Friday, March 1, 2019

အာဆာနှင့် အေအေပူးပေါင်းတိုက်ခိုက်နေဟု တရုတ် အထူးကိုယ်စားလှယ်ကို ကာချုပ်ပြော

DVB
1 March 2019
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ ရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းဟာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပါတယ်။

တွေ့ဆုံရာမှာ မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်မှာ အာဆာအကြမ်းဖက်အဖွဲ့နဲ့ အေအေတို့ ပူးပေါင်းပြီး ရခိုင် ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိအောင် ဆောင်ရွက်နေသည့်အခြေအနေ၊ ၂၀၂၀ ပြည့်နှစ်မှာ တနိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိဖို့ တပ်မတော်က ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေတွေ ဆွေးနွေးပြောဆိုခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

တရုတ်အထူးကိုယ်စားလှယ်အနေနဲ့ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေး မြန်မာနိုင်ငံဘက်က ဆောင်ရွက်ထားရှိမှုတွေ့ရှိချက်တွေနဲ့ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအစိုးရနဲ့ တပ်မတော်ရဲ့ ဆောင် ရွက်ချက်တွေကို ကုလ သမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာမှာ ထောက်ခံရပ်တည် ပေးနေမှုကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ စွန်းဂေါ်ရှန်းနဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော ဒေသရှိ ဒုက္ခသည်စခန်းတွေကို သွားရောက် ကြည့်ရှုလေ့လာခဲ့သလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နဲ့လည်း ဖေဖော်ဝါရီ ၂၇ ရက်က နေပြည်တော်မှာ သီးခြားတွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */