Tuesday, September 24, 2019

ရခိုင်ပြည်နယ်အရေး တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ၃ ပွင့် ဆိုင်ဆွေးနွေး

VOA
 ဗွီအိုအေ (မြန်မာဌာန)
24 စက်တင်ဘာ၊ 2019 
ရခိုင်ပြည်နယ်အရေး တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ၃ ပွင့်ဆိုင်ဆွေးနွေး (ဓါတ်ပုံ-CCTV)
 
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ မြန်မာ၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံက အစိုးရအရာ ရှိတွေ တနင်္လာနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ အပြန်ဘန်းမှာ သီးခြားတွေ့ဆုံခဲ့ကြပြီး ရခိုင်အရေး ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အချက်သုံးချက်အပေါ် သဘောတူညီမှု ရယူခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေနေရပ်ပြန်ဖို့ အရေးကြီးတယ်ဆိုတာကို သုံးနိုင်ငံစ လုံးက လက်ခံပြီး ဒါကို အမြန်ဆုံးဆောင်ရွက်သွားဖို့၊ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံခြားရေးဌာနတွေရဲ့ ညွန် ကြားမှုတွေနဲ့အညီ ပူးပေါင်းဆောင်ရွက် သွားနိုင်ဖို့အတွက် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဖို့နဲ့ ရခိုင်ပြည် နယ်အရေး ပြဿနာ ကိုင်တွယ်ဖြေရှင်းရာမှာ ဒေသ ဖွံ့ဖြိုး တိုးတက်ရေးကို အဓိက ဦးစားပေးဆောင်ရွက်သွားဖို့ သုံးနိုင်ငံကအရာရှိတွေ သဘောတူခဲ့ကြတဲ့အကြောင်း တရုတ်အစိုးရ Xinhua သတင်းမှာ ဖော်ပြထားပါတယ်။

ရှေ့ဆက် အပြန်အလှန် ဆက်သွယ်ပြောဆိုမှုတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဒုက္ခသည်တွေ နေရပ် အမြန်ဆုံး ပြန် နိုင်ရေး ဆောင်ရွက်သွားဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဒီတွေ့ဆုံပွဲအတွင်း တိုက်တွန်း ပြော ဆိုခဲ့သလို၊ မိတ်ဆွေ နိုင်ငံတွေ ဖြစ်ကြတဲ့အတိုင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို လိုအပ်တဲ့ အကူအညီ အထောက်အပံ့တွေ ပေးသွားဖို့ တရုတ်အစိုးရက အဆင်သင့် ရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

တရုတ် နိုင်ငံတော် ကောင်စီဝန်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Wang Yi ဦးဆောင်ပြီး မြန်မာ နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ နဲ့ ဘင်္ဂလားဒေ့ရှ်နိင်ငံခြားရေးဝန်ကြီး AK Abdul Momen အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener တို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */