ဘီဘီစီ မြန်မာပိုင်း
12 မေ 2019တပ်မတော်စစ်ယာဉ်တန်းတစ်ခုကို ရခိုင်တပ်မတော် အေအေက မိုင်းခွဲပြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက် ခဲ့ရာကနေ တိုက်ပွဲ ဖြစ်ပွားခဲ့တာ လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေက အမ်းမြို့နယ် တန်းတင်ကျေးရွာအုပ်စု ညောင်ချောင်းကျေးရွာနဲ့ အောင်သပြေ(ဓာတ်တော်) ကျေးရွာကြား ကျွဲကူး-တောင်ကုတ် ကားလမ်း အထက် တောင်ကြောပေါ်မှာ ဖြစ်ပွားခဲ့တာလို့ တိုက်ပွဲဖြစ်ပွား ရာ အနီးအနားက ကျေးရွာသားတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ တပ်မတော် စစ်ဌာနချုပ် အခြေစိုက်တဲ့ အမ်းမြို့နဲ့ ခြောက်မိုင်၊ခုနစ်မိုင် လောက် အကွာအဝေးမှာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲဖြစ်ပွားချိန် နံနက် ၉ နာရီကနေ နာရီဝက်လောက် ဓာတ်တော်ရွာရဲ့ တစ်မိုင်ခွဲလောက်အကွာက ကားလမ်းပေါ်ကနေ သေနတ်သံတွေကြားရပြီး ရွာသားတွေကတော့ ရွာထဲမှပဲ နေနေကြတယ်လို့ တန်းတင် ကျေးရွာအုပ်ချုပ်ရေးမှူး ကိုအောင်သန်း မြင့်က ပြောပါတယ်။
- မြန်မာ့တပ်မတော်က ဖမ်းဆီးထားတဲ့ ကျောက်တန်းရွာသား ၁၀၀ ကျော်ထဲက ၄၈ ဦးကို ပြန်လွှတ်ပေး
- ရခိုင်က ဒုက္ခသည်စခန်း တချို့မှာ ကလေးသူငယ်တွေ ဝမ်းပျက်ဝမ်းလျှော ရောဂါအဖြစ်များနေ
အခုအမ်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ စစ်အင်အားဖြည့်ဖို့လာတဲ့ တပ်မတော်ယာဉ်တန်းကို အေအေ က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ စစ်ကားသုံးစီး ထိမှန်ခဲ့ကြောင်းနဲ့ တပ်မတော်ဘက်က ကျဆုံး ဒဏ်ရာ ရတာတွေရှိခဲ့တယ်လို့ အေအေတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေရာကနေ အခုလို နေရာတွေထိ စစ်မျက်နှာကျယ်ပြန့်လာတာဟာ တပ်မ တော်ဘက်က ထိုးစစ်တွေကြောင့် ဖြစ်ရတာလို့လည်း သူကဆိုပါတယ်။
ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းရာတော့ သတင်း မရရှိသေးဘူးလို့ ပြောပါတယ်။
အမ်းမြို့နယ်အပြင် ပုဏ္ဍားကျွန်းမြို့နယ် လောင်းပုတ်ကျေးရွာအနီးမှာလည်း နံနက်က ၁၁ နာရီကျော်ကနေ ည နေ ၄ နာရီကျော်ထိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အတွက် လောင်းပုတ်ရွာသားတွေဟာ အနီးအနားက ရွာတွေကို ထွက် ပြေးလာခဲ့ကြရတယ်လို့ မြိုတိုင်းရင်းသူ တစ်ဦးဖြစ်သူ မလေးလေးဝါးက ပြောပါတယ်။
အခု လောင်းပုတ်ရွာက လူတွေ မရှိတော့ဘူး။ အိမ်ထောင်စု ၂၂ စု လူပေါင်း ၁၀၀ ကျော် ဘန်းဗွီ၊ အောင်မ ကျော်၊ အထက်မြတ်လှဲရွာတွေကို တိုက်ပွဲ ဖြစ်တဲ့ အတွက် ထွက်ပြေးသွားကြတယ်လို့ မလေးလေးဝါးက ဆက်ပြောပါတယ်။
တိုက်ပွဲဟာ လောင်းပုတ်ရွာက တစ်ဖာလုံအကွာလောက်မှာ အေအေနဲ့ တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့ တာ လို့ သူက ပြောပါတယ်။
အခုအခါ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ် အလယ်ပိုင်းထိ ကျယ်ပြန့် လာတဲ့ အတွက် ဒေသခံတွေ စိုးရိမ်မှုတွေတိုးလာနေပါတယ်။
Link : Here
No comments:
Post a Comment