Sunday, May 26, 2019

ရခိုင်ပြည်နယ်အရေးဖြေရှင်းရေး အစိုးရအတွက် ဦးစားပေးကိစ္စဖြစ်

RFA
လွတ်လပ်တဲ့ အာရှအသံ 
2019-05-26
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ကို တွေ့ရစဉ်
Photo: Ministry of Foreign Affairs Myanmar 

ရခိုင်ပြည်နယ်အရေးကိစ္စဖြေရှင်းရေးဟာ အစိုးရအတွက် ဦးစားပေးကိစ္စဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က ပြောကြားခဲ့ပါတယ်။

ကိုဖီအာနန်ကော်မရှင်အပါအဝင် ကော်မရှင်အသီးသီးတို့ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော် ဆောင် ရွက်နေမှု၊ နိုင်ငံသားဖြစ်မှု၊ နိုင်ငံသားပြုရေးကိစ္စ၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထုနဲ့ ဆွေးနွေး ပွဲတွေအကြောင်း၊ နိုင်ငံအဝန်း နေရပ်စွန့်ခွာသူတွေ ပြန်လည်နေရာချထားရေး မဟာဗျူဟာ၊ ကုလသမ ဂ္ဂအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကိစ္စ၊ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကိစ္စ စတာတွေကို ရှင်းလင်းပြောကြားခဲ့တာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူတို့ဟာ ရန်ကုန်မြို့အခြေစိုက်သံရုံးက သံတမန်တွေနဲ့ နေပြည်တော်က NRPC ရုံးမှာ သောကြာနေ့က တွေ့ဆုံရှင်းလင်းပြောကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။
 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */