RFA
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းဒင်တောင်တန်းအနီးမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်မတော် AA တို့ မနေ့က တိုက်ပွဲဖြစ်ပွားတာကြောင့် ရိုဟင်ဂျာမွတ်ဆလင်အချို့သေဆုံးပြီး ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောကြပါတယ်။
လွတ်လပ်တဲ့ အာရှအသံ
2019-04-04
သေဆုံးဒဏ်ရာရရှိခဲ့တဲ့သူတွေကို ဘူးသီးတောင်ဆေးရုံမှာ တွေ့ရစဉ်
ဧပြီလ ၃ ရက်နေ့ နေ့လည်ပိုင်းလောက်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာ့ တပ်မတော်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာကြောင့် ရိုဟင်ဂျာမှုစလင် ၁၀ ဦးကျော်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
နေ့လည်ပိုင်းမှာ ရိုဟင်ဂျာမွတ်ဆလင်တွေဟာ စိုင်ဒင်ဝါးထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေချိန် မြန်မာ့တပ်မတော်က ရဟတ်ယာဉ်တွေက ပစ်ခတ်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရ ပါတယ်။
အဲဒီပြောဆိုချက်နဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော်ဘက်ကို ဆက်သွယ်မေးမြန်းရာ တပ်မတော် သတင်း အမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တိုက်ပွဲဖြစ်ပွားတာမှန်ကြောင်းနဲ့ ရဟတ်ယာဉ်သုံး တိုက်ခိုက်မှု ရှိ၊ မရှိကိုတော့ မသိကြောင်း RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနတွေမှာ သတင်းဖော်ပြထားတာကတော့ သေဆုံးဒဏ်ရာရမှုစာရင်း ဟာ ကွဲလွဲနေတာကိုတွေ့ရပါတယ်။
နိရဉ္စရာ သတင်းဌာနမှာတော့ ၆ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိကြောင်း ဖုန်ညိုလိပ်ကျေးရွာမှ မွတ်ဆလင် အရပ်လူကြီးတစ်ဦးဖြစ်သူ ဦးအဏ္ဍဝါကပြောကြောင်း ရေးသားဖော်ပြထားပါတယ်။
Development Media Group -DMG မီဒီယာမှာတော့ ၁၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရှိကြောင်း စိုင်းဒင် ဝါး ထုပ် လုပ်ရေးမှ အလုပ်သမားတာဝန်ခံ အဘူဖွေယောက ပြောဆိုကြောင်း ရေးသားဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရိုဟင်ဂျာမွတ်ဆလင်တွေ သေဆုံးတာနဲ့ပတ်သက်ပြီး ရခိုင့်တပ်မတော် AA ကို ဆက်သွယ်မေးမြန်းရာမှာ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မနေ့က တိုက်ပွဲ ဖြစ်ပွားတာမရှိကြောင်း RFA ကိုပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန့်မာတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၂သောင်း၅ထောင်ကျော်နဲ့ အိမ်ထောင်စုပေါင်း ၆ထောင်ကျော်ရှိတယ်လို့ RFA က ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။
Link : Here
No comments:
Post a Comment