7DAY DAILY
အောင်ဇော်ထွန်း
Tue, 2019-07-02
ရန်ကုန်
Issue No. No. 2169, Tuesday, July 2, 2019
ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)က ဖမ်းဆီးထားသည့် ပလက်ဝမြို့နယ် ကက်သလင်းရွာမှ ဒေသခံ ၅၂ ဦးအနက် ၁၂ဦး ထွက်ပြေးလွတ်မြောက်လာကြောင်း ဖမ်းဆီးခံထားရ သူများ၏ မိသားစုဝင်အမျိုးသား တစ်ဦးက ပြောသည်။
ပလက်ဝဒေသခံ ၅၄ ဦးကို AA အဖွဲ့ဝင်များက ယခုနှစ် ဖေဖော်ဝါရီလဆန်းတွင် ဖမ်းဆီးခေါ်ဆောင်သွားရာ ယခင်ကအမျိုးသားနှစ်ဦး ထွက်ပြေးလွတ်မြောက်ဖူးသည်။ ဖမ်းဆီး ခံရပြီး ငါးလခန့်အကြာတွင် ကလေးငယ် များအပါ အဝင် ၁၂ ဦးသည် ဇွန်လနောက်ဆုံးပတ်၌ ထပ်မံလွတ်မြောက် လာခြင်းဖြစ်ပြီး လက်ရှိတွင် မီးဇာရွာ ရှိ စစ်ရှောင်စခန်းသို့ ရောက်ရှိနေသည်။
‘‘ကျန်နေတဲ့လူတွေများသေး တယ်။ ၅၂ ယောက်မှာ ၁၂ ယောက် လွတ်လာတယ်။ ကျန်နေတဲ့ ၄၀ ထဲမှာ တစ်ဦးက ဆုံးသွား တယ်။ အခုပြန်လာတဲ့ ဦးအောင် ကျားရဲ့ ဇနီးက ဆုံးသွားတယ်လို့ ပြောတယ်’’ဟု အထက်ပါအမျိုး သားက ပြောသည်။
ကျန်နေသူများတွင် ၎င်း၏ ဆွေမျိုးများစွာ ပါရှိကြောင်း၊ AA အနေဖြင့် ကျန်နေသူများကို အမြန်ဆုံး ပြန် လွှတ်ပေးစေချင် ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ကင်းတလင်းရွာ သားများကို AA က ဖမ်းဆီးထား ခြင်းမဟုတ်ကြောင်း၊ စစ်ရေးပဋိ ပက္ခများကြောင့် AA အဖွဲ့က ကူညီခေါ်ဆောင် သွားသူများသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တွင် နေထိုင်နေကြောင်း ယင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောသည်။
‘‘အဲဒီခေါ်သွားတဲ့လူတွေက နယ်စပ်မှာ ပဲလုပ်ကိုင်စားသောက် နေကြတာ။ ကျွန်တော်တို့က သူ တို့ကို ဘာမှလည်း ကန့်သတ်ထား တာတစ်ခုမှ မရှိဘူး။ သူတို့ဘာ သာသူတို့ အေးအေးဆေးဆေး လွတ်လွတ် လပ်လပ်ပဲ နေကြ တာ။ သူတို့ ဘယ်လိုဖြစ်လို့ အဲဒီ လိုမျိုးပြောသလဲ။ အဲဒီလူတွေက တကယ်ပဲ အဲဒီပြန် လာတဲ့လူတွေ လားဆိုတာ ကျွန်တော်တို့ စုံစမ်း နေတယ် ဒီကိစ္စကို’’ဟု ခိုင်သုခက ပြောသည်။ AA အဖွဲ့အပေါ် မကောင်းမြင်စေရန် လုပ်ကြံ ပြော ဆိုခြင်းလည်း ဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။
AA က ဖမ်းဆီးထားသည့် လမ်းလုပ်သားများကိုမူ စစ်ရေး အခြေအနေ တည်ငြိမ်ပါက ပြန် လွှတ်ပေးမည်ဟု ခိုင်သုခက ပြောသည်။ ပလက်ဝ-မီဇိုလမ်းဖောက် လုပ်နေသည့် ကုမ္ပဏီလုပ်သား ရှစ်ဦးကို AA က ဖမ်းဆီး ထားဆဲ ဖြစ်သည်။ ပလက်ဝဒေသခံများကို စစ်ဘေးရှောင်နိုင်ရန်ဟု AA ဘက်က အကြောင်ပြသော်လည်း ပထမအကြိမ် ထွက်ပြေးလွတ်မြောက် လာသူနှစ်ဦးကို မေးမြန်းချက်အရ ယင်းဒေသခံများကို AA ၏ စခန်း ဆောက်လုပ်သည့်နေရာတွင် အ လုပ်ခိုင်းခြင်း၊ ရိက္ခာသယ်ခိုင်းခြင်းများရှိကြောင်း သိရသည်ဟု တပ် မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောဆိုထားသည်။
တပ်မတော်နှင့် AA တို့အ ကြား ဖြစ်ပွားနေသော ရခိုင်ဒေသ စစ်ရေးပဋိပက္ခများအတွင်း AA ဘက်က ဖမ်း ဆီးထားသူများရှိ သကဲ့သို့ တပ်မတော်ဘက်က လည်း AA ဟု သံသယရှိသူများ ကို ဖမ်းဆီးထားခြင်းများ ရှိသည်။
Link : Here
No comments:
Post a Comment