လွတ်လပ်တဲ့ အာရှအသံ
■ မလေးရှားရောက် ရိုဟင်ဂျာမွတ်စလင်တွေဆီကနေ ငွေကောက်ခံသူလေးဦးကို မလေးရှား အကြမ်းဖက် တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်ဆိုပြီး South China Morning Post သတင်းစာမှာ ရေးသား ချက်ဟာ အခြေအမြစ်မရှိတဲ့ ရေးသားချက်၊ တဆင့်စကား ကြားတာတွေကို ရေးထားသာဖြစ်တယ်လို့ ARSA ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်က ငြင်းဆိုလိုက်ပါတယ်။
မလေးရှားအစိုးရကို ရည်ညွန်းပြီး Twitter အင်တာနက်ကတဆင့် အင်္ဂလိပ်ဘာသာနဲ့ မနေ့က သတင်းထုတ် ပြန်လိုက်တာပါ။
ARSA အဖွဲ့ဟာ မလေးရှားနိုင်ငံအတွင်းက ပြည်နယ် ၇ ခုမှာ လှုပ်ရှားနေပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေကို ခြိမ်းcခြောက် ငွေကြေးကောက်ခံနေတယ်ဆိုပြီး ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းcဌာနက ဇူလိုင်လ ၂၂ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
မိမိတို့အဖွဲ့ဟာ မြန်မာအကြမ်းဖက်အစိုးရနဲ့ လူမျိုးတုံး သုတ်သင်တဲ့ စစ်တပ်ကလွဲရင် ဘယ်တိုင်းပြည်ကိုမှ ခြိမ်းcခြောက်တာ မရှိဘူး ဆိုတဲ့အကြောင်းကို Twitter လူမှုကွန်ရက်က တဆင့် နိုင်ငံတကာ အသိုင်းအဝိုင်း သိအောင် ထပ်တလဲလဲ ပြောကြားခဲ့ပြီး ဖြစ်တယ်လို့ ARSA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ARSA ဟာ မိမိတို့ရဲ့ဘိုးဘွားပိုင်မြေဖြစ်တဲ့ ရခိုင်ဒေသကို ကျော်လွန်ပြီး ဘယ်နေရာမှာမှ လှုပ်ရှားနေတာမရှိ ဘူးလို့လည်း ဆိုပါတယ်။ မလေးရှားအစိုးရကိုလည်း အခြေအမြစ်မရှိတဲ့ ချဲ့ကားစွပ်စွဲချက် သတင်းတွေကို မယုံဖို့ တောင်းဆိုထားပါတယ်။
မလေးရှားနိုင်ငံအနေနဲ့ ဂျီနီဗာသဘောတူစာချုပ်မှာ ပါဝင် လက်မှတ်ထိုးမထားပေမယ့် လူမျိုးတုန်းသတ်ဖြတ် မှုဘေးက လွတ်မြောက်လာသူတွေကို လက်ခံထားတဲ့အတွက် မလေးရှားနိုင်ငံနဲ့ အာစီယံအဖွဲ့ကို ကျေးဇူး တင်ကြောင်းလည်း ARSA ရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
RFA
No comments:
Post a Comment