Saturday, March 16, 2019

မြောက်ဦးမှာ လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်၊ ရှေးဟောင်း စေတီတချို့ ပျက်စီး

B  B  C  
ဘီဘီစီ မြန်မာပိုင်း
2019-03-16
ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖို့ ကြိုးစားနေတဲ့ မြောက်ဦး ယဉ်ကျေးမှု ဒေသ
 
 ရခိုင်ပြည်နယ်က ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဖြစ်တဲ့ မြောက်ဦးမြို့ကမြို့ပေါ်ရပ်ကွက်တွေထဲမှာ မတ် ၁၅ ရက် ည ၁၀ နာရီ ကျော်ကျော်မှာ လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်တာတွေရှိခဲ့လို့ အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရသွားခဲ့သလို ရှေးဟောင်းစေတီတချို့လည်း ပျက်စီးထိခိုက်တာတွေရှိခဲ့တယ်လို့ မြောက်ဦး မြို့ခံတွေ က ဘီဘီစီကိုပြောပါတယ်။
                                                   
မတ် ၁၅ ရက်နေ့ ညပိုင်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးငယ်တွေဟာ မြောက်ဦးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ကျောက် ရာဇ်ကေရပ်ကွက်၊ ထမ္မရာဇ် ရပ်ကွက်စတဲ့ ရပ်ကွက်တွေထဲ အထိ ကျရောက်ခဲ့တယ်လို့ သိရပါ တယ်။

'' ကျောက်ရာဇ်ကေရပ်ကွက်မှာဆိုရင် အိမ်ခေါင်မိုးတွေဇကာပေါက်ဖြစ်သွားပြီး ဒေါ်ခင်ခင်သိန်းဆိုတဲ့ အမျိုး သမီးကို ထိသွားလို့ ဆေးရုံတင်ထားရတယ်။ ကျွန်တော်တို့ ထမ္မရာဇ်မှာတော့ လူနေအိမ်တွေနဲ့ သိပ်မဝေးတဲ့ စာသင်ကျောင်းရှေ့မှာ လောင်ချာခေါ်မလား မပေါက်ကွဲသေးတဲ့ လက်နက်ကြီး တစ်ခုကျ လာတယ်။

ထပေါက်ကွဲမှာကြောက်လို့ ဝေးဝေးကနေပဲ အဲနေရာကို ခြံခတ်ထားတယ်။'' လို့ ထမ္မရာဇ် ရပ်ကွက်မှာနေ ထိုင်တဲ့ ဦးလှကျော်က သူတို့ရဲ့ စိုးရိမ်ပူပန်မှုကို ဘီဘီစီကိုပြောပြပါတယ်။

ရပ်ကွက်ထဲကျနေတဲ့ လက်နက်ကြီးကို ဖယ်ရှား ပေးဖို့တော့ လွှတ်တော်ကိုယ်စားလှယ်ကို အကြောင်းကြား ထားတယ်လို့လည်း ဦးလှကျော်ကပြောပါတယ်။

မတ် ၁၅ ရက်ညပိုင်းက ပစ်ခတ်မှုတွေကြောင့် ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့သျစ်သောင်း ပုထိုးအနီးမှာလည်းပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ဆင်ချဆိပ်ရပ်ကွက်ရှိ ရှေးလက်ရာတစ်ဆူဖြစ်တဲ့ အနောက်မြေ ထဲ စေတီအောက်ခြေပိုင်းကိုလည်း လက်နက်ကြီးထိမှန်ခဲ့တဲ့အတွက် ပျက်စီးတာတွေရှိနေတယ်လို့ မြောက် ဦးမြို့ခံတွေက ပြောပါတယ်။

' ' ထုက္ကသိမ်နားမှာဆို ပေါက်ကွဲမှုတွေရှိခဲ့တယ်။ အရင်က တိုးရစ်တွေအလာများပေမယ့် ဒီနှစ်က ဘာမှ အခြေ အနေ မဟန်ဘူး။ ဆိုးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီနှစ်ဆို တစ်ခေါက်မှကို မသွားရတာ။ နိုင် ငံခြားသားဧည့်က အဲလောက်ထိရှားသွားတယ်။ တချို့ FIT အလွတ်ရောက်တာတွေ အနည်းအကျဉ်း တော့ရှိပေမယ့် နှစ်တိုင်းထက်စာရင်တော့ အောက်ဆုံးအဆင့်ကိုရောက်သွားတယ်လို့ တွေ့ရတယ်။'' လို့ ဧည့်လမ်းညွန်တစ်ဦးလည်းဖြစ်တဲ့ မြောက်ဦးမြို့ခံ ကိုထွန်းနေဝင်းက ဘီဘီစီကိုပြောပြပါတယ်။ရခိုင်ပြည် နယ်ထဲက မြို့အတော်များများမှာ မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ အကြားတိုက် ပွဲတွေ ပြင်းထန်လာတဲ့အတွက် နှစ်ဘက်ထိတွေ့မှုတွေလည်းခပ်စိပ်စိပ်ဆိုသလိုရှိနေပြီး တိုက်ပွဲတွေကြောင့် ထွက် ပြေး တိမ်းရှောင်နေရတဲ့ ဒေသခံတွေလည်းဆက်တိုက်ဆိုသလို တိုးလာ နေပါ တယ်။

မနေ့က မတ် ၁၅ရက်နေ့က ပစ်ခတ်မှုထဲက လူနေရပ်ကွက်တွေထိ ကျလာတဲ့ လက်နက်ကြီးငယ် တွေ ကတော့ မြန်မာ့ တပ်မတော်ရဲ့ ပစ်ခတ်မှုဖြစ်တယ်လို့ မြောက်ဦးမြို့ပေါ်ရပ်ကွက်မှာနေထိုင် သူ အများစုက ဘီဘီစီကို ပြောကြပါတယ်။

ဒါနဲ့ပတ်သက်ပြီးတော့ ဘီဘီစီအနေနဲ့ တပ်မတော်ဘက်ကို သီးခြားအတည်ပြုချက်တော့ မရယူနိုင်သေး ပါဘူး။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်သြဂုတ်လအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံခြားသား ဧည့် သည်ဝင်ရောက်မှုကျဆင်းလာခဲ့သလို အခုလို ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှာပါ ပစ်ခတ် တိုက် ခိုက်မှုတွေရှိလာတာကြောင့် မြောက်ဦးဒေသရဲ့ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာဖို့ဆိုတာဟာ ပိုမိုခက် ခဲလာနိုင်တယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတွေက သုံးသပ်ပြောဆိုကြပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */