Thursday, July 25, 2019

မောင်တောမြို့နယ်တွင် ဖမ်းမိသည့် ဘင်္ဂါလီများကို လဝကဥပဒေဖြင့် အမှုဖွင့်

DVB
By DVB
25 July 2019
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ မြင်းလွှတ်ကမ်းခြေမှာ ဇူလိုင် ၇ ရက် မနက်ပိုင်းက ဖမ်းဆီးခဲ့ တဲ့ ဘင်္ဂါလီ ၆၂ ယောက်ထဲက ၂၇ ယောက်ကို လဝက ဥပဒေပုဒ်မ ၁၃(၁)နဲ့ အမှုဖွင့် အရေးယူလိုက်ပါတယ်။
အလယ်သံကျော် နယ်မြေစခန်းမှူး အောင်ကျော်မိုးက “၆၂ ဦးမှာ ၂၇ ဦးက မြန်မာပြည်တွင်း စစ်တွေဒုက ္ခသည်စခန်းတွေက လူတွေဖြစ်တယ်။ သူတို့ကို လဝက ဥပဒေပုဒ်မ ၁၃(၁)နဲ့ ငြိစွန်းတဲ့အတွက် တရားစွဲဆိုနိုင် ဖို့ မနေ့က မောင်တောမြို့နယ်တရားရုံးမှာ ရမန်ယူခဲ့ပါတယ်”လို့ ပြောပါတယ်။

ဖမ်းဆီးရမိသူတွေထဲမှာ အမျိုးသမီး ၃၄ ဦးနဲ့ အမျိုးသား ၂၈ ဦး စုစုပေါင်း ၆၂ ဦးပါဝင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အုန်းကျွန်းအနီး ရေမိုင် ၁၀ မိုင်ခန့်အကွာမှာ ငါးဖမ်းစက်လှေတစီးက ကျောက်ချရပ်နား ကာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာဘက်က ဘင်္ဂလီ ၆၂ ဦးအား တဦးကို မြန်မာငွေ ကျပ် ၁၇ သိန်းနဲ့ တင်ဆောင်လာ ကာ မလေးရှားရေပိုင်နက်သို့ ပို့ဆောင်စဉ် မိုးသက်လေပြင်းမိပြီး စက်လှေနောက်ပိုင်း နစ်မြုပ်တဲ့အ တွက် မြင်းလွှတ်ပင်လယ်ပြင်အနီးကမ်းခြေသို့ ကပ်လာစဉ် ဖမ်းဆီးရမိခဲ့တာပါ။

အဆိုပါ စက်လှေမှာ လှေသမားတွေနဲ့အတူ HK 33 သေနတ်တလက်နဲ့ ကျည် ၉၉ တောင့်တွေကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းမိသူတွေထဲက မြန်မာနိုင်ငံသားတွေကိုတော့ လဝက အက်ဥပဒေပုဒ်မ ၁၃(၁)နဲ့ အမှုဖွင့်ထားပြီး ကျန်လူတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့နိုင်ငံသို့ လွှဲပြောင်းပေးမှာဖြစ်တယ်လို့ မောင်တောခရိုင် လူကုန်ကူးရဲတပ်ဖွဲ့ ရဲအုပ်စံမင်းက ပြောပါတယ်။

အမှုဖွင့်ခံရတဲ့ ဘင်္ဂလီ ၂၇ ဦးကတော့ စစ်တွေမြို့နယ်ရှိ ဆေးသမားကြီး၊ ဖွေတာကုန်း၊ စခန်းကွဲ၊ ဘောမူဂေါ်၊ ဓားပိန် စတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေဖြစ်ကြပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး စစ်တွေမြို့နေ ဟာမက် တူဆောင်း(ခ)ကျော်လှနဲ့ မိခင် အဏ္ဏဝါဘေဂွန်(ခ) အန်နုဝါဖာ ဂွန် တို့ကို အလယ်သံကျော်နယ် မြေရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇/၃၇၁/၁၁၄ တို့အရ ( ကျွန်ပြု ရန် လူခိုးမှု၊ ကျွန်ရောင်းဝယ်မှု၊ အားပေးကူညီမှု)နဲ့ အရေးယူထားပါတယ်။

ဒါ့အပြင် ကော့သောင်းမြို့မှာနေထိုင်တဲ့ စက်လှေလုပ်သား ၄ ဦး ဖြစ်တဲ့ ဇော်လတ် (၃၅ နှစ်)၊ ကျော်ဇင်သန့် (၁၉ နှစ်)၊ ဦးဆွေလတ် (၃၆ နှစ်)၊ ကျော်စိုးထွန်း (၂၃ နှစ်)နဲ့ ဟာမက်တူဆောင်း (ခ)ကျော်လှတို့ကိုလည်း လက်နက်ဥပဒေ ပုဒ်မ ၁၉(စ)အရ မောင်တောခရိုင် လူကုန်ကူးရဲတပ်ဖွဲ့ ရဲအုပ်စံမင်းက တရားလိုပြုလုပ် အမှုဖွင့်ထားပါတယ်။

ကောင်းကောင်း

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */