Saturday, June 22, 2019

ASEAN ထိပ်သီးပွဲအတွက် အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်းကို ရောက်ရှိ

VOA
22 ဇွန်၊ 2019 
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ထိုင်း ဒုတိယ ဝန်ကြီးချုပ် Prawit Wongsuwan က ဒွန်မောင်း လေဆိပ်မှာ လာရောက်ကြိုဆိုစဉ် (သတင်းဓာတ်ပုံ - Myanmar State Counsellor Office)
 
  ဘန်ကောက်မြို့မှာ ဇွန်လ ၂၂ ရက်နေ့က ၂၃ ရက်နေ့အထိ ကျင်းပမှာ ဖြစ်တဲ့ ၃၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး တက်ရောက်ဖို့အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံမှာ ရောက်ရှိနေပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ အတူ ရင်းနှီးမြှုပ်နှံရေးနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသောင်းထွန်းနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်တို့လည်း အစည်းအဝေး တက်ရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ကို ထိုင်း ဒုတိယ ဝန်ကြီးချုပ် Prawit Wongsuwan က ဒွန်မောင်း လေဆိပ်မှာ လာရောက်ကြိုဆိုပါတယ်။

အာဆီယံ ထိပ်သီး အစည်းအဝေးတက်ဖို့အတွက် မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် ကြာသ ပတေးနေ့မှာ ဘန်ကောက်ကို ပထမဆုံး ရောက်လာပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် ရောက် လာ တာ ပါ။

ကျန်တဲ့ အာဆီယံ ခေါင်းဆောင် တွေကတော့ သောကြာနေ့ ညပိုင်းနဲ့ စနေနေ့ မနက်ပိုင်းမှာ ရောက်ရှိကြမှာ ဖြစ်ပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */