RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-25
ရခိုင်ပြည်နယ် မြောက်ဦးမြို့က တပ်မတော်တပ်ရင်းတွေရှိတဲ့နေရာနားမှာ မနေ့ကညပိုင်းက ပစ်ခတ်သံတွေ ကြားရတယ်လို့ မြောက်ဦးမြို့နယ် ဒေသခံတွေက ပြောကြပါတယ်။
လွတ်လပ်တဲ့ အာရှအသံ
2019-05-25
ရခိုင်ပြည်နယ် မြောက်ဦးမြို့ဆိုင်းဘုတ်ကို တွေ့ရစဉ်
ရခိုင်ပြည်နယ် မြောက်ဦးမြို့က တပ်မတော်တပ်ရင်းတွေရှိတဲ့နေရာနားမှာ မနေ့ကညပိုင်းက ပစ်ခတ်သံတွေ ကြားရတယ်လို့ မြောက်ဦးမြို့နယ် ဒေသခံတွေက ပြောကြပါတယ်။
လက်နက်သံတွေ စကြားတုန်းက တစ်ဖက်နဲ့ တစ်ဖက် တိုက်ပွဲဖြစ်ပွားတာမဟုတ်ဘဲ တပ်မတော် တပ်ရင်း ဘက်ကသာ လက်နက်ကြီး လက်နက်ငယ်သံတွေ မိနစ် ၂၀ လောက် ပစ်ခတ်တာကို ကြားရတယ်လို့လည်း ပြောပါတယ်။
မြောက်ဦးမြို့အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ်အတော်များများမှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတာ ငါးလကျော် ကြာရှိနေပြီဖြစ်ပါတယ်။
မြောက်ဦးမြို့ တပ်မတော်တပ်ရင်းထဲကနေ ပစ်ခတ်တာတွေနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြား ရေးအဖွဲ့က ဗိုလ်မှုးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ မဟုတ် ဘူးလို့ ငြင်းဆိုထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။
Link: Here
No comments:
Post a Comment