" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, September 1, 2019

ဂူတာပြင်ဖြစ်ရပ် စုံစမ်းရေးတွေ့ရှိချက် စစ်တပ် ဆက်လက်အရေးယူမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်
01 စက်တင်ဘာ၊ 2019
  ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာအချို့ မီးရှို့ဖျက်ဆီးခံရသည်ကို ကြည့်ရှုနေသည့် ဒေသခံများ။ (ဓာတ်ပုံ - KM Asad/AFP/Getty Images)
၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလက တွေ့ရှိခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဂူတာပြင်ကျေးရွာ နားက အစုလိုက် အပြုံ လိုက် မြှုပ်ထားတဲ့ ရုပ်အလောင်းတွေရဲ့ အမှုကို စစ်ဘက်ဆိုင်ရာ တရားရုံးက စစ်ဆေးသွားမှာဖြစ် ကြောင်း မနေ့ သြဂုတ်လ ၃၁ ရက်နေ့က တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဥပဒေကျွမ်းကျင်သူတွေဘက်ကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖိ အားတွေကို ရှောင်လွဲှလိုတဲ့ စစ်တပ်ရဲ့ ဟန်ပြလုပ်ရပ်သာ ဖြစ်နိုင်တယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

၂၀၁၈ခုနှစ် ဖေဖေဖေါ်ဝါရီလက တွေ့ရှိခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဂူတာပြင်ကျေးရွာနားက ရုပ်အေ လာင်းတွေ အစုလိုက်အပြုံလိုက်မြှုပ်ထားတဲ့ အမှုမှာ ဗိုလ်ချုပ် မြတ်ကျော် ဦးဆောင်တဲ့ တပ်မတော်စုံစမ်း စစ်ဆေးရေးခုံရုံး စစ်ဆေးတွေ့ရှိချက်အရ တာဝန်ရှိသူတွေကို စစ်စည်းကမ်းအရ အရေးယူဖို့ အခြေအနေေတွေ့ရှိခဲ့ပြီး စစ်တ ရားရုံးဘက်က ဆက်လက်ကိုင်တွယ် စစ်ဆေးသွားမယ်လို့ တပ်မတော်ဘက်က မနေ့ သြဂုတ်လ (၃၁)ရက်နေ့က သတင်းထုတ်ပြန်ခဲ့တာပါ။

၂၀၁၉ ခုနှစ် မတ်လက တပ်မတော်နည်းဥပဒေနဲ့အညီ ဖွဲ့စည်းခဲ့တဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် မြတ်ကျော် ဦးဆောင်တဲ့ စုံ စမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) အဖွဲ့ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေတွေ မှာ ဇူလိုင်လ ၁၅ ရက်နေ့ကနေ သြဂုတ်လ ၅ ရက်နေ့အထိ ဒုတိယအကြိမ် သွားရောက်စစ်ဆေးခဲ့ကြောင်း မနေ့က တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စုံစမ်းစစ်ဆေးရေးခုံရုံးက စစ်ဆေးခဲ့တဲ့ နှစ်ကြိမ်အတွင်း တွေ့ရှိချက်တွေအရ ဂူတာပြင်ကျေးရွာ ဖြစ်စဉ်အချို့မှာ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ အားနည်းခဲ့တဲ့အတွက် စစ်စည်းကမ်းအရ အရေးယူဖို့ တွေ့ ရှိခဲ့ရကြောင်းနဲ့ စစ်တရားရုံး (Court-Martial) အနေနဲ့ စစ်ဘက်တရားစီရင်ရေးအတိုင်း ဆက်လက်ဆောင်  ရွက်သွားမှာဖြစ်ကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာဝန်းကျင်မှာ ရာနဲ့ချီတဲ့ ရုပ်အလောင်းတွေ မြှုပ်ထား တယ် လို့ AP သတင်းဌာနက ၂၀၁၈ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီလို ပြင်းထန်လှတဲ့ ပြစ်မှုကျူး လွန်မှုတွေနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်က ဝန်ခံ ကိုင်တွယ်လာတာဟာ နိုင်ငံတကာ အသိုင်း အဝိုင်းရဲ့ ဖိအားပေးမှုကို လျော့ကျစေဖို့အတွက် ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Mark Farmaner က မြင်ပါတယ်။

“ဖိအားပေးမှုတွေ ထိရောက်တယ်ဆိုတာ ပြနေတယ်လို့ ကျနော်မြင်ပါတယ်။ စစ်တပ်အနေနဲ့ စိုးရိမ်မှုတွေ ရှိနေသလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကနေ နိုင်ငံတကာ ဥပဒေနဲ့အညီ စစ်ဆေးစီရင်မှာကို စိုးရိမ်မှုတွေ ရှိနေတာပါ။ သူတို့အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကြိုး စားပြီး လုပ်ပြနေတာက စစ်မှန်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို စစ်တပ်က ဆောင်ရွက်နေတယ်ဆိုတာပါ။ နိုင်ငံ တကာ အသိုင်းအဝိုင်းရဲ့ ဖိအားတချို့ကို ရှောင်လွဲှဖို့ သူတို့ စစ်တရားရုံးကနေ ဥပဒေနဲ့အညီ စစ်ဆေးကိုင် တွယ်မယ်ဆိုပြီး လုပ်ပြတာဖြစ်ပါတယ်။”

ဒါပေမယ်လို့ ပြဿနာရှိနေတာက စစ်တပ်က ဒီလိုလုပ်ပြတဲ့ပုံစံမျိုး အရင်က တွေ့မြင်ခဲ့ကြရပြီးသားလို့ Mark Farmaner က ဆိုပါတယ်။

“စစ်သားတွေနဲ့ လုံခြုံရေးတပ်သားတွေမှာ အပြစ်ရှိတယ်ဆိုပြီး ထောင်ဒဏ်စီရင်ချက် ချမှတ်ခဲ့ပေမယ့် လအနည်း ငယ်အကြာမှာ သူတို့ကို တိတ်တဆိတ် လွှတ်ပေးခဲ့တာပါ။ နောက်ပြီး အောက်ခြေအဆင့် စစ်သားတွေ လောက်ကိုပဲ ပြစ်ဒဏ်ချမှတ်တာမျိုး ရှိခဲ့ပြီး ရွာတွေနဲ့ အရပ်သားတွေကို တိုက်ခိုက်ဖို့ အမိန့်ပေးစေခိုင်းတဲ့ စစ်တပ် အ ထက်အရာရှိတွေအနေနဲ့ တရားရုံးတင် စစ်ဆေးတာမျိုး တခါမှ မရှိခဲ့ဖူးပါဘူး။”

အလားတူ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ ရှေ့နေ ဦးမင်းလွင်ဦးကလည်း စစ်ခုံ ရုံးဖွဲ့ စစ်ဆေးချက်တွေကို အများပြည်သူ မသိရတဲ့အတွက် တပ်မတော်ရဲ့ စစ်ဆေးမှုတွေကို ယုံကြည်ရ ခက် တယ်လို့ အခုလို ထောက်ပြပါတယ်။

“နိုင်ငံတကာကနေ ဖိအားပေးလာတယ် ဆိုတော့မှ အဖွဲ့တွေ့စေလွှတ်ပြီး စုံစမ်းစစ်ဆေးတယ်။ ပြီးတဲ့အခါ ကျေ တာ့ စစ်ခုံရုံးမှာပဲ အကျဉ်းနည်းနဲ့ စုံစမ်းစစ်ဆေးပြီးတော့ ပြစ်ဒဏ်ပေးလိုက်ရတယ်။ အဲတော့ မှုခင်းဖြစ် ခဲ့ တယ်ဆိုတာ ဘာဖြစ်ခဲ့တယ်ဆိုတာကို အပြင်ကလူတွေလည်း ဘယ်သူမှ သိခွင့်မရှိဘူး။ အဲတော့ ဖွဲ့စည်း ပုံအခြေခံဥပ ဒေအရ တပ်မတော်နဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို စစ်တရားရုံးနဲ့သာ စစ်ဆေးစီရင်မယ်၊ ကာကွယ် ရေး ဦးစီးချုပ်ရဲ့ အ မိန့် အဆုံးအဖြတ်က နောက်ဆုံးအတည်ဖြစ်တယ်လို့ ဆိုထားတဲ့အတွက် ကျနော်တို့ ရှေ့ မှာတုန်းက သုံးခါလောက် စစ်ဆေးစီရင်ပြီးတဲ့ ဖြစ်ရပ်တွေမှာ တချို့လည်း စစ်တရားရုံးကနေ အမြင့်ဆုံး ပြစ် ဒဏ် ပေးလိုက်တယ်လို့သာ ပြောတယ်။ အဲဒီလူတွေက နောက်ပိုင်းကျတော့ တပ်မတော်ရဲ့ အရန်အင် အား အဖွဲ့တွေထဲမှာ ပြန်ပါတာတွေလည်းကျနော်တို့ တွေ့နေရတယ်။ အဲတော့ ကျနော်တို့ကတော့သိပ်ပြီးတော့ အယုံအကြည်တော့ မရှိပါဘူး။”

တဖက်မှာလည်း အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာကနေ စစ်ခေါင်းဆောင်တွေကို သီးသန့်ပစ် မှတ်ထား ပိတ်ဆို့လာမှုကို မြန်မာစစ်ဗိုလ်ချုပ်တွေဘက်က စိုးရိမ်မကင်းဖြစ်လာတဲ့ အခြေအနေ ရှိနေတယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

“အမေရိကန်ကနေပြီးတော့ တပ်မတော်ခေါင်းဆောင်တွေကို ဖိအားပေးလာတယ်။ ပြည်ဝင်ခွင့်တွေ ပိတ်လာ တယ်။ ဦးပိုင်နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ ဖိအားပေးလာတာတွေရှိတယ်။ ဒါတွေဖြစ်လာတဲ့ အခါကျတော့ ကဲ ငါတို့ မလုပ်ရင်တော့ မရဘူး၊ နည်းနည်းတော့ လုပ်ပြမှရမယ်ဆိုတဲ့ သေ ဘာနဲ့ အခုလိုမျိုး၊ ယခင်ကတည်းက သိပြီးတဲ့ အကြောင်းအရာတွေ ပေါ်မှာပဲ အရေးယူမှုတခု ထပ်လုပ် ပြတယ်လို့ပဲ ကျနော်က တော့ မြင်ပါတယ်။”

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့တဲ့ AP သတင်းမှာတော့ ဂူတာပြင်ကျေးရွာနားမှာ ရာနဲ့ချီ ရုပ်အလောင်း တွေ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာ ၅ နေရာ ရှိတဲ့အကြောင်း၊ ဒီလူတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး အလောင်းတွေကို မမှတ်မိအောင် မျက်နှာကို အက်စစ် လောင်းထားတာ၊ သေနတ်တွေနဲ့ ပစ်ခတ် ဖျက်ဆီးထားတာမျိုး ရှိတယ်လို့ မျက်မြင်သက်သေတွေနဲ့ ဂြိုဟ်တု ဓာတ်ပုံတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

အဲဒီလို AP သတင်းဌာနရဲ့ ဖော်ပြချက်ကြောင့် မြန်မာအစိုးရဘက်က သွားရောက်စုံစမ်းခဲ့ပြီး တုံ့ပြန်ခဲ့ရာမှာ၂၀၁၇ သြဂုတ်လ ၂၇ ရက်နေ့တုန်းက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းချိန် ဂူတာပြင်ရွာမှာ အကြမ်းဖက်သ မားတွေ အပါအဝင် ရွာသား ၅၀၀ လောက်နဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့တဲ့အကြောင်း၊ အဲဒီတိုက်ပွဲအတွင်းအကြမ်း ဖက်သမား အလောင်း ၁၉ လောင်း ရတဲ့အကြောင်း၊ အဲဒီ အလောင်းတွေကိုတော့ စနစ် တကျ မြှုပ်နှံသဂြိုဟ်ခဲ့တာရှိကြောင်း၊ ဒါပေမယ့် AP သတင်း ဖော်ပြချက်ကတော့ မှားယွင်းကြောင်း ပြန် လည်ရှင်းလင်းခဲ့ပါတယ်။

၂၀၁၉ မတ်လ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ စုံစမ်းစစ်ဆေးရေး ခုံရုံး ဖွဲ့စည်းကြောင်း ကြေ ညာချက်မှာတော့ ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်စပ်ဖြစ်ခဲ့တဲ့ ဖြစ် စဉ်တွေ အပေါ်မှာ စစ်တပ်ရဲ့ ကိုယ်ပိုင် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာတွေအပေါ် စစ်ဥပဒေချုပ်ရုံးက လေ့ လာသုံးသပ် အကြံပြုချက်အရရော၊ နောက် နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ Human Rights Watch အဖွဲ့၊ Amnesty International အဖွဲ့နဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ Fact Finding Mission တို့က စွပ်စွဲရေးသားထားတဲ့ အစီရင်ခံစာတွေအပေါ်မှာ စစ်ဥပဒေချုပ်ရုံးက လေ့လာသုံးသပ် အကြံပြု ချက် အရရော ထပ်မံစိစစ် အ တည်ပြုဖို့ လိုအပ်လာတဲ့အတွက် တပ်မတော်အနေနဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */