" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 4, 2019

Rakhine State Investment Fair Attracts Investment Agreements


       Myanmar 
BUSINESS TODAY
Author: Zin Thu Tun | 04 Mar 2019
| Vol 7 Issue 10



The Rakhine State Investment Fair, held on February 22-23, has attracted investment agreements of substantial worth, according to Myanmar Investment Commission.

A number of Expression of Interest (EoI) documents were signed according to U Kyaw Aye Thein, Rakhine State Minister of the Ministry of Planning and Finance. Three of the agreements were between the government and private businessmen, and the rest were between private businessmen,

Most of the EOIs signed at the fair were in hotel and tourism industry, the minister said.

U Nyi Pu, Chief Minister of Rakhine State, noted that the development projects such as Kyauk Phyu Economic Zone, Deep Sea Port, and the Kaladan River development project will create good investment opportunities for local and foreign investors.

“Rakhine State is located at a strategic geographical location with various mode of transportations available like air, water, and roadways. It is also in a prime location for global trade with easy access to the sea,”he added.

Over 600 local investors and 200 foreign investors attended the two-day investment fair held at the famous Ngapali Beach in Rakhine State. The fair was organized by Rakhine State government and the Ministry of Investment and Foreign Economic Relations with the support of Japan International Cooperation Agency (JICA) and Japan External Trade Organization (JETRO). 


Myanmar Summary: 

ဖေဖော်ဝါရီ(၂၂) နှင့် (၂၃)ရက်၌ ကျင်းပခဲ့သော ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် ကျပ် ၇၇ ဘီလီယံ နှင့်
ကန်ဒေါ်လာငါးသန်းဖိုးရင်းနှီးမြှုပ်နှံရန် ကတိက၀တ်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။
ယင်းပြပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ စိတ်ပါဝင်စားမှု(EOI)အဆိုပြုလွှာများကို ပြပွဲ၏ ပထမရက် အတွင်း
လက်မှတ်ရေးထိုးနိုင်ခဲ့ရာ အစိုးရနှင့်လုပ်ငန်းရှင်ကြား အဆိုပြုလက်ခံလွှာ လက်မှတ်ရေးထိုးမှု (၃)ခုနှင့်
ကျန်လက်မှတ်ရေးထိုးမှုများသည် လုပ်ငန်းရှင်အချင်းချင်းရေးထိုးမှုများဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဦးကျော်အေးသိန်းက ဆိုသည်။
အဆိုပါEOI ရေးထိုးနိုင်ခဲ့သော လုပ်ငန်းအများစုသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်သည်ဟု ၀န်ကြီးက ဆိုသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသော ကျောက်ဖြူအထူးစီးပွားရေးဇုန်၊
ရေနက်ဆိပ်ကမ်းနှင့် ကုလားတန်မြစ်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းများရှိပြီး ယင်းစီမံကိန်းများသည် ပြည်တွင်းပြည်ပ
ရင်းနှီးမြုပ်နှံသူများအတွက် အခွင့်အလမ်းကောင်းများဖြစ်ပေါ်စေမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု ယင်းပွဲ၏အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
“ပထ၀ီနိုင်ငံရေးအရ အရေးပါတဲ့နေရာမှာ တည်ရှိပြီး ပြည်တွင်းကနေ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများနဲ့
သွားလာနိုင်တဲ့ဒေသတစ်ခုဖြစ်ပြီးတော့ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းမှာ မဟာဗျူဟာမြောက်ပြီး အချက်အချာ ကျတဲ့နေရာမှာ တည်ရှိနေပါတယ်”ဟု ၄င်းက ဆိုသည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေတွင် ပြုလုပ်သောယင်းပွဲသို့ စီးပွားရေးလုပ်ငန်းရှင် ၆၀၀ကျော်တက် ရောက်ခဲ့ပြီး နိုင်ငံတကာမှ လုပ်ငန်းရှင်(၂၀၀)ကျော်တက်ရောက်ခဲ့သည်။ ပြပွဲကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA)၊ ဂျပန်ပြည်ပ ကုန်သွယ်မှု(Jetro)တို့ကူညီပံ့ပိုးမှုဖြင့် ရခိုင်ပြည်နယ်အစိုးရ၊
ရင်းနှီးမှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ၀န်ကြီးဌာနတို့က ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


Link : https://www.mmbiztoday.com/articles/rakhine-state-investment-fair-attracts-investment-agreements

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */