သိန်းဇော်(မောင်တော)
နိရဉ္စရာ၊ မေလ ၂၀/၂၀၁၉
(ဓာတ်ပုံ- သေဆုံးခဲ့ရသူ မအသိန်းချေ (အပေါ်ပုံ)၊ စစ်တွေဆေးရုံတွင် ဆေးကုသနေရသည့် မောင်ခိုင်လင်းဌေး
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ယမန်နေ့က တိုက်ပွဲ ဖြစ်ပွား၍ အသက်(၁၀) နှစ်အရွယ် မိန်းခ လေးငယ် တစ်ဦးသေဆုံးပြီး သားမိ ၄ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူ မိန်းခလေးမှာ ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာမှ ဦးကျော်ဇောလှ၏ သမီး မအ သိန်းချေ အသက်(၁၀ နှစ်)ဖြစ်ပြီး သူမ၏ ဘယ်ဘက်နားထင်အနီးတွင် လက်နက်ကြီးကျည်စ ထိမှန် မှု ကြောင့် သေဆုံး သွားခြင်း ဖြစ်သည်။
ဒဏ်ရာ ရရှိသူ ၄ ဦးမှာ မာလာကျေးရွာမှ ဒေါ်မအောင်ထွီး ( ၂၈ နှစ်) နှင့် သူမ၏ သားများဖြစ်ကြသော မောင် ဦးနိုင်လင်း (၁၀ နှစ်)၊ မောင်ခိုင်လင်းဇော် (၈ နှစ်)၊ မောင်ခိုင်လင်းဌေး (၃ နှစ်) တို့ဖြစ်ကြပြီး လက်နက်ကြီး ကျည် ထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မနေ့က ညနေ ၅ နာရီ ၄၅ မိနစ်လောက်မှာ ကျမသား စိုးစိုးအောင်က ဘုရားတောင်ကို အချိုရည်ဗူး လှူဖို့ သွားတာ သူ့ညီမကိုပါ ခေါ်သွားတယ်။ တောင်ကျောင်းကို အချိုရည်ဗူးလှူပြီး အပြန် တောင်အဆင်းမှာ ရန် သူ ရန်သူဆိုပြီး အော်သံကြားတယ်လို့ပြောပါတယ်။ သူတို့က ကြောက်ပြီးထွက်ပြေးတော့ သူတို့မောင်နှမ ၂ ယောက်ကို လိုက်ပစ်တယ်လို့ပြောပါတယ်။ ပစ်တဲ့အချိန်မှာ ညီမကို ကျည်ဆံ ဦးခေါင်းနောက်စေ့ကို ထိ သွားတယ်။ ထိတဲ့အချိန် မှာ မောင်ဖြစ်သူက ညီမဖြစ်သူကို ခေါ်လို့လည်း မရတော့ဘူး။ မျက်ဖြူတွေ တက်ပြီး ခေါ်မ ရတော့လို့ ကျမသားက ညီမကိုထားပြီး ပြေးလာခဲ့တာလို့ ပြောပါတယ်” ဟု သေဆုံးသွားသည့် မအသိန်းချေ၏မိခင် ဒေါ်လှသိန်းယဉ်က ဆိုသည်။
သေဆုံးသွားသည့် မအသိန်းချေမှာ ယခုနှစ်တွင် ၄ တန်း တက်မည့် ကျောင်းသူ တစ်ဦးဖြစ်ကြောင်း မိခင် ဖြစ်သူက ပြောသည်။
မျောက်တောင်မှ အရပ်လူကြီး တစ်ဦးကလည်း “ မောင်နှမ နှစ်ဦးက ရန်သူ၊ ရန်သူဆိုပြီး စစ်တပ်က အော် တော့ ကြောက်ပြီး ထွက်ပြေးတယ်လို့ ပြောတယ်။ အဲဒီ အချိန်မှာ နောက်စေ့ကို ကျည်ဆံ ထိမှန်သွားခဲ့ပါ တယ်။ သူ့မောင်က နှမကို ကြည့်တော့ မျက်လုံးတွေ ဖြူပြီး ဖြစ်လာတော့ သူလည်း ကြောက်ပြီး ထွက်ပြေး တယ်။ သူ့ကတော့ အသက်ဘေးက လွတ်မြောက်သွားခဲ့တယ်။ အခု သူရဲ့အမေနဲ့ အတူ ကျောက်တော်မြို့ ပေါ်ကို ရောက်နေကြပါတယ်” ဟု ပြောကြားသည်။
လက်နက်ကြီးကျည်စထိမှန်ခဲ့သည့် မာလာကျေးရွာမှ သားမိ ၄ ဦးအနက် မောင်ခိုင်လင်းဌေးမှာ ဒဏ်ရာပြင်း ထန်သဖြင့် မိခင်ဖြစ်သူနှင့် ဒေါ်မအောင်ထွီးနှင့် အတူ စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
လက်နက်ကြီးကျည်စထိမှန်ခဲ့သည့် မာလာကျေးရွာမှ ဒေါ်မအောင်ထွီးက “မနေ့ကဖြစ်တာက ဒီလိုပါ။ ည ၆ နာရီလောက်မှာ ကျောက်တော်ဘက်ကနေ ပလက်ဝဘက်သို့သွားတဲ့လမ်းအတိုင်း စစ်တပ်ကားတွေ တက် လာကြတယ်။ ကျမမြင်တာက (၁၀) စီးပါ။ တစ်ခြားလူတွေပြောတာက (၁၁) စီးလို့ပြောကြတယ်။
အဲဒီအချိန်မှာ ကျမက ဝက်ကို ရေချိုးပေးဖို့ လုပ်နေတာပါ။ လုပ်နေတုန်း သေနတ်သံတွေ ဖောင်း ဖောင်းနဲ့ ထွက်လာလို့ ဝက်ကို လွတ်ပြီး သားအငယ်ဆုံးကို ချီပြီး အိမ်အောက်ဘက်မှာ ဝပ်နေလိုက်တယ်။ ဝပ်နေတဲ့ အချိန်မှာ စစ်တပ်က လက်နက်ကြီး ပြောင်းဝကို ရွာဘက်သို့ လှည့်ပြီး တအား ပစ်တယ်။ ကျမကလည်း ကိုယ့်အိမ်မှာ မလုံခြုံဘူးဆိုပြီး ကျမအစ်ကို အိမ်ကို ပြေးတယ်။ အစ်ကို အိမ်ကို ဝင်ပြေးတဲ့ အချိန်မှာ ထိသွား တာပါ။ တိုက်ပွဲဖြစ်တာလား၊ တိုက်ပွဲမဖြစ်ဘဲ ဒီအတိုင်းပစ်တာလားတော့ မပြောတတ်ဘူး။
ကျမကိုလည်းထိတယ်။ ကျမသား ၃ ယောက်လုံးကိုလည်း ထိသွားတယ်။ သားကြီး ဦးနိုင်လင်းနဲ့ သားလတ် ခိုင်လင်းဇော်က ဒဏ်ရာသိပ်မများတော့ ဆေးကုပြီး ကျောက်တော် ဆေးရုံကနေတစ်ဆင့် ဆွေမျိုးတွေ ဆီ ပို့ထားခဲ့တယ်။ ဒီအခုသားငယ်ကိုကျောကုန်းကိုထိမှန်ထားတော့ စိုးရိမ်ရတယ် ဆိုပြီး စစ်တွေ ယူလာတာပါ ”ဟု ဒေါ်မအောင်ထွီးက နိရဉ္စရာသတင်းဌာနသို့ပြောသည်။
ပစ်ခတ်မှုမှာ မိနစ် ၄၀ ခန့် ကြာခဲ့ကြောင့် ဒေါ်မအောင်ထွီးမှာ ဘယ်ဘက်ခြေ ဒူဆစ်အထက်တွင် လက်နက် ကြီး ကျည်စထိမှန်ဒဏ်ရာတစ်ချက်၊ သားကြီးနှင့်သားလတ်ဖြစ်သူတို့တွင် ဦးခေါင်းပွမ်းပဲ့ ဒဏ်ရာ အသေး စားနှင့် အငယ်ဆုံးသားမှာ ကျောကုန်းကို ထိမှန် ဒဏ်ရာတစ်ချက်ရရှိခဲ့သည်ဟု ဒေါ်မအောင်ထွီးက ပြော ဆိုသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ နိရဉ္စရာမှ ဆက်သွယ် မေးမြန်း ရာ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ အဲဒီလူတွေဒဏ်ရာရတာ မရတာတော့ မသိဘူးဗျ။ အဲ့ဒီနားမှာတော့ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်လို့ ဒဏ်ရာရတယ်ဆိုလို့ရှိရင် စစ်တပ်က ပစ်တယ်လို့ဘဲ ပြောတယ်။ AA ကပစ်တာကိုကျ မပြောကြဘူး။ သူတို့ကပစ်လို့ ကျနော်တို့က ပစ်ရတာပါ”ဟု ပြောဆိုသည်။

No comments:
Post a Comment