Monday, September 9, 2019

ဘင်္ဂလားဒေ့ရှ် တက္ကသိုလ် ရိုဟင်ဂျာ လက်မခံ

VOA
09 စက်တင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းအတွင်း စာသင်ကြားနေသည့် ရိုဟင်ဂျာဒုက္ခသည် ကလေးငယ်များ။ (ဧပြီ ၉၊ ၂၀၁၉)

ရိုဟင်ဂျာဖြစ်နေတဲ့အတွက် ဘင်္ဂလားဒေ့ရှ် တက္ကသိုလ်တခုက ကျောင်းသူတဦးကို ကျောင်းထုတ်လိုက်ကြောင်း တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည်တွေကို တရားဝင် ပညာရေးစနစ်မှာ သင်ကြားခွင့် ပိတ်ပင်ထားတာပါ။ အသက် ၂၀ အရွယ် Rahima Akter Khushi ကို ကောဇ့်ဘဇားက International တက္ကသိုလ်ကနေ ကျောင်းထုတ်လိုက်တာ ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်ခွင့်အတွက် Rahima Akter Khushi က သူမရဲ့ဇာစ်မြစ်ကို ဖုံးကွယ်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတခုက ဖော်ပြပြီးနောက် ဒီကျောင်းသူရဲ့ အရေးကိစ္စကို စုံစမ်းစစ်ဆေးမယ်လို့လည်း International တက္ကသိုလ်က ပြော ဆိုထားပါတယ်။

ဒုက္ခသည်တွေ ဖြစ်နေတဲ့အတွက် ရိုဟင်ဂျာတွေက ဒီတက္ကသိုလ်ကို တက်လို့မရဘူးလို့လည်း တက္ကသိုလ်အကြီးအကဲ ABUL Kashem က ပြောပါတယ်။ နိုင်ငံခြားသားတွေအနေနဲ့ တက်ရောက်သင်ကြားနိုင်ပေမယ့် သတ်မှတ်ချက်တွေ အတိုင်း လိုက်နာဆောင်ရွက်ရမယ်လို့လည်း ပြောပါတယ်။ ဒီကျောင်းသူက စစ်တကောင်းကနေ အထက် တန်းကျောင်း အောင်ခဲ့ပါတယ်ဆိုတဲ့ ထောက်ခံချက် စာရွက်စာတမ်းတွေ တင်ပြခဲ့တယ်လို့လည်း သူက ပြောပါတယ်။

အခုကျောင်းထုတ်ခံရတဲ့ Khushi ကတော့ ပုဂ္ဂလိက တက္ကသိုလ်မှာ ဥပဒေ ဘာသာရပ်ကို သင်ယူနေတာဖြစ်ပြီး ကျောင်းရဲ့ဆုံးဖြတ်ချက်ကြောင့် စိတ်ထိခိုက်ရတယ်လို့ AFP သတင်းအေဂျင်စီကို ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား ဒုက္ခသည်တွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်က ဒုတိယအကြိမ် မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် အခုလို ကျောင်းထုတ်တဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေ ရပ်ဖို့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရက ညွှန်ကြားထားပါတယ်။ မြန်မာဘက်ကတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို စိစစ်ပြီး လက်ခံဖို့ သဘောတူထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံပါဘူး။

 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */