ဘီဘီစီ မြန်မာပိုင်း
18 ဧပြီ 2014
မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို လူကုန်ကူး ရောင်းစားခဲ့တဲ့ အမှုမှာ ထိုင်းရေ တပ် စစ်သားတွေ ပါဝင် ကြောင်း ဖော်ထုတ်ရေးသားခဲ့တဲ့ သတင်း ဆောင်းပါး အတွက် ရိုက်တာစ် သတင်း ထောက် ၂ ယောက်ကို နိုင်ငံတကာ သတင်း ပူလစ်ဇာ ဆုချီးမြှင့်လိုက်တဲ့ အချိန်မှာပဲ ထိုင်းနိုင်ငံ အခြေစိုက် တခြား ရိုက်တာစ် သတင်းထောက် ၂ ယောက်ကိုတော့ အဲဒီ သတင်းကို ကူးယူ ဖော်ပြခဲ့တဲ့ အတွက် ထိုင်း တရားရုံးက တရားစွဲဆိုလိုက်ပါတယ်။
အဲဒီသတင်းထောက် ၂ ဦးကတော့ သြစတြေးလျ နိုင်ငံသား အယ်ဒီတာ Alan Morison နဲ့ ထိုင်းနိုင်ငံသူ သတင်းသမား Chutima Sidasathien တို့ ဖြစ်ကြပါတယ်။
ရိုက်တာစ် သတင်းထောက်တွေ ပူလစ်ဇာဆု ရခဲ့တဲ့ ထိုင်းနိုင်ငံရောက် ရိုဟင်ဂျာ မွတ်ဆလင်တွေကို လူကုန် ကူး ရောင်းချခဲ့ကြောင်း သတင်းဆောင်းပါးကို ဖူးခက်ဝမ် ဆိုတဲ့ အင်တာနက် သတင်းစာမျက်နှာမှာ ဖော်ပြခဲ့ တဲ့ အတွက် သူတို့ကို တရားစွဲဆိုထားတာဖြစ်ပါတယ်။
အသရေဖျက်မှု ဆိုတဲ့ ရာဇဝတ် ပြစ်မှု၊ ကွန်ပြူတာ ဆိုင်ရာ ရာဇဝတ်ပြစ်မှု စတာတွေနဲ့ သူတို့ကို တရား စွဲဆိုထားတာလို့ သိရပါတယ်။
သူတို့ ၂ ဦးကို နောက်တခါ ရုံးချိန်းအနေနဲ့ မေလ ၂၆ ရက်နေ့မှာ ထပ်မံ ချိန်းဆိုထားပြီး လောလော ဆယ် တော့ ဘတ်ငွေ တသိန်းစီနဲ့ အာမခံ ပေးထားပါတယ်။
Link : Here

No comments:
Post a Comment