" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, June 4, 2019

လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ရသည့် စပါးထား ရွာသား ၆ ဦးကို မင်းပြားသုဿာန်တွင် ဂူသွင်းသင်္ဂြိုလ်

နိရဉ္စရာ
မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇွန် ၄/ ၂၀၁၉

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ရသည့် မင်းပြားမြို့နယ် စပါးထားကျေးရွာမှ ရွာသား ၆ ဦးအား မင်းပြားသုဿာန်တွင် ဇွန်လ ၄ ရက် ယနေ့ ညနေ ၂ နာရီကျော်က ဂူသွင်း သင်္ဂြိုလ် ခဲ့ကြောင်း သတင်းရရှိသည်။

"သူတို့အလောင်းတွေကို ဂူသွင်းသင်္ဂြိုလ်မှာဖြစ်ပါတယ်။ လူထုကလည်း ထောင်ချီပြီးတော့ ရောက်နေ ကြပါတယ်။ မင်းပြားမြို့ပေါ် အပါအဝင် ကျေးရွာအသီးသီးက လူတွေ အသုဘ လာပို့ကြတာပါ "ဟု မင်းပြားသုဿာန်လို့ ရောက်ရှိနေသည့် မြို့ခံ ကိုစိုးနိုင်က ယနေ့ ညနေ ၂ နာရီခွဲခန့်တွင် နိရဉ္စရာကို ပြောသည်။

သေဆုံးသူ ၆ ဦးတွင် ၄ ဦးမှာ အခင်းဖြစ်ပွားသည့်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ပြီး မဆန်းဆန်း ဝင်းနှင့် ဦးမောင်အေးနုတို့မှာ မင်းပြားဆေးရုံတွင် သေဆုံးသွားခြင်းဖြစ်သည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူများမှာ ဦးလှမောင် (၅၅ နှစ်၊ ဝမ်းဗိုက်ထိမှန်)၊ ဦးမောင်မောင်သန်း(၄၈ နှစ်၊ - ဦးခေါင်းနှင့် ခြေထောက်တွင် ကျည်ထိမှန်)၊ ဦးမောင်ဖြူထွန်း (၅၂ နှစ်၊ဦးခေါင်း တွင် ကျည်ထိမှန်)၊ ဒေါ်လပြည့်ကြည် (အသက်မသိရသေး၊ ဝမ်းဗိုက်အူထွက်၍ သေဆုံး)၊ မဆန်းဆန်းဝင်း (၁၄ နှစ်၊ ရင်အုံနှင့် ခါးစပ်ကျည်ထိမှန်)နှင့် ဦးမောင်အေးနု (၇၁ နှစ်၊ကျောရိုးဖောက်ထွင်းဒဏ်ရာဖြင့်သေ ဆုံး)တို့ဖြစ်ကြသည်။

စပါးထားကျေးရွာတွင် ယမန်နေ့ညနေ ၂ နာရီကျော်အချိန်က ရွာသားများစုဝေးနေသည့် ရွာဘုန်းကြီးကျောင်း သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ယခုကဲ့သို့ သေဆုံးသွားခြင်းဖြစ်ပြီး ၁ဝ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာပြင်းထန်သူ ၆ ဦးအား မင်းပြားမှ တဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်းထားရကြောင်းလည်း သိရ သည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */