" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, May 16, 2019

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမည်ဖြင့် အကောင့် ကို Twitter ဖယ်ရှား

Duwan
မျိုးဆက်သစ်တို့ရဲ့မီဒီယာ
၁၅ ရက် မေ ၂၀၁၉

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမည်နဲ့ Twitter အကောင့်ကို တွစ်တာကနေ မေလ ၁၄ ရက်နေ့က ဖယ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
                                                                     Photo - Twitter

Burmese Rohingya Organisation UK (အဖွဲ့အစည်း၏ မူရင်းအသုံးနှုန်း) အဖွဲ့ကဥက္ကဌ ဦးထွန်းခင်က ပြီးခဲ့တဲ့ မေလ ၈ ရက်နဲ့ ၉ ရက်နေ့တွေက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာရှိတဲ့ ဆီလီကွန်တောင်ကြားမှာ Facebook, Twitter နှင့် Google စတဲ့ကုမ္ပဏီတွေ့ဆုံပြီးလူမှုမီဒီယာတွေမှာ အမုန်းစကားပြန့်ပွားစေတဲ့ အကောင့်တွေကို ဖယ်ရှားပေးဖို့ ပြောဆိုပြီး တစ်ပတ်လောက်အကြာမှာခုလို အကောင့်ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ Twitter မှာတော့ @SGMinAungHlaing ဆိုပြီးရှာဖွေလိုက်ရင် အကောင့်ကို ရပ်ဆိုင်းထားကြောင့် ဖော်ပြနေပါတယ်။
                                         ဓာတ်ပုံ - seniorgeneralminaunghlaing.com.mm

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ကလည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ Facebook Page၊ တပ်မတော်ပိုင် မြဝတီသတင်းဌာနရဲ့ Facebook Page အပါအဝင်Facebook အကောင့် ၁၈ ခု၊ Instagram အကောင့် တစ်ခု၊ Facebook Page ၅၂ ခုကိုသြဂုတ်လ ၂၇ ရက်နေ့က ဖယ်ရှားခဲ့ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံက Facebook သုံးစွဲသူတွေကြားအမုန်းစကားတွေ ပြန့်ပွားမှုမဖြစ်စေဖို့ Facebook မှာ မြန်မာဝန်ထမ်း ၁၀၀ လောက်ကစောင့်ကြည့်နေပြီး အမုန်းစကားဖယ်ရှားမှုတွေပြု လုပ်နေတယ်လို့ သိ ရပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ လူမှုကွန်ရက်တွေအသုံးပြုပြီး အမုန်းစကားတွေ ဖြန့်ဝေနေမှုကို ထိန်းချုပ်နိုင် ဖို့ လိုအပ်နေသေးတယ်လို့ ကုလသမဂ္ဂ သတင်းအချက်အလက်ဌာနက ထောက်ပြထားပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */