လြတ္လပ္တဲ့ အာရွအသံ
2019-04-07
လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ရိုဆာရီယို မယ်နာလို ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာစဉ်
Photo: The Global New Light of Myanmar
မေလထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ကို သွားရောက်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ သဘောတူ ထားကြောင်း ကော်မရှင်ဘက်က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မေလထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ကို သွားရောက်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ သဘောတူ ထားကြောင်း ကော်မရှင်ဘက်က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကော်မရှင်ဥက္ကဋ္ဌဟာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးဆီကို သွားရောက်တွေ့ဆုံခဲ့ပြီး ကော်မ ရှင်က ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားရောက်ဖို့နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက ကော်မရှင်နဲ့ လက်ခံတွေ့ဆုံမယ့်အကြောင်း သဘောတူညီချက်ကို လက်ခံရယူခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မျက်မြင်သက်သေဖြစ်နိုင်မယ့်သူတွေနဲ့လည်းတွေ့ဆုံခဲ့ပြီးဖြစ်သလို အမေရိကန်သံအမတ်ကြီးနဲ့လည်း တွေ့ဆုံခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာပါတဲ့ အချက်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ရေးသားထားပါတယ်။
ကော်မရှင်အနေနဲ့ လက်ရှိချိန်ထိ ပြီးမြောက်ပြီးဖြစ်တဲ့လုပ်ငန်းတွေကို စစ်ဆေးခဲ့သလို အပြုသဘော ရရှိလာ တဲ့ အကျိုးရလဒ်တွေ၊ စိန်ခေါ်ချက်တွေနဲ့ အကန့်အသတ်တွေကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ပါရှိပါတယ်။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ကုလ သမဂ္ဂ CEDAW ကော်မတီရဲ့ ဥက္ကဋ္ဌဟောင်းနဲ့ လက်ရှိအဖွဲ့ဝင်ဖြစ်တဲ့ သံအမတ်ကြီး ရိုဆာရီယို မယ်နာလိုက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖံ့ွဖြိုးတိုး တက်ရေးတွေကို ဆောင်ရွက်နိုင်ဖို့အတွက် ၂၀၁၈ ဇူလိုင်လ ၃၀ ရက်နေ့က သမ္မတကိုယ်တိုင် ဖွဲ့စည်းခဲ့ တာ ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။
Link : Here
No comments:
Post a Comment