B B C
ဘီဘီစီ မြန်မာပိုင်း
11/06/2019
ရခိုင်ပြည်နယ်ထဲကို Free Burma Rangers (FBR) အဖွဲ့တွေဝင်လာရင် တပ်မတော်က တိုက်ထုတ် မယ်လို့ တပ်မ တော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ဇွန်လ ၁၂ရက်နေ့မှာ ပြောပါတယ်။
တပ်မတော်ရဲ့ သတင်းတွေအရ ရခိုင်ပြည်နယ်ထဲမှာ FBR လှုပ်ရှားမှုတွေမရှိသေးသလို၊ ဝင်ရောက်လှုပ် ရှား မှာ ကိုလည်း ခွင့်ပြုမှာမဟုတ်ဘူးလို့ သူက ဘီဘီစီကိုပြောပါတယ်။

အဲဒီအဖွဲ့က ကရင်ပြည်နယ်အတွင်းက ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေတွေမှာ စစ်သင်တန်း ပေး တာ၊ စစ်စခန်းတွေကို တိုက်ခိုက်ခိုင်းတဲ့ ပုံစံတွေနဲ့ လှုပ်ရှားခဲ့တဲ့ အဖွဲ့တစ်ခုဖြစ်တယ်လို့ တပ်မတော် ဘက်က ယူဆထားပါတယ်။
FBR အဖွဲ့ကတော့ မြန်မာနိုင်ငံအပြင် အီရတ်၊ ကာဒစ်စတန်နဲ့ ဆူဒန်နိုင်ငံတွေမှာလည်း စစ်ပွဲတွေဖြစ်ပွားရာ ဒေသတွေက အရပ်သားတွေအပေါ် လူသားချင်း စာနာမှုအထောက်အပံ့တွေပေးတာ၊ မိမိကိုယ်ကို ကာ ကွယ် နိုင်မယ့် သင်တန်းတွေပေးတာတွေကို လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်တယ်လို သူတို့ရဲ့ အင်တာနက် စာမျက်နှာမှာဖော်ပြထားပါတယ်။
"စစ်သွေးကြွတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့လို့ပဲယူဆတယ်။ လက်တွေ့အနေနဲ့တော့ KNU နယ်မြေမှာ စစ်သင် တန်းတွေပေးခဲ့တာရှိတယ်။ အဓိကတော့ စစ်သင်တန်းတွေ ပေးတယ်။ စခန်းတွေကို တိုက်ခိုင်းတဲ့ပုံစံ လုပ်ခဲ့ တယ်။ ဒါနဲ့ ပတ်သက်ပြီး လက်ခံတဲ့အနေအထားမရှိဘူး။ ဝင်လာရင်လည်း တိုက်ထုတ်ရမယ့် အနေအထားရှိ ပါတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။FBR အဖွဲ့ကတော့ မြန်မာနိုင်ငံအပြင် အီရတ်၊ ကာဒစ်စတန်နဲ့ ဆူဒန်နိုင်ငံတွေမှာလည်း စစ်ပွဲတွေဖြစ်ပွားရာ ဒေသတွေက အရပ်သားတွေအပေါ် လူသားချင်း စာနာမှုအထောက်အပံ့တွေပေးတာ၊ မိမိကိုယ်ကို ကာ ကွယ် နိုင်မယ့် သင်တန်းတွေပေးတာတွေကို လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်တယ်လို သူတို့ရဲ့ အင်တာနက် စာမျက်နှာမှာဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ FBR ကလှုပ်ရှားမှုတွေ မတွေ့ရသေးဘူးလို့ တပ်မတော်ဘက်က ပြောပေမယ့်လည်း FBR တည် ထောင်သူ ဒေးဗစ်ယူဘန်ခ် David Eubank ကတော့ ဒီနှစ်အစပိုင်းရခိုင်ပြည်နယ်ထဲက တိုက် ပွဲဖြစ်တဲ့ နေရာတွေမှာ ဆေးနဲ့ အစားအသောက်တွေကို ထောက်ပံ့ ပေးခဲ့တယ်လို့ ဘီဘီစီကိုပြောပါတယ်။
"မြန်မာစစ်တပ်က ခွင့်မပြုဘူး ပြောပေမယ့် ကျွန်တော်တို့အဖွဲ့က အဲ့ဒီမှာတောင် လုပ်ကိုင်ဆောင်ရွက်နေပါပြီ၊ လျှို့ ဝှက်လုပ်နေတာ မဟုတ်ဘူး၊ တိုက်ပွဲစဖြစ်ကတည်းက အစားအစာတွေ ဆေးဝါးတွေ ကူညီထောက် ပံ့ပေးနေပါတယ်၊ အပြည့်အ၀ မဟုတ်ပေမယ့် ဆက်ပြီးတော့ ကူညီမှုပေးနေမှာပါ"လို့ ပြောပါတယ်။
"ရှင်းရှင်းလင်းလင်းပြောချင်တာကတော့ ကျွန်တော်တို့အဖွဲ့က လူသားချင်းစာနာမှုအထောက်အပံ့ ပေးတဲ့ အဖွဲ့ပါ။ ဘယ်လို တိုင်းရင်းမျိုးနွယ်စုတွေကိုမှ စစ်သင်တန်းပေးပြီး မြန်မာစစ်တပ်ကို တိုက်ခိုက်ခိုင်းတာမျိုး ဘယ်တော့မှမလုပ်ဘူး။ မြန်မာစစ်တပ်က လူ့သားတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေရှိနေရင်တောင်မှ ပြန်လည်တိုက်ခိုက်ဖို့ ကျွန်တော်တို့မှာတာဝန်မရှိပါဘူး" လို့ ဒေးဗစ်ယူဘန်ခ်က ဘီဘီစီကို ပြောပါတယ်။
စစ်ရေးလေ့ကျင့်မှုတွေ လုပ်ပေးတယ်ဆိုတဲ့အပေါ် FBR အဖွဲ့တည်ထောင်သူက ငြင်းပယ်လိုက်ပေမယ့် စစ်ဖြစ်နေတဲ့ဒေသအတွင်းက လူတွေကိုတော့ မိမိကိုယ်ကို ကာကွယ်နိုင်ဖို့အတွက် လုံခြုံရေးဆိုင်ရာ သင် ကြားမှုတွေကိုတော့ ပြုလုပ်တယ်လို့သူကဆိုပါတယ်။ ဒါကလည်း စစ်သင်တန်းနဲ့ လုံးဝကွဲပြား ခြားနားတယ် လို့ လည်း ဒေးဗစ်ယူဘန်ခ်က ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်နဲ့ ကျောက်တော် စတဲ့ မြို့နယ် ၅ခုအတွင်း တပ်မ တော်နဲ့ ရက္ခိုင့်တပ်တို့အကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် အရေအတွက်ဟာ သုံးသောင်း ကျော် ထိ ရှိနေပါတယ်။

Link : Here

No comments:
Post a Comment