B B C
ဘီဘီစီ မြန်မာပိုင်း
၁၅ မေ၂၀၁၉
၁၅ မေ၂၀၁၉
မေလ ၁၅ ရက်နေ့ညက ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်ဘာသာ ဝင်တွေရဲ့ ဥပုသ်လ စုပေါင်း ဝတ်ပြုမှုတွေကို လူတစ်စုက တားဆီးခဲ့တဲ့ ဖြစ်ရပ် နောက်ဆက်တွဲ အဖြစ် မေလ ၁၆ ရက်နေ့ ညနေပိုင်းမှာတော့ သက်ဆိုင်ရာက မူလ ခွင့်ပြုထားတဲ့ နေရာတွေမှာ ပြန်လည် ဝတ်ပြုနိုင် ကြောင်း အကြောင်းကြား ခွင့်ပေးခဲ့တယ်လို အိုလမာအစ္စလာမ် သာသနာပညာရှင် များအဖွဲ့ချုပ်က ပြောပါ တယ်။
တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးက ဒေသခံ စုပေါင်း ဝတ်ပြုဖို့ ဦးဆောင် ဆောင်ရွက်တဲ့ ဘာသာရေး လူကြီး တွေကို မူလ ခွင့်ပြုခဲ့တဲ့ နေရာ ၃ နေရာစလုံးမှာ ပုံမှန် အတိုင်း ဝတ်ပြုဖို့ နဲ့ ရဲလုံခြုံရေး အစောင့်တွေ လည်း ချပေးမယ့် အကြောင်း ဖုန်းဆက်သွယ် ပြော ဆိုလာကြောင်း အိုလမာအစ္စလာမ် သာသနာပညာရှင် များ အဖွဲ့ချုပ်ရဲ့ ဥပဒေအကြံ ပေး ဦးကျော်ငြိမ်းက ဘီဘီစီကို အတည်ပြုပါတယ်။
အစိုးရဘက်က ပြန်လည် ခွင့်ပြုကြောင်းကို စာနဲ့ တရားဝင် ထုတ်ပြန်တာမျိုးတော့ မရှိပေမယ့် အခု ညနေ ပိုင်းမှာ ပြဿနာ ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ ရဲလုံခြုံရေး ယူထားပေးတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
မေလ ၁၅ ရက် ည ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံက အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး ၅ ဖွဲ့ကနေ သမ္မတ၊ နိုင်ငံ တော် အတိုင်ပင်ခံ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်ကို စာပို့ထားတယ်လို့ အိုလမာအစ္စလာမ် သာ သနာပညာရှင် များအဖွဲ့ချုပ်က ဘီဘီစီကို ပြောပါတယ်။
အဲဒီစာမှာ ပြဿနာ ဖြစ်ပွားခဲ့တဲ့ တောင်ဒဂုံက ဝတ်ပြုတဲ့ နေရာတွေဟာ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကြီးဆီက ဥပုသ်လ ကာလ အတွင်း စုပေါင်း ဝတ်ပြု ဆုတောင်းနိုင်ဖို့ တရားဝင် ခွင့်ပြုချက် ရထားတဲ့ နေရာ တွေ ဖြစ်ကြောင်း ရှင်းလင်းတင်ပြချက်နဲ့ ဥပုသ်လ အတွင်း အေးချမ်းစွာနဲ့ ဝတ်ပြုခွင့်ရရေး မေတ္တာရပ်ခံထား တာပါ။
မေလ ၁၅ ရက် ည တုန်းက လာရောက် တားဆီး သူတွေထဲက တချို့ဟာ တုတ်၊ ဓား တွေ ကိုင်ဆောင်ထား တယ်လို့ အခင်းဖြစ်ပွားခဲ့ရာမှာ ရှိနေတဲ့ ဒေသခံတွေက ပြောပေမယ့် သူတို့ အပေါ် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းဘက်က တစ်စုံတစ်ရာ အရေးယူတာမျိုးတော့ ၁၆ ရက်နေ့ ညနေပိုင်း အထိ မကြားသိရသေး ဘူးလို့ ဦးကျော်ငြိမ်းကပြောပါတယ်။

- ရွှေတိဂုံမှာ ဈေးရောင်းတဲ့ မွတ်ဆလင်ကို သံဃာတွေ တားဆီး
- အပိတ်ခံရတဲ့ အစ္စလာမ် စာသင်ကျောင်းတွေနားမှာ လုံခြုံရေးချထား
- ပြည်မြို့ တမန်တော်နေ့ ပွဲကို လာရောက် ပိတ်ပင်
မွတ်စလင် ဥပုသ်လ ကာလအတွင်း တောင်ဒဂုံက အစ္စလာမ် ဘာသာဝင်တွေ စုပေါင်း ဝတ်ပြုဆုတောင်း ပွဲတွေလုပ်နိုင်ဖို့ ၁၀၆၊ ၆၄နဲ့ ၂၆ ရပ်ကွက်က အိမ်တချို့မှာ အစ္စလာမ်အဖွဲ့တွေရဲ့ လျှောက်ထားချက် အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ခွင့်ပြုပေးခဲ့တာပါ။
ဒါပေမယ့် မေလ ၁၅ ရက်နေ့ ညပိုင်းမှာ ဒေသခံ မဟုတ်တဲ့ လူ ၅၀ ကနေ ၁၀၀ ဝန်းကျင်ရှိတဲ့ မျိုးချစ် အမည်ခံ လူတစ်စုက ယာယီ ခွင့်ပြုထားတဲ့ ဝတ်ပြုရာ နေအိမ် အဆောက်အအုံရှိရာ ရောက်လာပြီး စစ်ဆေး မေး မြန်း တာတွေ ပြုလုပ်ခဲ့ပြီး ကန့်ကွက်ခဲ့ကြတာပါ။
"ပထမဆုံးဖြစ်တာ တောင်ဒဂုံ ၂၆ ရပ်ကွက် ကင်းတာလမ်းမှာ ဝတ်ပြုဆုတောင်းခွင့်ပေးထားတဲ့ နေရာကနေ ကန့် ကွက်ရာကနေ စဖြစ်တာပါ၊ အဲဒီကနေတဆင့် အမှတ် ၁၀၆ ရပ်ကွက်ကို ကူးသွားပါတယ်။ လူအုပ် ကတော့ ငါးဆယ်ကျော်လောက်ရှိတယ်။ ဟိုနေရာတစ်စု ဒီနေရာတစ်စုဆိုတော့ "လို့ ဒဂုံမြို့သစ်(တောင် ပိုင်း) မြို့နယ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် က ဘီဘီစီကို ပြောပါတယ်။
ဒီလိုလာရောက် တားမြစ်သူတွေဟာ ဘယ်ဒေသက ဘယ်သူတွေဆိုတာကို သက်ဆိုင်ရာက စစ်ဆေး ထုတ်ပြန်သင့်တယ်လို့ ဦးညီညီက ပြောပါတယ်။

ဒီ ဖြစ်ရပ်ဟာ ရပ်ရွာအေးချမ်းသာယာရေး ကို နှောင့်ယှက်နေလို့ တရားဝင် အမှုဖွင့် လို့ ရပေမယ့် ဒါဟာ ပြဿနာကို ပိုကြီးထွားသွားစေနိုင်မလား စိုးရိမ်မှု အပြင် အစိုးရကို လည်း မညှာတာရာ ရောက်လို့ ဒေသခံ မွတ်ဆလင်အသိုင်း အဝန်းဘက်ကလည်း အမှုဖွင့် တိုင်ကြားတာမျိုး လုပ်ဖွယ် မရှိဘူးလို့ အိုလမာအစ္စလာမ် သာသနာပညာရှင် များအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ဦးကျော်ငြိမ်းကတော့ ပြောပါတယ်။
ဖြစ်စဉ်မှာ လာရောက် တားမြစ်သူတွေက ရန်ကုန်တိုင်း အစိုးရအဖွဲ့ ရဲ့ ခွင့် ပြုချက်စာ ကို လက်မခံဘဲ သာ သနာရေး ဝန်ကြီး ဌာနရဲ့ လက်မှတ် မပါဘူး ဆိုပြီး ဆက်လက် ကန့်ကွက်ခဲ့ကြလို့ နောက်ဆုံးမှာ ဝတ်ပြု ဆုတောင်းသူ အစ္စလာမ် ဘာသာရေး လူကြီးတွေက နောင်မှာ ထပ်မံဝတ်ပြုတာမလုပ်ပါဘူး ဆိုပြီး ခံဝန် လက်မှတ်ရေးထိုးပေးခဲ့ရတာပါ။
"နှစ်စဉ်နှစ်တိုင်းမြို့သစ်တွေမှာ ဝတ်ပြုတဲ့ ဗလီဝတ်ကျောင်းတွေမရှိဘူး၊ ဒီနှစ် ဝတ်ပြုခွင့် တောင်းခံတာ ၁၅ နေရာတောင်းခံတာ၊ အခု အချင်းဖြစ်ပွားတဲ့ ၃ နေရာပဲပေးတယ်၊ ဒါကို လာပြီး ဟန့်တားနှောက်ယှက်သူကို အရေးမယူဘဲ သက်ဆိုင်ရာလုံခြုံရေးက ဝတ်ကျောင်းမှာ ဝတ်ပြုသူတွေကို ခတ္တပိတ်ခိုင်းဖို့ ခံဝန်ထိုးခိုင်း တယ်" လို့ မြန်မာမွတ်စလင်မ်အမျိုးသားရေးရာအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးကျော်ခင်က ဘီဘီ စီကို ပြောပါတယ်။
၂၀၁၇ ခုနှစ်တုန်းကလည်း အမျိုးသားရေး လှုပ်ရှားသူများ ဆိုသူက ဖိအားပေးမှုကြောင့် သာကေတ မြို့နယ် ထဲက အစ္စလာမ် ဘာသာရေး ကျောင်းနှစ်ခုကို ခွင့်ပြုချက်မရှိဘဲ ဝတ်ပြုတာတွေ လုပ်မှုနဲ့ ပိတ်ခဲ့ရတာတွေ ဖြစ်ခဲ့ဖူးပြီး နောက်ဆက်တွဲ အဖြစ် ဥပုသ်လ ဝတ်ပြု မှုတွေကို အစ္စလာမ် ဘာသာဝင်တွေက လမ်းမပေါ်မှာ ပြုလုပ်ခဲ့လို့ အရေးယူခံရတာတွေလည်း ဖြစ်ခဲ့ပါတယ်။
"ညကလိုဖြစ်သွားတာဟာ မင်းမဲ့စရိုက်ဆန်ဆန်လုပ်သွားတယ်လို့ ကျွန်မတို့မြင်တယ်၊ အစိုးရက ခွင့်ပြုမိန့်နဲ့ လုပ်တာကိုတောင် တားဆီးတယ်ဆို ပြည်သူတွေက စိုးရိမ်ထိတ်လန့်နိုင်တယ်၊ အခုက အမျိုးသမီးရော၊ ကလေးသူငယ်တွေပါ စိုးရိမ်ခံစားနိုင်တယ်၊ ကျွန်မအနေနဲ့ဆို ခုလိုဖြစ်သွားတာ လုံးဝစိတ်မကောင်းဘူး၊ မဖြစ် သင့်ဘူးထင်တယ်" လို့ အခု နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ တောင်ဒဂုံ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံ မွတ်စလင် အမျိုးသမီး တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၂ နောက်ပိုင်း ရခိုင်က မွတ်စလင် ဒုက္ခသည်တွေ အရေး ကိစ္စ အပါအဝင် ဘာသာရေး လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေ နိုင်ငံတဝန်း ဖြစ်ပွားခဲ့ဖူးပြီး အဲဒီနောက် အစိုးရ၊ ဘာသာရေး အ ဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ လူမှုရေး အဖွဲ့အစည်းများက ဘာသာပေါင်းစုံ ချစ်ကြည်ရေး အတွက် ဆောင်ရွက်ခဲ့ကြတာတွေ ရှိပါတယ်။ဖြစ်စဉ်မှာ လာရောက် တားမြစ်သူတွေက ရန်ကုန်တိုင်း အစိုးရအဖွဲ့ ရဲ့ ခွင့် ပြုချက်စာ ကို လက်မခံဘဲ သာ သနာရေး ဝန်ကြီး ဌာနရဲ့ လက်မှတ် မပါဘူး ဆိုပြီး ဆက်လက် ကန့်ကွက်ခဲ့ကြလို့ နောက်ဆုံးမှာ ဝတ်ပြု ဆုတောင်းသူ အစ္စလာမ် ဘာသာရေး လူကြီးတွေက နောင်မှာ ထပ်မံဝတ်ပြုတာမလုပ်ပါဘူး ဆိုပြီး ခံဝန် လက်မှတ်ရေးထိုးပေးခဲ့ရတာပါ။
"နှစ်စဉ်နှစ်တိုင်းမြို့သစ်တွေမှာ ဝတ်ပြုတဲ့ ဗလီဝတ်ကျောင်းတွေမရှိဘူး၊ ဒီနှစ် ဝတ်ပြုခွင့် တောင်းခံတာ ၁၅ နေရာတောင်းခံတာ၊ အခု အချင်းဖြစ်ပွားတဲ့ ၃ နေရာပဲပေးတယ်၊ ဒါကို လာပြီး ဟန့်တားနှောက်ယှက်သူကို အရေးမယူဘဲ သက်ဆိုင်ရာလုံခြုံရေးက ဝတ်ကျောင်းမှာ ဝတ်ပြုသူတွေကို ခတ္တပိတ်ခိုင်းဖို့ ခံဝန်ထိုးခိုင်း တယ်" လို့ မြန်မာမွတ်စလင်မ်အမျိုးသားရေးရာအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးကျော်ခင်က ဘီဘီ စီကို ပြောပါတယ်။
၂၀၁၇ ခုနှစ်တုန်းကလည်း အမျိုးသားရေး လှုပ်ရှားသူများ ဆိုသူက ဖိအားပေးမှုကြောင့် သာကေတ မြို့နယ် ထဲက အစ္စလာမ် ဘာသာရေး ကျောင်းနှစ်ခုကို ခွင့်ပြုချက်မရှိဘဲ ဝတ်ပြုတာတွေ လုပ်မှုနဲ့ ပိတ်ခဲ့ရတာတွေ ဖြစ်ခဲ့ဖူးပြီး နောက်ဆက်တွဲ အဖြစ် ဥပုသ်လ ဝတ်ပြု မှုတွေကို အစ္စလာမ် ဘာသာဝင်တွေက လမ်းမပေါ်မှာ ပြုလုပ်ခဲ့လို့ အရေးယူခံရတာတွေလည်း ဖြစ်ခဲ့ပါတယ်။
"ညကလိုဖြစ်သွားတာဟာ မင်းမဲ့စရိုက်ဆန်ဆန်လုပ်သွားတယ်လို့ ကျွန်မတို့မြင်တယ်၊ အစိုးရက ခွင့်ပြုမိန့်နဲ့ လုပ်တာကိုတောင် တားဆီးတယ်ဆို ပြည်သူတွေက စိုးရိမ်ထိတ်လန့်နိုင်တယ်၊ အခုက အမျိုးသမီးရော၊ ကလေးသူငယ်တွေပါ စိုးရိမ်ခံစားနိုင်တယ်၊ ကျွန်မအနေနဲ့ဆို ခုလိုဖြစ်သွားတာ လုံးဝစိတ်မကောင်းဘူး၊ မဖြစ် သင့်ဘူးထင်တယ်" လို့ အခု နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ တောင်ဒဂုံ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံ မွတ်စလင် အမျိုးသမီး တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရ စစ်တမ်းတွေအရ အစ္စလာမ်ဘာသာဝင်ဟာ လူဦးရေရဲ့ ၄ ရာခိုင်နှုန်းကျော်ကျော် ရှိနေ ကာ အမေရိကန် အစိုးရ က ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် ရဲ့ ၂၀၁၉ အစီ အရင်ခံစာမှာ တော့ မြန်မာပြည်တွင်း ဘာသာရေး လွတ်လပ်ခွင့် အခြေအနေဟာ စိုးရိမ်ဖွယ် ရှိနေဆဲလို့ ဖော်ပြထားပါတယ်။
No comments:
Post a Comment