" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, April 23, 2019

ကာလုံကို ဖျက်သိမ်းဖို့ ရခိုင်အမျိုးသားပါတီ ပြင်ဆင် ချက်တင်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-22
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကို ၂၀၁၉၊ ဧပြီ ၂၂ ရက်နေ့က ကျင်းပစဉ်
Photo: Pyidaungsu Hluttaw 
 
ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဖျက်သိမ်းဖို့ ရခိုင်အမျိုးသားပါတီက ဖွဲ့ စည်း ပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ပြင်ဆင်ချက် တင်သွင်းလိုက်တယ်လို့ အဲဒီပါတီက ကိုယ်စား လှယ် ဦးအောင်ကျော်ဇံက ပြောပါတယ်။
ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးမှာ အခန်း ၅၊ အုပ်ချုပ်ရေးကဏ္ဍကို ဆွေးနွေးရာမှာ ပြင်ဆင်ချက် တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီအခန်း ၅ ဟာ အဖွဲ့ဝင် ၁၁ ဦးပါ ကာလုံအဖွဲ့မှာ တပ်မတော်နဲ့ သက်ဆိုင်သူက ၆ ဦး၊ အရပ်ဖက်က ၅ ဦးသာ ပါဝင်ခွင့်ပေးထားတယ်ဆိုပြီး ဝေဖန်မှုတွေရှိနေတဲ့ ပြဌာန်းချက်ချက်တွေ ပါဝင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် အခြားတိုင်းရင်းသား ကိုယ်စားလှယ်အချို့ကလည်း ကာလုံမှာ တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး ပါဝင်ဖို့ အဆိုပြုချက်တင်သွင်းခဲ့ကြတယ်လို့လည်း ဦးအောင်ကျော်ဇံက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဒီကနေ့ ဆွေးနွေးရာမှာ ပုဒ်မ ၁၃၅ အထိ ပြီးစီးသွားပြီလို့ ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၅ ထဲက ပုဒ်မပေါင်း ၄၀ နီးပါးကို ဒီကနေ့မှာ ပြင်ဆင်ချက်ပေါင်း ၉၅၀ ကျော် တင်သွင်းခဲ့ကြတယ်လို့ ကိုယ်စားလှယ်အချို့က ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ကို ဆွေးနွေးတဲ့ ကိုယ်စား လှယ် တစ်ဦးတစ်ယောက်မှ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

ဖေဖော်ဝါရီလကုန်လောက်က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဝင် ၄၅ ဦးပါ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဟာ လာမယ့် ဇူလိုင်လမှာ ပြင်ဆင်ဖို့ ဆွေးနွေးသဘော တူညီချက်တွေကို ပြည်ထောင်စုလွှတ်တော်ထံ အစီရင်ခံစာ တင်သွင်းရမှာဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */