လွတ်လပ်တဲ့ အာရှအသံ
2019-06-24
ရခိုင်ပြည်နယ် မြောက်ဦးမြို့ဆိုင်းဘုတ်ကို တွေ့ရစဉ် Photo: Min Thein Aung/RFA
မြောက်ဦးမြို့နယ် ကျောက်ကျပ်ရွာရဲ့ အရှေ့မြောက်ဘက် ဂါထာတောင်ဆည်အနီးက တောင်တန်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ မနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်လုံးက အတည်ပြုပြော ဆိုပါ တယ်။
အဲဒီတိုက်ပွဲကြောင့် ဒေသခံ ကျေးရွာသားတွေ နေရပ်စွန့်ခွာ ထွက်ပြေးသွားတာတွေရှိနေကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က RFA ကို ပြောပါတယ်။
"မနေ့က မြောက်ဦးမြို့နယ် မြောက်ဘက်အစွန်ဆုံး တောင်တန်းမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်တာကို တွေ့ရတယ်ပေါ့နော်၊ အဲဒီဘက်က ကျောက်ကျပ်ကျေးရွာတို့ စေတီတောင်ကျေးရွာတို့က ရပ်သူ ရွာသား တွေကတော့ ကျောက်တော်မြို့နယ် ရွာမပင်ဘက်ကို စိုးရိမ်ပြီးတော့ တိမ်းရှောင်လာတာတွေ ရှိပါတယ်၊ တိုက်ပွဲရပ်စဲသွားတော့ အိမ်ကို ပြန်သွားကြသူတချို့ရှိသလို တချို့ကလည်း ရွာမပင်ဘက်က ဘုန်းကြီး ကျောင်းတွေမှာ ခိုလှုံနေတာတွေရှိပါတယ်၊ လူဦးရေကတော့ ကျွန်တော်ခန့်မှန်းခြေကတော့ ၃၀၀ လောက်ပဲရှိမယ်ထင်ပါတယ်"
အင်အား ၁၀၀ ခန့်ရှိတဲ့ တပ်မတော် စစ်ကြောင်းကို AA အဖွဲ့က ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ တာဖြစ်ပြီး တပ်မ တော်သားတွေ ထိခိုက်ကျဆုံးတာတွေရှိကြောင်း ရက္ခိုင့်တပ်တော် AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင် သုခက RFA ကို ပြောပါတယ်။
"မြောက်ဦးမြို့နယ်က တိုက်ပွဲမှာ ရန်သူဘက်ကနေပြီးတော့ ၂၀ ကျော်ကျဆုံးပြီး ဒဏ်ရာရသူတွေ အများ အပြားရှိတယ်၊ ဗမာစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ တစ်နေကုန် ပစ်ခတ် တိုက်ခိုက်နေတာရှိတယ်"
တပ်မတော်စစ်ကြောင်းကို ကြားဖြတ်ဝင်တိုက်ခိုက်တာ ဖြစ်တဲ့အတွက် AA အဖွဲ့ဘက်ကတော့ ကျဆုံးတာ မရှိဘဲ နှစ်ဦးသာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ခိုင်သုခက ပြောပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့တိုက်ပွဲဖြစ် ပွား တာမှန်ကြောင်း အတည်ပြုပြောဆိုပေမယ့် တပ်မတော်သားတွေ ထိခိုက်သေဆုံးတာမရှိခဲ့ကြောင်း RFA ကို ပြောပါတယ်။
"ကျောက်တော်နဲ့ မြောက်ဦးကြားမှာ မနေ့က မနက်ပိုင်းမှာဖြစ်တာပါ၊ ကျွန်တော်တို့က နယ်မြေလုံခြုံရေး ဆောင် ရွက်နေတုန်းမှာဖြစ်တာပါ၊ ကျွန်တော်တို့ဘက်က ကျဆုံးတာမရှိပါဘူး၊ AA ဘက်က သေနတ် နှစ် လက် ရလိုက်တာရှိပါတယ်"
တပ်မတော်သားတွေ ထိခိုက်သေဆုံးတာတွေရှိခဲ့ကြောင်း AA အဖွဲ့က ပြောဆိုချက်ကိုတော့ RFA က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
အလားတူ မင်းပြားမြို့နယ် ရွှေကျင်ရွာရဲ့ အရှေ့ဘက် ၆ ကီလိုမီတာခန့်အကွာမှာရှိတဲ့ နေရာကို လည်း တပ်မတော်က မနေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
ရွှေကျင်ရွာအနီးက တောင်တန်းပေါ်မှာ ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ကစပြီး တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲ ဖြစ် ပွားနေတာဖြစ်ပြီး မနေ့ညနေမှာတော့ တပ်မတော်က ရဟတ်ယာဉ်သုံး တိုက်ခိုက်ခဲ့ကြောင်း AA အဖွဲ့ က ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ AA စခန်းတစ်ခုကို တပ်မတော်က သိမ်းဆည်းနိုင်ခဲ့ကြောင်းနဲ့ ကျဆုံးသွားခဲ့တဲ့ AA တပ်ဖွဲ့ ဝင်အလောင်းနဲ့ လက်နက်တွေကို သိမ်းဆည်းရမိခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
"မင်းပြားဘက်မှာ မနေ့ညနေပိုင်းက ကျွန်တော်တို့ AA စခန်းတစ်ခု သိမ်းခဲ့တာရှိပါတယ်၊ စခန်းသိမ်းတဲ့ အ ခါမှာ AA အလောင်းတစ်လောင်းနဲ့ သေနတ် သုံးလက် ရရှိခဲ့ပါတယ်"
AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ရွှေကျင်ကျေးရွာအနီးတိုက်ပွဲမှာ AA အဖွဲ့က ထိခိုက်သေဆုံးမှု မ ရှိကြောင်း RFA ကို ပြောပါတယ်။
"၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့မှာ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာမှာပဲ မနေ့က ၂၃ ရက်နေ့မှာလည်း သူတို့ ပြန်ပြီးတော့ ထိုးစစ်ဆင်တယ်၊ ရဟတ်ယာဉ် နှစ်စီးနဲ့ ၁၅ မိနစ်လောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိတယ်၊ အဲမှာဖြစ်တဲ့ တိုက်ပွဲ မှာတော့ ကျွန်တော်တို့ဘက်က ဘာမှထိခိုက်မှုမရှိဘူး၊ ရန်သူဘက်က အကျအဆုံးတော့ မသိရသေးဘူး"
AA စခန်းကို တပ်မတော်က သိမ်းဆည်းနိုင်ခဲ့တယ်ဆိုတဲ့ကိစ္စကိုတော့ RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
AA အဖွဲ့နဲ့ တိုက်ပွဲတွေမှာ ထိရောက်တဲ့ သောင်းကျန်းသူ နှိမ်နင်းမှု လိုအပ်တဲ့ အင်အားကို အသုံးပြုဖို့နဲ့ လို အပ်ရင် ရဟတ်ယာဉ်သုံးတိုက်ခိုက်ဖို့ပါ အစိုးရက ခွင့်ပြုပေးထားကြောင်း ဇွန်လ ၇ ရက်နေ့က နေပြည်တော် မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောဆိုထားပါတယ်။
(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့သည်)

No comments:
Post a Comment