" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, March 2, 2019

ဒုက္ခသည်တွေ ထပ်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်ကို ကုလ တိုက်တွန်း


VOA
ဗွီအိုအေ (မြန်မာဌာန)
02 မတ်၊ 2019
ကလေးချီထားတဲ့ ရိုဟင်ဂျာ အမျိုးသား ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ရှိ သံဆူးကြိုးအကာအရံတွေတလျှောက် လမ်းလျှောက်လာပုံ (စက်တင်ဘာ၊ ၀၇၊ ၂၀၁၇)

ပဋိပက္ခအခြေအနေကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဘေးကင်းလုံခြုံတဲ့နေရာမှာ ခိုလှုံခွင့်ပေးသင့်တယ် လို့ ကုလသမဂ္ဂ က ပြောလိုက်ပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီတဲ့နေရာမှာ သိပ်ကို သဘောထားကြီးလှပါတယ်။ ယေဘုယျအားဖြင့် တနှစ်အတွင်းမှာ နိုင်ငံတခုကိုရောက်သွားတဲ့ ဒုက္ခသည်အရေအတွက်ကို ကြည့်မယ်ဆိုရင် ၇သိန်း နီးပါးရှိပါတယ်။ ပဋိပက္ခကနေ ထွက်ပြေးလာသူတွေအနေနဲ့ သူတို့ ဘယ်ကို ပဲသွားသွား ဘေး ကင်းလုံခြုံတဲ့နေ ရာမှာ ခိုလှုံနိုင်ဖို့က အရေးကြီးပါတယ်” လို့ သောကြာနေ့ ကုလသမဂ္ဂ ပုံမှန် သတင်းစာရှင်း လင်းပွဲအတွင်း ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရ Stephane Dujarric က ပြောသွားပါတယ်။

ဒုက္ခသည်အကျပ်အတည်းဟာ“ဆိုးတဲ့အဆင့်ကနေ ပိုဆိုးတဲ့အဆင့်” ကို ရောက်သွားပြီဖြစ်ပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံအနေနဲ့ မြန်မာ နိုင်ငံက နောက်ထပ်ရောက်လာမယ့် ဒုက္ခသည်တွေကို လက်ခံနိုင်တဲ့အနေအထား မရှိတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး Shahidul Haque က လုံခြုံရေးကောင်စီမှာ တင်ပြပြီးတဲ့ နောက် ကုလသမဂ္ဂပြောခွင့်ရက အဲဒီလိုပြောသွားတာပါ။

ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ တခြားနိုင်ငံတွေဟာ သိပ်ကို သဘောထားကြီးလှပေမယ့်လည်း ဒီအခြေအနေ အကန့်အသတ်မဲ့ ဆက်ရှိနေမယ်လို့ မျှော်လင့်မထားနိုင်တဲ့အကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Schraner Burgener ကလည်းပြောပါတယ်။

သူ့ရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီကို ကြာသပတေးနေ့က အစီရင်ခံတင်ပြ တဲ့ထဲ မှာ မစ္စ Burgener က အဲဒီလိုပြောသွားတာပါ။

လက်ရှိမှာ အပြင်းအထန်ဆက်ဖြစ်နေတဲ့ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AAနဲ့ တိုက်ပွဲတွေဟာဒုက္ခသည် တွေ ဂုဏ်သိက္ခာရှိစွာ ကိုယ့်သဘောနဲ့ကိုယ် ဘေးရန်ကင်းကင်း နေရပ်ပြန်နိုင်ရေး ကြိုးပမ်း ချက်တွေ အပေါ် နောက် ထပ် သက်ရောက်လာမယ့်အရေး သူ စိုးရိမ်တယ်လို့ မစ္စ Burgener ကပြောပါတယ်။

မြန်မာအစိုးရနဲ့ ဆက်ပြီး ယုံကြည်မှုတည်ဆောက်ဖို့နဲ့ လက်တွဲလုပ်ဆောင်သွားဖို့အတွက် အားလုံး တစု တစည်းတည်း လုပ်ဆောင်သွားကြရမယ်လို့လည်း အထူးကိုယ်စားလှယ် Christine Burgener က လုံခြုံရေး ကောင်စီမှာ ပြောသွားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */