တို့အကြား ဖြစ်ပွား တဲ့ တိုက်ပွဲ ဖြစ်စဉ်ကို အသေးစိတ် မသိပေမဲ့ တိုက်ပွဲဖြစ်ပွားကြောင်း အတည်ပြု ပြောဆိုပါတယ်။

“ခမောင်းဆိပ်မှာ မဟုတ်ဘူး။ ခမောင်းဆိပ်ကြားထဲမှာ ဖြစ်တာ။ဖြစ်တော့ရဲကိုတော့ အပ်လိုက်ပြီ ပြောတယ်။ အဲဒီခမောင်းဆိပ်ကလဲ တအားဝေးတယ်။”

ARSA အဖွဲ့တွေအနေနဲ့ မောင်တောမြို့နယ်အတွင်းမှာ လုံခြုံရေးအဖွဲ့တွေကို တိုက်ခိုက်တာတွေ ရှိနေ တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်ပြောပါတယ်။

“အဲဒီဘက်ကတော့ တောင်ပြိုလက်ဝဲနဲ့ အဲဒီကြားထဲမှာ အရင်တုန်းကလဲ ကျွန်တော်တို့ သတင်းထုတ်ပြန် တာ ရှိပါတယ်။ ရဲကား မိုင်းဆွဲခံရတာ ရှိတယ်။ ရဲကား ပစ်ခတ်ခဲ့တာရှိတယ်။ ခမောင်းဆိပ်ကတော့ သူ့ထက် နည်းနည်း ကျတာပေါ့။ အဲဒီမှာတော့ ကျွန်တော်တို့ ARSA အဖွဲ့အနေနဲ့ စိမ့်ဝင်မှုတွေ လှုပ်ရှားမှုတွေတော့ ရှိပါတယ်။ ”

ဘင်္ဂလားဒေ့ရ်ှနိုင်ငံနယ်စပ်နဲ့ထိစပ်နေတဲ့ မောင်တောမြို့နယ်အတွင်းမှာARSA အဖွဲ့တွေကနေ မြန်မာတပ် မတော် နယ်ခြားစောင့်ရဲအဖွဲ့တွေကို မကြာခဏ ဆိုသလို ဗုံးခွဲတိုက်ခိုက်တာ ခြုံခို တိုက်ခိုက်တာ ပြုလုပ်လေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လမှာ မြန်မာ ဘင်္ဂလားဒေ့ရ်ှ နယ်စပ် မိုင်တိုင် (၄၀)မှာ မြန်မာနယ်ခြားစောင့် ကင်းစခန်းတခုကို ARSA အဖွဲ့ကတိုက်ခိုက်လို့ (၂)ဦး သေဆုံးခဲ့သလို ဇန်နဝါရီလမှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက် ခိုက် လို့ နယ်ခြားစောင့် တပ်ရဲ (၂)ဦးနဲ့ အင်ဂျင်နီယာတပ်က အလုပ်သမားတဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လ (၂၅)ရက်နေ့မှာ နယ်ခြားစောင့်စခန်း (၃၀) ဝန်းကျင်ကို လက်နက်ကိုင်ဆောင် ထားတဲ့ ARSA အမည်ခံ ရိုဟင်ဂျာအဖွဲ့တွေက အုပ်စုဖွဲ့တိုက်ခိုက်ခဲ့လို့ (၃၈) ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ် မတော် ရဲတပ်ဖွဲ့ ဝင် (၁၂)ဦး သေဆုံးခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီအခင်းဖြစ်ပွားပြီးနောက်ပိုင်း တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်တာမှာ ဒေသခံမူဆ လင် (၆)သိန်း ကျော် နေရပ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို တိမ်းရှောင်ပြီး ဒုက္ခသည်အဖြစ် နေထိုင်နေ ရပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အမည်ကို လက်မခံပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကို နိုင်ငံတ ကာအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာမှာ မြန်မာစစ်တပ်ဖက်က ဒေသခံရွာသား တော်တော်များများကို သတ်ဖြတ်မှု၊ ညှဉ်းဆဲမှု၊ ကျေးရွာတွေကို မီးရှို့မှုတွေ ပြုလုပ်ခဲ့တယ်လို့ နိုင်ငံတကာက ဝေဖန်ပြောဆိုမှု တွေ ရှိနေပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ်ရွာအရှေ့ဖက်မှာ ARSA အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ဝင် တွေကို မြန်မာစစ်တပ်ကနေ တွေ့ရှိပြီး ပစ်ခတ်တိုက်ခိုက်မှုအတွင်း ARSA ဘက်က ကျဆုံး အဖမ်းဆီးခံရမှုတွေ ရှိခဲ့ တယ်လို့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒီလို ပစ်ခတ် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ARSA အဖွဲ့ရဲ့ လက်နက် ပစ္စည်းတွေကိုလဲ သိမ်းဆီးရရှိခဲ့တယ်လို့ တပ်မ တော်ဖက်ကဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် က ဆက်သွယ်မေးမြန်းသတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းကနေ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA အဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ရှိပြီး ပစ်ခတ် ဖမ်းဆီးရမိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“မနေ့ကတော့ကျွန်တော်တို့ မောင်တော၊ ခမောင်းဆိပ်ကျေးရွာရဲ့အနောက်ဖက် မီတာ(၄၅၀၀)လောက်မှာ ARSA အကြမ်းဖက် သောင်းကျန်းသူ (၈) ဦးတွေ့ရှိတယ်။ ကျွန်တော်တို့ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ အလောင်း (၂) လောင်းနဲ့ အရှင် (၃) ယောက်ရပါတယ်။ ကျွန်တော်တို့ တလုံးထိုး သေနတ်တလက်။ တူးမီးသေနတ်တလက် ၊ ကျည်(၄) တောင့် လက်လုပ်မိုင်း(၂)လုံး လက်လုပ်မိုင်းကဆွဲမိုင်းပေါ့။ ကျွန်တော် တို့သိမ်းဆီးရထားတယ်။ အဲဒီမှာတော့ အခုတလော ကျွန်တော်တို့ အောင်ဇူနယ်မြေရဲစခန်းကို လွှဲအပ်ပြီး တော့ စစ်ဆေးမှုတွေ ဆောင်ရွက်လျှက် ရှိပါတယ်။”

တပ်မတော်နဲ့ ကနဦး ထိပ်တိုက်တွေ့ဆုံစဉ်မှာ ARSA အဖွဲ့ဝင် ၈ ဦးရှိခဲ့ရာက (၂) ဦးသေ၊ (၃) ဦးဖမ်းမိခဲ့တာ မှာ ကျန် (၃) ဦးကတော့ ထွက်ပြေးလွှတ်မြောက်သွားခဲ့ပါတယ်။

တပ်မတော်အနေနဲ့ ခမောင်းဆိပ်နဲ့ တောင်ပြိုလက်ဝဲအကြားမှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ် လို့  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

မောင်တောမြို့နယ်အတွင်း ကျေးရွာတွေမှာ ARSA အဖွဲ့တွေ ဝင်ရောက် လှုပ်ရှားနေကြောင်း သတင်းရရှိ လို့ တပ်မ တော် စစ်ကြောင်းက လိုအပ်တဲ့လုံခြုံရေး လုပ်ငန်းတွေဆောင်ရွက်စဉ် နိုဝင်ဘာလ ၂၁ ရက်မနက် (၉) နာရီကျော် လောက်မှာပစ်ခတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ကနေ သ တင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိတဲ့ ARSA အဖွဲ့ဝင်တွေကိုတော့ ရဲအရေးပိုင် မဟုတ်တဲ့အတွက် အောင်ဇူ နယ်မြေခံ နယ်ခြား စောင့် တပ် ရဲစခန်းမှာဘဲ အပ်နှံစစ်ဆေးနေတယ်လို့ ရခိုင်ပြည်နယ် ရဲမှူးကြီး ကြည်လင်းက ပြောပါတယ်။

“ကျွန်တော်တို့ဆီမှာတော့ အဲတာမရှိသေးဘူးဗျ။ အဲတာနယ်ခြားစောင့်တပ်ဖွဲ့က ကိုင်တယ်ဆိုတော့လေ။ ရဲစခန်းဆိုတာ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှာဘဲ နယ်မြေရဲစခန်းတွေရှိတယ်ဗျ။ သူတို့အဲဒီမှာဘဲတရားစွဲပြီး အဲဒီကနေပြီးလုပ်ကြမှာ။”

မောင်တောခရိုင်ဦးစီးမှူး ဦးစိုးအောင်ကတော့ ARSA အဖွဲ့နဲ့ မြန်မာ့စစ်တပ်တို့အကြား ဖြစ်ပွား တဲ့ တိုက်ပွဲ ဖြစ် စဉ်ကို အသေးစိတ် မသိပေမဲ့ တိုက်ပွဲဖြစ်ပွားကြောင်း အတည်ပြု ပြောဆိုပါတယ်။

“ခမောင်းဆိပ်မှာ မဟုတ်ဘူး။ ခမောင်းဆိပ်ကြားထဲမှာ ဖြစ်တာ။ဖြစ်တော့ရဲကိုတော့ အပ်လိုက်ပြီ ပြောတယ်။ အဲဒီခမောင်းဆိပ်ကလဲ တအားဝေးတယ်။”

ARSA အဖွဲ့တွေအနေနဲ့ မောင်တောမြို့နယ်အတွင်းမှာ လုံခြုံရေးအဖွဲ့တွေကို တိုက်ခိုက်တာတွေ ရှိနေ တယ်လို့  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်ပြောပါတယ်။

“အဲဒီဘက်ကတော့ တောင်ပြိုလက်ဝဲနဲ့ အဲဒီကြားထဲမှာ အရင်တုန်းကလဲ ကျွန်တော်တို့ သတင်း ထုတ်ပြန် တာ ရှိပါတယ်။ ရဲကား မိုင်းဆွဲခံရတာ ရှိတယ်။ ရဲကား ပစ်ခတ်ခဲ့တာရှိတယ်။ ခမောင်းဆိပ်ကတော့ သူ့ထက် နည်းနည်း ကျတာပေါ့။ အဲဒီမှာတော့ ကျွန်တော်တို့ ARSA အဖွဲ့အနေနဲ့ စိမ့်ဝင်မှုတွေ လှုပ်ရှားမှုတွေတော့ ရှိပါတယ်။ ”

ဘင်္ဂလားဒေ့ရ်ှနိုင်ငံနယ်စပ်နဲ့ထိစပ်နေတဲ့ မောင်တောမြို့နယ်အတွင်းမှာARSA အဖွဲ့တွေကနေ မြန်မာတပ် မတော် နယ်ခြားစောင့်ရဲအဖွဲ့တွေကို မကြာခဏ ဆိုသလို ဗုံးခွဲတိုက်ခိုက်တာ ခြုံခို တိုက်ခိုက်တာ ပြုလုပ်လေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လမှာ မြန်မာ ဘင်္ဂလားဒေ့ရ်ှ နယ်စပ် မိုင်တိုင် (၄၀)မှာ မြန်မာနယ်ခြားစောင့် ကင်းစခန်းတခုကို ARSA အဖွဲ့ကတိုက်ခိုက်လို့ (၂)ဦး သေဆုံးခဲ့သလို ဇန်နဝါရီလမှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် လို့ နယ်ခြားစောင့် တပ်ရဲ (၂)ဦးနဲ့ အင်ဂျင်နီယာတပ်က အလုပ်သမားတဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လ (၂၅)ရက်နေ့မှာ နယ်ခြားစောင့်စခန်း (၃၀) ဝန်းကျင်ကို လက်နက်ကိုင်ဆောင် ထားတဲ့ ARSA အမည်ခံ ရိုဟင်ဂျာအဖွဲ့တွေက အုပ်စုဖွဲ့တိုက်ခိုက်ခဲ့လို့ (၃၈) ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော် ရဲတပ်ဖွဲ့ ဝင် (၁၂)ဦး သေဆုံးခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီအခင်းဖြစ်ပွားပြီးနောက်ပိုင်း တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်တာမှာ ဒေသခံမူဆ လင် (၆)သိန်း ကျော် နေရပ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို တိမ်းရှောင်ပြီး ဒုက္ခသည်အဖြစ် နေထိုင်နေ ရပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အမည်ကို လက်မခံပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကို နိုင်ငံတ ကာအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာမှာ မြန်မာစစ်တပ်ဖက်က ဒေသခံရွာသား တော်တော်များများကို သတ်ဖြတ်မှု၊ ညှဉ်းဆဲမှု၊ ကျေးရွာတွေကို မီးရှို့မှုတွေ ပြုလုပ်ခဲ့တယ်လို့ နိုင်ငံတကာက ဝေဖန်ပြောဆိုမှု တွေ ရှိနေပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */