RFA
လြတ္လပ္တဲ့ အာရွအသံ
2019-05-12

Photo: RFA
လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူး၊ အရေးပေါ်ကယ်ဆယ် တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှုး မစ္စအာရ်ဆူလာမြူလာ ဟာ စစ်တွေမြို့ကို ဒီနေ့ နေ့လယ်ပိုင်းက ရောက်ရှိခဲ့ပြီး ဘာဆာရာကျေးရွာမှာ မွတ်စလင် ဒေသခံရွာသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
မစ္စအာရ်ဆူလာမြူလာဟာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခအခြေအနေတွေကို မေ ကိုး ရက်နေ့ကနေ ၁၄ ရက်နေ့အထိ တစ်ပတ်ကြာ လေ့လာသွားမှာလည်း ဖြစ်ပါတယ်။
၂ဝ၁၈ ခုနှစ် ဧပြီလတုန်းက မစ္စအာရ်ဆူနာမြူလာဟာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ဒီတစ်ကြိမ် မှာတော့ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တို့က လူသားချင်းစာနာမှု အကူအညီလိုအပ်တဲ့ အခြေအနေတွေ၊ ပဋိပက္ခရဲ့ သက်ရောက်မှု အခြေအနေတွေကို ကိုယ်တိုင်တွေ့မြင်သိရှိနိုင်ဖို့ ရည်ရွယ်တယ်လို့ UN ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိရခိုင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ AA အဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည်ပေါင်း သုံးသောင်း ကျော်ရှိနေပြီး သူမရဲ့ ဒီတစ်ကြိမ်မှာ စစ်ဘေးဒုက္ခသည်တွေထံကို သွားရောက်တွေ့ဆုံမလားဆိုတာ စောင့် ကြည့်ရမယ်လို့ သုံးသပ်နေကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့လိုက်တာပါ။
No comments:
Post a Comment