Sunday, May 26, 2019

ရခိုင်စစ်ဘေးဒုက္ခသည်အရေး UNHCR ကူညီမည်

VOA
ဗွီအိုအေ (မြန်မာဌာန) 
မသိင်္ဂီထိုက်
26 မေ၊ 2019
ရခိုင်ဒုက္ခသည်များ (Khine Murn Chun (Citizen Journalist))
 ရခိုင်ပြည်နယ်ထဲက စစ်ဘေးရှောင်နေကြရသူတွေ၊ နောက် မူဆလင် ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာရုံးက ဆက်လက် ထောက်ပံ့ ကူညီသွားမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မ ဟာမင်းကြီးက မြန်မာခရီးစဉ် အတွင်းမှာ ကတိပြု ပြောဆိုခဲ့ပါတယ်။ စစ်ရှောင်နေကြရသူတွေ၊ ဒုက္ခ သည် တွေ နေရပ်ရင်းတွေကို ပြန်နိုင်ခွင့်ရရေး အရေးကြီးတယ်လို့လည်း ခရီးစဉ်အတွင်းမှာ ကုလသမဂ္ဂ မဟာမင်း ကြီးက အလေးထား ပြောဆိုပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်းက မူဆလင် လူမှုအသိုင်းအဝိုင်း၊ နောက် လတ်တလော တိုက်ပွဲတွေကြောင့် အများစု ရခိုင်တိုင်းရင်းသားတွေ ပါဝင်တဲ့ စစ်ရှောင်ပြည်သူတွေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi တွေ့ဆုံခဲ့ပါတယ်။ လတ်တလော စစ်ရှောင်နေကြရသူတွေကတော့ အမြန်ဆုံး နေရပ်ရင်း တွေ ကို ပြန်နိုင်ရေး အတွက် တိုက်ပွဲတွေ ရပ်သွားဖို့ လိုလားနေကြတယ်လို့လည်း ကုလသမဂ္ဂ ဒုက္ခသည် များ ဆိုင်ရာ မဟာမင်းကြီး Filippo Grandi က UNHCR WEBSITE မှာပြောဆိုထားပါတယ်။

“သူတို့ ကျနော့်ကို ပြောတာကတော့ တိုက်ခိုက်မှုတွေ အဆုံးသတ်ရေး သက်ဆိုင်သူ အားလုံးကို ပြောပေး ဖို့ပါ။ အားလုံးက အရပ်သားတွေကို မထိခိုက်စေဖို့နဲ့ သူတို့ အိမ်ပြန်နိုင်ရေး အခြေအနေမျိုး ဖန်တီးပေးဖို့ လို အပ်နေကြပါတယ်။ သူတို့ အမြန်ဆုံး အိမ်ပြန်ချင်ကြပါတယ်။”

စစ်ရှောင်တွေ၊ ဒုက္ခသည် စခန်းတွင်းက လူတွေ နေရပ်ရင်းတွေကို ပြန်နိုင်ဖို့၊ နောက် သူတို့ ဆန္ဒနဲ့ အညီ ဖြစ် ဖို့ လိုတယ်လို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက အလေးထား တိုက်တွန်းပါတယ်။

“လတ်တလော စစ်ရှောင် ထွက်ပြေးနေရသူတွေ အပါအဝင် ဒုက္ခသည်တွေနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရ သူတွေ ဌာနေပြန်လို့ရနိုင်ပြီဆိုရင် သူတို့ နေရပ်ရင်းတွေကို ပြန်ခွင့်ပြုဖို့ကလည်း သိပ်ပြီး အရေးကြီးပါတယ်။ တကယ်လို့ သူတို့က တခြားအရပ်ဒေသ တခုကို သွားတယ်ဆိုရင်လည်း ဒါက သူတို့ ရွေးချယ်တဲ့ ဒေသပဲ ဖြစ်ရပါမယ်။ ”

ရခိုင်ပြည်နယ်တွင်းမှာ ၂၀၁၂ ခုနှစ်က ဘာသာရေးဆန်တဲ့ အဓိကရုဏ်းတွေကြောင့် ထွက်ပြေးကြရတဲ့ မူဆ လင် ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြရဆဲ ဖြစ်သလို ၂၀၁၇ ခုနှစ်က မူဆလင်တွေ အများစုရှိတဲ့ ရခိုင် မြောက်ပိုင်း နယ်မြေရှင်းလင်းမှုတွေကြောင့် မူဆလင် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရ တာပါ။ အခု လက်တ လောမှာလည်း ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာ စစ်တပ်ကြား တိုက်ပွဲတွေ ကြောင့် ရခိုင် ဒေသခံ အများစု ပါတဲ့ လူပေါင်း ၃ သောင်းလောက် နေရပ်ရင်းတွေကနေ ထွက်ပြေးပြီး စစ်ဘေးရှောင်နေကြ ရတာပါ။ ဒီလူတွေ အား လုံး အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံးဘက်က ဆက်ပြီး ထောက်ပံ့ကူညီ ပါမယ်လို့ ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးက ခရီးစဉ် အတွင်း ပြောဆိုပါတယ်။ မူဆလင် ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေကြရသူတွေ အခြေအနေကိုလည်း မစ္စတာ Grandi က အခုလို ပြောပါ တယ်။

“နေ့စဉ်ဘဝမှာကိုပဲ အခြေခံလိုအပ်ချက်တွေ ရှိနေကြပါတယ်။ လက်ရှိ အခြေအနေက ပြေလည်အောင် လုပ် လို့ မရတဲ့ အနေအထားပါ။ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ မူဆလင် လူမှုအသိုင်းအဝိုင်းက ပြောကြတဲ့ အထဲ မှာတော့ အထူးသဖြင့် ငါးသွားဖမ်းဖို့၊ စိုက်ခင်းတွေမှာ အလုပ်သွားလုပ်ဖို့ ဒုက္ခသည် စခန်းထဲကနေ ထွက်ခွာ သွာလာခွင့် အခြေအနေပါ။ မူဆလင်တွေ အားလုံး၊ ရိုဟင်ဂျာတွေ အားလုံး ဒါမှမဟုတ်လည်း အများအပြား က ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်သွားတော့ လယ်ကွင်းတွေမှာ အလုပ်လုပ်ဖို့ အလုပ်သမား အင်အားစုမရှိ ဖြစ်ကုန်တယ်ဆိုတာကို ရခိုင် လူမှုအသိုင်းအဝိုင်းနဲ့ တခြား လူမှုအသိုင်းအဝိုင်းတွေကတောင် ပြောကြပါ တယ်။”

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ရဲ့ သောကြာနေ့က အဆုံးသတ်ခဲ့တဲ့ မြန် မာနိုင်ငံ ၅ ရက်ကြာ ခရီးစဉ် အတွင်းမှာတော့ ရခိုင်ပြည်နယ်တွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင် ရွက်နေ တဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ မြန်မာ အစိုးရကြား နားလည်မှု စာချွန်လွှာကို သက်တမ်းတိုးခဲ့ပါတယ်။ ဘင်္ဂ လားဒေ့ရှ်ဘက် ထွက်ပြေးနေရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေးကို အထောက် အကူ ဖြစ်စေမယ့် စီမံ ကိန်းတွေလို့ ပြောဆိုထားတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံး UNHCR၊ ကုလ သမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP နဲ့ မြန်မာ အစိုးရကြား ပြီးခဲ့တဲ့ နှစ် နားလည်မှု စာချွန်လွှာ အရ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ရခိုင်ပြည် နယ်တွင်းမှာ လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးရေး စီမံကိန်းတွေကို အကောင်အထည် ဖော်နေတာပါ။

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်လာနိုင်ရေး အတွက် လိုအပ်တဲ့ အခင်း အကျင်းမျိုးကို ပံ့ပိုး ဆောင်ရွက်သွားမယ်လို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက ရခိုင် ခရီးစဉ် အ တွင်းမှာ ပြောဆိုပါတယ်။

“ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးက လူမှုအသိုင်းအဝိုင်း အားလုံး အတွက် အလွန်ကိုပဲ အရေးကြီးလှပြီး UNDP နောက် တခြားသူတွေနဲ့ အတူတကွ ကျနော်တို့ ဒါကို ဆောင်ရွက်နေတာပါ။ ဒါပေမယ့် ဒီကိစ္စတခုတည်း နဲ့တော့ ဒုက္ခသည်တွေ ဌာနေပြန်ရေး ယုံကြည်စိတ်ချရတဲ့ အခြေအနေမျိုးကို အပြည့်အဝ ဖန်တီးပေးနိုင်မှာ မဟုတ်ပါဘူး။ ”

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ရဲ့ မေလ ၂၀ ရက်နေ့က စတင်ခဲ့တဲ့ ၅ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ်တွင်းမှာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အကောင်အထည် ဖော်နေ တဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့သလို ထိုင်း-မြန်မာ နယ်စပ်မှာ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသား တွေ နေရပ် ရင်း ပြန်နိုင်ရေး ကိစ္စလည်း ဆွေးနွေးခဲ့ကြပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */