ခိုင်လူလှ |
နိရဉ္စရာ၊ ဇွန် ၁၃/ ၂ဝ၁၉

၎င်းပစ်ခတ်မှုကို စစ်တပ်က ပစ်ခတ်ခြင်း ဖြစ်ကြောင်း ရွာသားများက ပြောကြားသော်လည်း တပ်ဘက်ကမူ ရွာထဲကနေ တပ်မတော် ယာဉ်တန်းကို ပစ်ခတ်၍ ပြန်လည် ပစ်ခတ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
တိုက်ပွဲ ဖြစ်တာတော့ မဟုတ်ကြောင်း၊ တပ်မတော်က ပစ်သည့် လက် နက်ကြီး သေနတ်သံတွေ တစ်ခုဘဲ ကြားရကြောင်း၊ ပထမ ရွာပြင်ကနေ ပစ်ကြောင်း၊ နောက်ပိုင်းတွင် စစ်တပ်က ရွာထဲကို လမ်းလျှောက် ဝင် လာပြီး ပစ်ခတ်ကြောင်း၊ လမ်းမှာတွေ့တာကို ပစ်ကြောင်း၊ ဆရာတော်ကားကိုလည်း ပစ်ခတ်ခဲ့ကြောင်း၊ ကားမှန်ကိုဖောက်ပြီး ပျက်စီးသွားကြောင်း၊ တစ်ခြား အရပ်သားကားတစ်စီးကို ပစ်ခတ်၍ ပျက်စီး သွား ကြောင်း ဆရာတော်က ပြောကြားသည်။
ရွာဟောင်းတောရွာက အမျိုးသမီး တစ်ဦးက “ မင်းတို့ရွာမှ အေအေရှိတယ်ဆိုပြီး ဆဲဆိုသွားပါတယ်။ တိုက်ပွဲ ဖြစ်တာတော့ ဟုတ်မယ်မထင်ဘူး။ သူတို့ ပစ်တာဘဲ ဖြစ်မှာပါ။ ကျွန်မတို့ တစ်ရွာလုံးက အသက်အန္တရာယ် စိုးရိမ်ပြီး ဟိုမှာ ပုန်း၊ ဒီမှာပုန်း၊ ပုန်းနေခဲ့ကြရတယ်။ ပစ်တာ အများကြီး၊ ဘယ်က လာမှန်းမသိဘူး။ စစ်သား တွေက ပစ်တာလေ။ သူတို့က ပန်းမြောင်းဘက်က လာတယ်။ ရွာနားမှာ ကားကို တန့်ထားတယ်။ ရွာဟောင်း တော ရွာဦးက အကုန်လုံး ပစ်တယ်။ အိမ်တွေမှာလည်း ကျတယ်။ ကားလည်း နှစ်စီးပျက် သွား တယ်” ဟု ပြောဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦး အား ဆက်သွယ်ရာ ရွာဟောင်းတောရွာမှ သေနတ်ဖြင့် တပ်မ တော် ယာဉ်တန်းနှင့် လမ်းလုံခြုံရေး တပ်ဖွဲ့ဝင်များကို ပစ်ခတ်၍ ပြန်ပစ်ရကြောင်း ပြောကြားသည်။
“ အုပ်ချုပ်ရေး လုပ်ငန်း ယာဉ်တန်းကို ဒီကောင်တွေပစ်လို့ ပြန်ပစ် တာ။ ရွာကို ပစ်တာမဟုတ်ဘူး။ ဒီကောင်တွေပစ်လို့ ပစ်တာ။ မ နက်က အဲဒီရွာကို အုပ်ချုပ်ရေး ယာဉ်တန်းဖြတ်သွားတော့ လူတွေ အကုန်လုံးရှိတယ်။ ညနေ ယာဉ်တန်းဖြတ်တော့ ရွာမှာ တစ် ယာက်မှ မရှိတော့ဘဲ တပ်မတော် ယာဉ်တန်းကို ပစ်တာ။ လမ်းလုံ ခြုံရေး တပ်ဖွဲ့ဝင်တွေကို ရွာထဲကနေ ပစ်လို့ ပြန်ပစ်တာ၊ ရွာကို ပစ်တာ မဟုတ်ဘူး” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောဆိုသည်။
ဒဏ်ရာ ရသူ ၄ ဦးထဲတွင် ဦးလှထွန်းသာ (၅၅) နှစ်တွင် ညာဘက် လက်မောင်းကို အမြောက်ဆံထိပြီး လူ ငယ် တစ်ဦးဖြစ်သူ ထွန်းစံလှ (၂ဝ) နှစ်တွင် တင်ပါးတွင် ထိမှန်သည်ဟု သိရ ကြောင်း၊ သို့သော်လည်း စိုး ရိမ်စရာ မရှိဟု ရွာသားများက ပြောဆိုသည်။ ဒဏ်ရာရသူများကို လူနာတင်ကားများဖြင့် မြောက်ဦးဆေး ရုံကို ယူဆောင်လာခဲ့ပြီဟု သိရသည်။
Link : Here
No comments:
Post a Comment