" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, July 4, 2019

ကန်လွှတ်တော်ဆပ်ကော်မတီ ဥက္ကဌ ရခိုင်အရေး အကြံပြုချက်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်

VOA
ဗွီအိုအေ (မြန်မာဌာန)
04 ဇူလိုင်၊ 2019
အင်ကြင်းနိုင်
အာရှ-ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဌ ဝါရင့် ဒီမိုကရက် အောက်လွှတ်တော်အမတ် Bradley Sherman

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာတွေရဲ့အခွင့်အရေးကို မြန်မာအစိုးရဘက်က အကာအကွယ်မေ ပးနိုင် ဘူးဆိုရင် အဲဒီနယ်မြေကို ဘင်္ဂလားဒေ့ရှ်ကို လွဲှပေးဖို့ ဝါရင့် အမေရိကန် အောက်လွှတ်တော်အမတ် တဦးရဲ့ ပြော ဆိုချက်အပေါ် ဝေဖန်တုန့်ပြန်မှုတွေထွက်ပေါ်နေပါတယ်။

ဇွန်လလယ်လောက်က အမေရိကန် အောက်လွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ တောင်အာရှအတွက် ၂၀၂၀ မှာ သုံးစွဲမယ့် အမေရိကန်အစိုးရရဲ့ ဘတ်ဂျက်လျာထားချက် ကြားနာပွဲမှာ အောက်လွှတ်တော် အာရှ-ပစိဖိတ် ရေးရာ ဆပ်ကော်မတီ ဥက္ကဌ Bradley Sherman က သမ္မတ Trump အစိုးရကို အဲဒီလို အကြံပြုခဲ့တာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အသေးစိတ်တင်ပြမှာပါ။

ဇွန်လ ၁၃ ရက်နေ့က အမေရိကန်အောက်လွှတ်တော်မှာ အမေရိကန်အစိုးရရဲ့ ၂၀၂၀ ပြည့်နှစ်အတွက် တောင်အာရှဆိုင်ရာ ဘတ်ဂျက်လျာထားချက် ကြားနားပွဲကို ပြုလုပ်ရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခ သည်တွေ အရေးကို အလေးပေး ဆွေးနွေးခဲ့ပါတယ်။

ကြားနားပွဲကို ကမကထပြုခဲ့တဲ့ အောက်လွှတ်တော် အာရှ-ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဌ ဝါရင့် ဒီမိုက ရက် အောက်လွှတ်တော်အမတ် Bradley Sherman က အဖွင့်မိန့်ခွန်း ပြောရာမှာ တောင်အာရှဒေသမှာရှိ နေတဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန် နိုင်ငံတွေရဲ့ နယ်မြေအငြင်းပွားမှု ကိစ္စရပ်အပါ အဝင်သီရိလ င်္ကာနိုင်ငံတွင်းဖြစ်နေတဲ့ တမီးလ်နဲ့ Sinhalese တို့ ဖြစ်နေတဲ့ ပဋိပက္ခ မှာ အမေရိကန်ပြည်ထောင်စု ရပ်တည်ချက်သဘော ထား အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ကိစ္စ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အိမ်နီးချင်း မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ လက်ခံထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင် ငံကို သူ့အနေနဲ့ ကျေးဇူးတင်ကြောင်းနဲ့ ရိုဟင်ဂျာတွေဟာ သူတို့ကို အကာအကွယ်ပေးတဲ့ အစိုးရအောက် မှာပဲ ရှိသင့်ကြောင်း Bradley Sherman ကအခုလိုပြောခဲ့ပါတယ်။

“ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေရဲ့အခွင့်အရေးကို အကာအကွယ်ပေးနိုင်မယ့် အုပ် ချုပ် မှုမျိုး မြန်မာအစိုးရက မလုပ်နိုင်ဘူးဆိုရင် အဲဒီဒေသအစိတ်အပိုင်းကို ရိုဟင်ဂျာ ဒုက္ခသည်တွေ ကို အ ကူ အညီပေးဖို့ စိတ်ဆန္ဒရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်လ ွဲှပြောင်းပေး တာကို အမေရိကန်အစိုးရ အနေနဲ့ ထောက်ခံသင့်တယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိနေတဲ့ ရိုဟင်ဂျာတွေအနေနဲ့ သူတို့ကို ဖျက်စီးမယ့် သူမဟုတ်ပဲ ကာကွယ်ပေးတဲ့ အစိုးရမျိုးအောက်မှာ ရှိသင့်ပါတယ်။”

ကြားနာပွဲအတွင်း တောင်အာရှနိုင်ငံတွေနဲ့ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို နိုင် ငံခြားရေးဌာနက တာဝန်ရှိသူတွေ ထွက်ဆိုရာမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက ္ခသည် တွေကို USAID အမေရိကန် နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီကအကူအညီပေးနေတဲ့ ကိစ္စတွေကိုလည်း တင်ပြခဲ့ကြပါတယ်။ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အမေရိကန်အစိုးရ ဘယ်လို အကူအ ညီပေးနေသလဲဆိုတာကိုလည်း ကြားနာပွဲ တက်ရောက်လာတဲ့ လွှတ်တော်အမတ်တွေကလည်း အလေး ထား မေးခွန်းထုတ်ဆွေးနွေးခဲ့ကြပါတယ်။

ဆပ်ကော်မတီ ဥက္ကဌ Sherman ကတော့ ကြားနာပွဲမှာ ထွက်ဆိုခဲ့သူတွေထဲ ပါဝင်ခဲ့တဲ့ တောင်နဲ့အလယ် အာရှရေးရာ အမေရိကန် ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Alice Wells ကို ရိုဟင်ဂျာအရေးမှာ ရခိုင်ပြည် နယ်မြောက်ပိုင်းကို ဘင်္ဂလားဒေ့ရှ် လွဲှပြောင်းပေးရေး အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်သဘော ထားကို အခုလိုမေးခဲ့ပါတယ်။

“ရိုဟင်ဂျာတွေကို မြန်မာအစိုးရက နိုင်ငံသားခံယူခွင့် မပေးဘူး၊ အကာအကွယ်မပေးဘူး ဆိုရင် ရခိုင် ပြည်နယ် မြောက်ပိုင်းကို ဘင်္ဂလားဒေ့ရှ်ဘက် လွှဲပြောင်းပေးဖို့ အမေရိကန်အစိုးရက ထောက်ခံမလား။”

ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Alice Wells ကတော့ အခုလို ဖြေဆိုသွားပါတယ်။

“အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစဉ်အလာအရ ရပ်တည်ချက်ကတော့ နိုင်ငံတွေရဲ့ အချုပ်အချာ အာ ဏာပိုင်ဆိုင်မှုနဲ့ နိုင်ငံတွေရဲ့ နယ်မြေပိုင်ဆိုင်မှုကို လေးစားထောက်ခံဖို့ဖြစ်တယ်လို့ ကျမယူဆပါတယ်။”

အောက်လွှတ်တော် ဆပ်ကော်မတီဥက္ကဌ Sherman ရဲ့ အကြံပြုချက်နဲ့ ပတ်သက်လို့ အမေရိကန်ပြည် ထောင် စုဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းကို ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာတော့ သူက အ ခုလို တုန့်ပြန်ဖြေကြားခဲ့ပါတယ်။

“ကျနော်တို့နဲ့ အဓိကဆက်ဆံခဲ့တာကတော့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနဖြစ်ပါတယ်။ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို လမ်းညွှန်တာကတော့ သမ္မတအိမ်တော် (White house) ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောတဲ့ကိစ္စကိုပဲ ကျနော်တို့ အဓိကအရေးယူဆောင်ရွက်ပါတယ်။”

ဆပ်ကော်မတီဥက္ကဌ Sherman ရဲ့ အကြံပြုချက်ဟာ ဆီလျော်မှု မရှိတဲ့အပြင် ဒေသတွင်း အကြောင်းအ ရာတွေကို သူ့အနေနဲ့ နားမလည်ဘူးဆိုတာ ထင်ရှားကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ Georgetown တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg က အခုလို မှတ်ချက်ပေးပါတယ်။

“သင့်တင့်မှန်ကန်မှု မရှိတဲ့ အကြံပေးတင်ပြချက်ဟာဒေသရဲ့ ကြီးမားကျယ်ပြန့်လှတဲ့ လူမှုရေး၊ နိုင်ငံရေးအကြောင်း နဲ့ အဲဒီဒေသရဲ့ ထိလွယ်၊ရှလွယ် အနေအထားကိုလုံးဝနားမလည်ဘူးဆိုတာ ပြသနေတာဖြစ်ပါ တယ်။ ဒီလိုမျိုး အကြံပေးတင်ပြချက်ဆိုတာကို ဘယ်အစိုးရကမှ လက်ခံမှာ မဟုတ်ပါဘူး။”

ကြားနာပွဲအတွင်း အမေရိကန်နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေနဲ့ အပြန်အလှန် မေးခွန်းထုတ်ပြော ဆိုရာမှာ Bradley Sherman က ဘင်္ဂလားဒေ့ရှ်ကို ရခိုင်ပြည်နယ်မြောက်ပိုင်း လွဲှပြောင်းပေးရေး အကြံပြုချက်နဲ့ ပတ် သက်လို့ အရင်က ဆူဒန်နိုင်ငံကနေ တောင်ဆူဒန် ခွဲထွက်ခဲ့တုန်းက အမေရိကန်က ထောက်ခံခဲ့တဲ့ ကိစ္စကို နှိုင်းယှဉ်ပြောသွားခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ပါမောက္ခ Steinberg က အခုလို တုန့်ပြန်ခဲ့ပါတယ်။

“ဆူဒန်နိုင်ငံ ကိစ္စက သူတို့ကိုယ်တိုင် ဆုံးဖြတ်တာဖြစ်ပြီး တိုင်းရင်းသားတွေ အချင်းချင်း ကွဲတဲ့ကိစ္စဖြစ်ပါ တယ်။ နောက်ပြီး ဆူဒန်အစိုးရဘက်ကလည်း နောက်ဆုံးမှာ သဘောတူခဲ့တာပါ။ ဒါပေမဲ့ မြန်မာအစိုးရက ဒီလိုခွဲပေးရမယ့် ကိစ္စ သဘောတူမှာ မဟုတ်သလို၊ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကလည်း သဘောတူမယ်လို့ အာမခံမှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေကို လက်ခံချင်တာမ ဟုတ် ပါ ဘူး။ ဒီလွှတ်တော်အမတ်ရဲ့ ပြောဆိုချက်ဟာ လက်တွေ့နဲ့ ကင်းကွာနေပါတယ်။”

ကာလီဖိုးနီးပြည်နယ်အခြေစိုက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်ရဲ့ တုန့်ပြန်ချက်ကလည်း-

“ကျနော်အမြင်တော့ အဲဒီဟာက မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ရခိုင်ပြည်နယ်ဟာ ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံ ပိုင်တဲ့နယ်မြေဖြစ်တယ်။ ကျနော်တို့ ပိုင်နက်ဖြစ်တယ်။ အဲဒီနယ်မြေကို ကျနော်တို့ တိုင်းတပါးကို ပေးရမယ်ဆိုရင် ဒါတော့ လုံးဝကျနော်တို့ အနေနဲ့ လက်မခံနိုင်ဘူး။ ဒါပေမဲ့ ရခိုင် မြောက်ပိုင်းမှာ ဒုက္ခသည်တွေကို ကြည့်ရှုဖို့၊ ကူညီဖို့ ဘင်္ဂလားဒေ့ရှ်ပဲဖြစ်ဖြစ်၊ ကုလသမဂ္ဂပဲဖြစ်ဖြစ်၊ အခြားနိုင် ငံတွေပဲဖြစ်ဖြစ် ကူညီမယ်ဆိုရင် ကျနော်တို့ ကြိုဆိုပါတယ်။”

အခုလို နိုင်ငံတနိုင်ငံရဲ့ နယ်မြေပိုင်နက် ကျူးလွန်မှုနဲ့ ပတ်သက်တဲ့ အမေရိကန်အောက်လွှတ်တော် အမတ် ရဲ့ အကြံပြုချက်အပေါ်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ရော မြန်မာနဲ့ပါ ဆက်ဆံရေးကောင်းမွန်တဲ့ အိန္ဒိယအနေနဲ့ ထောက် ခံမှာ မဟုတ်ဘူးလို့ အိန္ဒိယထုတ်သတင်းတွေမှာ ဖေါ်ပြခဲ့ကြပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */