Monday, March 11, 2019

နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ရဲမှူး ၁ ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေ

DVB
10 March 2019
ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မောင်တော်မြို့နယ် တောင်ပြိုနယ်မြေမှာ တာဝန်ထမ်းနေတဲ့ နယ်မြေမှူးတဦး မတ်လ ၉ ရက်နေ့ မနက်က ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားတယ်လို့ တာဝန်ရှိသူ တဦး ကပြောပါတယ်။

သေဆုံးသွားသူဟာ မောင်တောမြို့နယ် တောင်ပြိုနယ်မြေ (၃) အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (တောင် ပြိုယာ) မှ နယ်မြေမှူး ရဲမှူးငွေစိုး ဖြစ်ပါတယ်။

မောင်တောခရိုင် ဒုအုပ်ချုပ်ရေးမှူး ဦးရဲထူးက “တောင်ပြိုယာတာဝန်ထမ်းဆောင်နေတဲ့ နယ်မြေမှူးလို့ သိရပြီး တောင်ပြိုယာဆိုတာ နယ်စပ်ခြံစည်းရိုးနားက စခန်းဖြစ်တယ်။ မိမိကိုယ်ကို ပစ်သတ်တယ်လို့တော့ သိရ တယ်။ ဘယ်လိုဖြစ်တာလည်း အသေးစိတ်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။

နယ်မြေမှူး ရဲမှူး ငွေစိုးဟာ တောင်ပြိုယာမှာ တာဝန်ထမ်းဆောင်နေတုန်း အိပ်ခန်းအတွင်း သူကိုင်တဲ့ ပစ္စတို သေနတ်နဲ့ အဆုံးစီရင်ခဲ့တာလို့ ဆိုပါတယ်။ ရုပ်အလောင်းကို မောင်တောဆေးရုံ ပို့ဆောင်ပြီး စုံစမ်းစစ်ဆေး နေပါတယ်။

ဗညား

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */