" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, February 10, 2019

ရခိုင်နဲ့ချင်းပြည်နယ်တွေမှာ တိုက်ပွဲပြင်းထန်လာမှု ကုလစိုးရိမ်



VOA
၁၀ ဖေဖော်ဝါရီ၊ ၂၀၁၉
ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးရွာရောက် စစ်ရှောင်များ ဓါတ်ပုံ -MP Oung Thaung Shway

မြန်မာနိုင်ငံတလွှား အိုးအိမ်ရွှေ့ပြောင်းနေထိုင်ရသူ ဘယ်လောက်ရှိနေတယ်ဆိုတာ အတိ အကျသိနိုင်ဖို့ သိပ်ခက်ခဲနေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရ Andrej Mahecic က ပြောကြားလိုက်ပြီး ပြည်တွင်းအိုးအိမ်ပြောင်းရွှေ့ နေထိုင် ရသူတွေနဲ့ ပြည်ပကို ထွက်ပြေးမယ့် ဒုက္ခသည် တွေ နောက်ထပ် တွေ့လာရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

ချင်းနဲ့ရခိုင်ပြည်နယ်တွေမှာ မြန်မာတပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ကြား တိုက်ပွဲတွေ တိုး လာ တာနဲ့အမျှ ပြည်တွင်းမှာရော၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကိုပါ ထွက်ပြေးသူတွေ ရှိနေတာကြောင့် စိုးရိမ်စိတ်ပူကြောင်း UNHCR က သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ တိုက်ပွဲဒဏ်ခံရတဲ့ ဒေသတွေမှာ UNHCR က လူသားချင်းစာနာမှု အကူ အညီတွေပေးဖို့ အဆင်သင့် ဖြစ် နေပေမယ့် စစ်ရှောင်အရေအတွက်ကို သေသေချာချာ သိရဖို့ သိပ်ခက်ခဲနေတယ်လို့ UNHCR ပြောခွင့်ရက ပြောပါတယ်။ မနှစ်က ဒီဇင်ဘာလ လောက်မှာ တိုက်ပွဲတွေ ဖြစ်ပွါးခဲ့တဲ့နောက် ရခိုင်ပြည်နယ်တွင်းနဲ့ တ ခြားဒေသတွေရဲ့ အခြေအနေမှန်ကိုသိရဖို့ အဲဒီဒေသတွေကို မသွားရောက်နိုင်တဲ့အတွက် ထိရောက်တဲ့ အကူညီတွေ ပေးလို့မရဘဲ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

မကြာခင်ရက်တွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံလာတဲ့ နောက်ထပ် ဒုက္ခသည်တွေကို နေခွင့်ပေးဖို့နဲ့ အကူညီတွေပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း UNHCR က ပန်ကြားခဲ့ပါတယ်။ UNHCR ရဲ့ အထူးသံတမန် ဟောလိဝုဒ် အကျော်အမော် Angelina Jolie ဟာ ပြီးခဲ့ဲတဲ့ သီတင်းပတ်တုန်းကပဲ ဘင်္ဂ လားဒေ့ရှ်နိုင်ငံက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရှိရာ ဒုက္ခသည်စခန်းတွေကို သွားရောက် ကြည့်ရှု ခဲ့သလို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို တွေ့ဆုံပြီး ဒုက္ခသည်တွေကို လက်ခံထား တဲ့အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */