ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်
15 ဇွန်၊ 2019
ရခိုင်ပြည်နယ် ဘူးသီးတောင်သင်္ဘောဆိပ်တွင် မြန်မာစစ်သားများရောက်ရှိပုံ (သြဂုတ်၊ ၂၉၊ ၂၀၁၇)
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားအပြီး မသင်္ကာဘွယ် လူ ၂၅ ဦးကို ဖမ်းဆီးထားပြီး ကျောက်တော်ရဲစခန်းမှာ စစ်ဆေးဖို့အပ်နှံထားကြောင်း မြန်မာစစ်တပ်က ပြော ပါတယ်။ ဒေသခံတွေကတော့ အဖမ်းဆီးခံရသူတွေဟာ မြောက်ဦးမြို့နယ်ကျေးရွာတွေက မြိုတိုင်းရင်း သား တွေ ဖြစ်တယ်လို့လည်း ပြောနေတာပါ။ ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်း အိန် က သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျောက်ဆည်ပြင်ကျေးရွာဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက် ကိုင် AA အဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားအပြီး မသင်္ကာဘွယ်လူ ၂၅ ဦးကို ဖမ်းဆီးထားကြောင်း တပ်မတော် သ တင်း မှန်ပြန်ကြား ရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“ကျောက်တော်ရဲ့ အရှေ့ဘက်မှာ ကျောက်ဆည်ပြင်ကျေးရွာ ရှိတယ်။ အဲဒီကျောက်ဆည်ပြင်ကျေးရွာ အ ရှေ့ဘက်မှာပဲ ကျနော်တို့က ထိတွေ့ တိုက်ပွဲဖြစ်ပွားတာ ရှိတယ်။ မနက်ပိုင်းကနေ နေ့လယ်ပိုင်းလောက် ထိတွေ့တိုက်ပွဲ ဖြစ် ပွားတယ်။ ညနေပိုင်းလောက်မှာတော့ ကျနော်တို့ နယ်မြေလုံခြုံရေး ဆောင်ရွက်တဲ့အ ခါမှာ ကျောက်ဆည်ပြင်ကျေးရွာအပြင် ဘက်မှာ မသင်္ကာစရာ ၂၅ ယောက်ဖမ်းဆီး ရရှိတယ်။ အသက် အားဖြင့်တော့ ၂ဝ၊ ၃ဝ အရွယ်လောက်တွေပဲ။”
ဇွန်လ ၁၃ ရက်နေ့က ဖမ်းဆီးရမိထားတဲ့သူတွေကို လက်ရှိကျောက်တော်မြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်နေတယ်လို့ စစ်တပ်ပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောပါတယ်။
“သူတို့ကို စစ်ဆေးကြည့်တဲ့အခါမှာတော့ အဲဒီနားလေးတဝိုက်က မဟုတ်ဘူး။ ကျောက်ဆည်ပြင်က လူတွေ လည်း မဟုတ်ဘူး။ သူတို့ကို ကျနော်တို့ ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးနေတာရှိတယ်။ တရားဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်။ ကျောက်တော်ရဲစခန်းမှာရှိနေတယ်။ လုပ်ထုံးလုပ်နည်းကတော့ အဲဒီဘက် ပဲ သွားရမှာပဲ။ အခုလောလောဆယ်တော့ ကျနော်တို့ ဆောင်ရွက်ဆဲပဲရှိတယ်။”
စစ်တပ်က ဖမ်းဆီးထားတဲ့ သူတွေကို ဇွန်လ ၁၄ ရက်နေ့မှာ ကျောက်တော်မြို့မ ရဲစခန်းကို လွှဲပြောင်းပေး အပ်ခဲ့တာပါ။
အဖမ်းဆီးခံထားရတဲ့ သူတွေဟာ မြောက်ဦးမြို့နယ် ရန်အောင်ပြင် ကျောက်ဆည်ပြင် ကြာကန် ဆင်အိုးရွာနဲ့ ကျောက်တော်မြို့နယ် ရှောက်ချောင်းဂါပုရွာက တဦး စုစုပေါင်း ၂၅ ဦးဖြစ်ပြီး ရခိုင်မျိုးနွယ်စု မြိုလူမျိုးများဖြစ် တယ်လို့ ကျောက်တော်ဒေသခံ ကိုကျော်လှမြင့်ကပြောပါတယ်။
“ခေါ်လာတဲ့ လူတွေကလည်း အကုန်လုံးရွာသားတွေဆိုတာပဲ သတင်းရတယ်။ ကျောက်ဆည်ပြင်ရယ် ရန် အောင်ပြင်ရယ် ဆင်အိုးအဲဒီဘက်က လူတွေပါတယ်။ အဲဒီရွာက လူတွေက ၂၄ ဦး။ ကျောက်တော်မြို့နယ် ဂါပုရွာကတဦး စုစုပေါင်း ၂၅ ဦးပေါ့။ သူတို့ကလည်း ရခိုင်မျိုးနွယ်စုမြိုလူမျိးတွေ ဖြစ်နေတော့ ဒီဘက်ကလူ တွေနဲ့ နည်းနည်း အဆက်ဆက် အားနည်းချက်ရှိနေတယ်နဲ့ တူတယ်။”
မြောက်ဦးမြို့နယ် မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦး ထွန်းသာစိန်ကတော့ အဖမ်းခံ ရကြောင်း သတင်း ပို့ချက်ကို လက်ခံရရှိကြောင်းပြောပါတယ်။
“အရေအတွက်တော့ ကျနော်အတိအကျ မသိဘူးဗျ။ အဖမ်းခံရတယ်ဆိုတာတော့ ကျနော်ကိုသတင်း ပို့ကြ ပါတယ်။ ရွာသားတွေလို့ သူတို့က သတင်းပို့ကြပါတယ်။”
လက်ရှိဖမ်းဆီးခံထားတဲ့ သူတွေရဲ့အခြေအနေကိုသိရှိဖို့ကျောက်တော်မြို့မရဲစခန်း ကိုဆက်သွယ်မေးမြန်း ရာမှာ ပြောခွင့်မရှိကြောင်း ဆိုပါတယ်။
“အဲတာ မေးလို့မရဘူး။ အဲတာပြောလို့မရဘူး။ တပ်က ဖြစ်လို့နေမှာလေ။”
ရခိုင်ပြည်နယ်မှာ မြန်မာ့စစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြားမှာ ဖြစ်ပွားတဲ့စစ်ရေးပဋိပက္ခ အ တွင်း အရပ်သားတွေလည်း AA နဲ့ ဆက်နွယ်နေတယ်ဆိုပြီး အဖမ်းခံရတာ များပြားလာနေပါတယ်။
မေလဆန်းပိုင်းတုန်းက ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအတွင်း စစ်တပ်ကနေ ဝိုင်းပတ်ပိတ်ဆို့ စစ် ဆေးမှုအတွင်း ပစ်ခတ်မှုကြောင့် ရွာသား ခြောက် ဦး သေဆုံးသွားပြီး ရှစ် ဦး ဒဏ်ရာ ရရှိခဲ့သလို ရွာသား ရှစ် ဦးကိုလည်း ဖမ်းဆီးပြီး အမှုဖွင့် အရေးယူထားပါတယ်။
ပြီးခဲ့တဲ့မတ်လကုန်ပိုင်းကလည်း မြောက်ဦးမြို့နယ်၊ အောက်သားကန်ကျေးရွာသား ငါး ဦးကိုလည်း အကြမ်း ဖက်မှု ဥပဒေ ပုဒ်မ ၅၀ ဈ ဖြင့် စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။
ဧပြီလ ၁၀ ရက်နေ့ကလည်း မြောက်ဦးမြို့က ရဲတပ်ရင်း တိုက်ခိုက်ခံရအပြီး မြန်မာစစ်တပ်ကနေ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်မှုတွေအတွင်း လက္ကာကျေးရွာသား ၂၄ ဦး ဖမ်းဆီးပြီး အမှုဖွင့် အရေးယူထား ပါတယ်။
လက်ရှိစစ်ရေး ပဋိပက္ခကာလအတွင်း AA နဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ မသင်္ကာမှုနဲ့ ရွာသား ၇၀ ကျော်ကို အကြမ်း ဖက်မှုဥပဒေ ပုဒ်မ ၅၀ ဈ နဲ့ သော်လည်းကောင်း မတရားအသင်းဆက်သွယ်မှု ဥပဒေ ၁၇/၁ နဲ့ သော်လည်းကောင်း အမှုဖွင့် အရေးယူထားမှုတွေ ရှိနေပါတယ်။
Link : Here

No comments:
Post a Comment