" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, February 23, 2019

ဖွဲ့စည်းပုံအနှစ်သာရပျက်အောင် ပြင်ဆင်မည်ဆိုပါက တပ်မတော် အပြင်းအထန်ကန့်ကွက်မည်

VOA
ဗွီအိုအေ (မြန်မာဌာန)၊ 
23 ဖေဖော်ဝါရီ၊ 2019 
မေခ
  တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အနှစ်သာရကိုပျက်ယွင်းသွားမယ်ဆိုရင် တပ်မတော် ဘက်က ပြင်းပြင်း ထန်ထန် ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။ တပ်မတော်တာဝန်အရ အခြေခံဥပဒေ ရဲ့အနှစ်သာရမ ပျက်အောင် ကာကွယ်ခြင်းဖြစ်ပြီး လက်ရှိ အငြင်းပွားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာလည်း ဒါနဲ့ပတ်သက်လို့ ထိပါးလာရင် ကန့်ကွက်မယ်လို့ ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်း ထောက် မေခက ပေးပို့ထားပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်ရုံးက တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် ဘက်ကအခုလို ပြော ဆိုလိုက်တာပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာတော့ တပ်မတော် အနေနဲ့ အခြေခံဥပဒေကို အခြေခံရမယ့် မူ ၄၈ ချက်ကို ထိန်းသိမ်းဖို့တာဝန်ရှိပြီး ကျန်တဲ့အချက်တွေကို ပြင် ဆင်မယ်ဆိုရင် ဥပဒေနဲ့အညီ ဆောင်ရွက်ပါက ထောက်ခံသွားမယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ် ဗိုလ်မှူးချူပ်သန်းစိုးက ပြောပါတယ်။

တည်ဆဲဖွဲ့စည်းပုံပြင်ရေးနဲ့ပတ်သက်ပြီး တပ်မတော်ရပ်တည်မှုအပေါ် သူက -

“ဒီအဖွဲ့ထဲမှာ ကျနော်တို့ ပူးပေါင်းပါဝင်သွားမှာပါ။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အနှစ်သာရ ပျက်ယွင်း သွားမယ့်ကိစ္စမျိုး၊ နောက်.. ကျနော်တို့ ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံမှာ အတည်ပြုထားတဲ့ ဒီမို ကရေစီနဲ့ ဖယ်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုဖွဲ့စည်းဖို့ လမ်းကြောင်းကနေ သွေဖြည်သွားတာမျိုး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို ပျက်ပြားစေမယ့် ကိစ္စမျိုးတွေကို လက်ခံမှာ မဟုတ်ပါဘူး။ ဥပဒေနဲ့မညီတဲ့ ကိစ္စတွေကိုလည်း ကန့် ကွက်သွားမယ်။ ဒါ ဥပဒေနဲ့အညီ ဆောင်ရွက်တဲ့ကိစ္စတွေကို ကျနော်တို့က ထောက် ခံ ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အသင့် ပါပဲ။ ဒါ ကျနော်တို့ရဲ့ တာဝန်ဖြစ်ပါတယ်။”

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီး ချုပ်တွေကို နိုင် ငံတော်သမ္မတက တိုက်ရိုက် ခန့်အပ်ခွင့်ရှိတဲ့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ကို ထောက်ခံမယ်လို့ ပြောပေမဲ့ လက်ရှိလုပ်နေတဲ့ ပြင်ဆင်ရေးမှာ ဘယ်အချက်တွေ ပြင်ဖို့ လုပ်မလဲဆိုတာကို မပြောပါဘူး။ လက်ရှိမှာ အငြင်းပွားနေတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့တာအပြင် ဖွဲ့စည်းပုံပြင် ရးတွမှာ လက်ရှိ အာဏာရ ပါတီဘက်က ဥပဒေကို ကျော်လွန်လုပ်ဆောင်တာတွေရှိတယ်လို့ တပ်မတော် ဘက်ကစွပ်စွဲထားပါတယ်။

နောက်ပိုင်းမှာ ဒီထပ်ပိုပြီး ဥပဒေကိုကျော်လွန်လုပ်ဆောင်တာတွေရှိလာရင် တပ်မတော်ရဲ့ သဘောထား နဲ့ပတ် သက်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီက

“အခုနတုန်းက ဒါ့ထက်ကျော်လွန်ပြီးတော့မှ လုပ်မယ်ဆိုတာ ကျနော်တို့ ဒီလို လုပ်လိမ့် မယ်လို့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူ့လွှတ်တော်တို့၊ အမျိုးသားလွှတ်တော် တို့ဆိုတာ legislator တွေ၊ ဥပဒေပြု တဲ့လူတွေပါ။ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက် ရတဲ့ လူတွေပါ။ ဥပဒေနဲ့ပတ်သက်ပြီးတော့မှ ဥပဒေပြု အာဏာ သူတို့လက်ထဲမှာရှိပါတယ်။ အဲဒီလူတွေက ဥပဒေကို မျက်ကွယ်ပြုတာသော်လည်းကောင်း၊ ဥပဒေကို ကျော်လွန် လုပ်ဆောင်တာ သော်လည်းကောင်း လုပ်နေမယ်ဆိုရင် ပြည်သူ ဆုံးဖြတ်ပါလိမ့်မယ်။ ”

လက်ရှိတပ်မတော်ရဲ့နိုင်ငံရေးပါဝင်မှုဟာ ဆက်လက်ရှိနေဦးမယ်လို့ တပ်မတော်ဘက်က ဆိုလိုက်ပြီး လက် နက် ကိုင်အဖွဲ့အစည်းတွေ မရှိတဲ့အချိန်မှသာ တပ်မတော်ဟာ နိုင်ငံရေး ကနေ ထွက်ခွာသွား မှာဖြစ်ကြောင်း တပ်မ တော် သတင်းမှန်ပြန်ကြားရေးက ပြောလိုက်ပါ တယ်ရှင်။

 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */