Tuesday, March 26, 2019

လူမျိုးတုံးသတ်ဖြတ်မှုဖြစ်အောင် မြန်မာကခွင့်ပြုထား

၂၀၁၉ ခု မတ်လ (၂၆) ရက်။
ဘာသာပြန်( Myanmar Muslim Media )

လူမျိုးတုံးသတ်ဖြတ်မှုဖြစ်အောင် မြန်မာကခွင့်ပြုထားခဲ့တာကြောင့် ရိုဟင်ဂျာဒုက္ခသည် အရေအတွက် ငွေသန်းပေါင်းများစွာ ကုန်ကျနေရတယ်လို့ မလေးနိုင်ငံခြားရေးဝန်ကြီးဆို

 “ရိုဟင်ဂျာဒုက္ခသည်အရေးကြောင့် လူသားချင်းစာနာ ထောက်ထားမှုထောက်ပံ့ရေးအတွက် ကမ္ဘာလုံး ဆိုင်ရာ အခွန်ထမ်းပြည်သူလူထုတွေရဲ့ငွေကြေးသန်းပေါင်းများစွာကုန်ကျနေရပါတယ်။ အကြောင်းက နိုင်ငံတစ်နိုင်ငံက လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု လူမျိုးတုံးသတ်ဖြတ်မှုကို ဖြစ်အောင်လို့ ခွင့်ပြုထားတာ ကြောင့်ဖြစ်တယ်”လို့ မလေးနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာတွေအတွက် တရားမျှတမှု လမ်းကြောင်းနိုင်ငံတကာ စာတမ်းဖတ်ပွဲမှာ ဆိုင်ဖူဒင်က မလေးရှား အနေနဲ့ ဘင်္ဂလားဒေ့ရှ် Cox’s Bazar က မလေးရှားဆိုင်ရာ ဆေးဘက်ဆိုင်ရာ ဆေးရုံနဲ့ပတ်သက်ပြီး သန်း ပေါင်းများစွာသုံးစွဲခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ “လူသားချင်းစာနာ ထောက်ပံ့မှုရေး လုပ်ငန်းစဉ် တွေ အ တွက် ကာတာကလည်း အမေရိကန် ဒေါ်လာ၁၅သန်း ထောက်ပံ့သွားဖို့နဲ့ ကနေဒါကလည်း ဒေါ်လာ သန်း ၃၀၀ပေးအပ်သွားဖို့ ကတိပြုခဲ့ကြပါတယ်။ ဒါတွေဟာ အခွန်ထမ်းပြည်သူလူထုတွေရဲ့ ငွေကြေးတွေဖြစ် ပါ တယ်။

ကျွန်တော်တို့ဒီလိုသုံးစွဲနေရတာဟာ နိုင်ငံတစ်နိုင်ငံကလူမျိုးတုံးသတ်ဖြတ်မှုဖြစ်အောင် ခွင့်ပြုထားတဲ့အခြေ အနေကြောင့်ဖြစ်ပါတယ်”လို့ သူကပြောကြားခဲ့ပါတယ်။

မလေးရှားအစိုးရဟာတွန့်တိုခြင်းမရှိပေမယ့်လည်း ဒီငွေကြေးတွေကိုတစ်ခြားအကျိုးရှိတဲ့နေရာတွေမှာ သုံးစွဲ အသုံး ချနိုင်တယ်လို့ ဆိုင်ဖူဒင်ကဆိုပါတယ်။ “ငွေကြေးအများအပြားကုန်ကျနေရပါတယ် ဒီငွေကြေးတွေကို ကျွန်တော်တို့တစ်ခြားအကျိုးရှိတဲ့နေရာတွေမှာအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့်ကျွန်တော်တို့ တာဝန်သိတတ် မှု ကနေ ထွက်ပြေးမဲ့သူမျိုးတွေမဟုတ်ပါဘူး။ ကျွန်တော်တို့ဆက်လက်ကုန်ကျခံသုံးစွဲသွားမှာဖြစ်တယ်”လို့ ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး မလေးရှားကလူသားချင်းစာနာထောက်ပံ့ရေးတွေ ဆက်လက်လုပ် ဆောင်သွားမဲ့အကြောင်း ထပ်ဖြည့်ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အနေအထားတွေကြောင့် ဒီပြသနာရှည်နေရတာဖြစ်ပါတယ်”လို့ သူကဆိုပါ တယ်။

The Star Online သတင်းဌာနပါ Mei Mei Chu ရေးသားသည့် “Saifuddin: Millions spent on Rohingya crisis because Myanmar allowed genocide to happen” အမည်ဖြင့်ဖော်ပြ ထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */