ဗွီအိုအေ (မြန်မာပိုင်း)
09 အောက်တိုဘာ၊ 2019
09 အောက်တိုဘာ၊ 2019
ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို ခရီးသွားရင်း ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၃၀ ကို ချက် ခြင်း ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Human Rights Watch က တောင်းဆိုလိုက်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံပြီး လွတ်လပ်စွာ သွားလာခွင့်တွေကို ကန့်သတ်ထားတာတွေကို အစိုးရ က ဖယ်ရှားဖို့လည်း ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။
ရိုဟင်ဂျာ ၃၀ ကိုတော့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ငရုတ်ကောင်းမြို့အဝင်ဂိတ်မှာ စက်တင်ဘာ ၂၆ ရက်နေ့က ဖမ်းဆီးမိခဲ့တာဖြစ်ပြီး ဒီလဆန်းမှာပဲ မှတ်ပုံတင်အက်ဥပဒေ ချိုးဖောက်မှုနဲ့ တရားရုံးက အပြစ် ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအထဲက အမျိုးသား ၆ ဦး အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၂၁ ဦးကိုတော့ ထောင်ဒဏ် ၂ နှစ်စီ အပြစ်ပေးခဲ့ပြီး အရွယ်မရောက်သေးသူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၈ ယောက်ကိုတော့ လူငယ်ပြုပြင်ရေးကျောင်းမှာ ၂ နှစ် ထိန်းသိမ်းထားဖို့ အမိန့်ချခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ပါဝင်တဲ့ ၅ နှစ်အရွယ် ကလေးတယောက်နဲ့ ပတ်သက်လို့တော့ ဆုံးဖြတ်ချက် မချ ရသေး ကြောင်းလည်း HRW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ HRW အာရှရေးရာ ဒါရိုက်တာ Brad Adams ကတော့ မြန်မာအာဏာပိုင်တွေဟာ ရိုဟင်ဂျာတွေကို ကိုယ့်အိမ်မှာပဲနေနေ ခရီးပဲသွားသွား အရေး ယူအပြစ်ပေးဖို့ ရည်ရွယ်ထားပုံရတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဝေဖန်ခဲ့တာပါ။
ဖမ်းဆီးခံရသူ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေး စုစုပေါင်း လူ ၃၀ ဟာ နှစ်ပေါင်းများစွာ ဖိနှိပ်မှုတွေအောက် က လွတ်မြောက်ဖို့ ကြိုးစားခဲ့ကြသူတွေသာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်ခံမထားပါဘူး။

Link : Here
No comments:
Post a Comment