Sunday, February 17, 2019

ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ဧရာဝတီ
By မင်းအောင်ခိုင်
17 February 2019
                                             ပေါက်ကွဲမှု ဖြစ်ပွာခဲ့သော နေရာ / Hla Shwe / Facebook
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာနှင့် သဲတော်ကြား ရန်ကုန် – စစ်တွေ ကားလမ်းမပေါ် တွင် ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနှစ် အချိန်ခန့်က ဗုံး ၂ လုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

ယိုးတရုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းက “နှစ်ကြိမ် ကြားရပါတယ်။ ကျနော်အပါအဝင် ရဲတပ်ဖွဲ့ ဝင်တွေ သွားကြည့်တော့ ကားလမ်းမ ဟိုဘက်၊ ဒီဘက်မှာ ပေါက်ကွဲမှု ဖြစ်တဲ့ ၂ နေရာကို မြင်ခဲ့ရပါတယ်။

 အဲဒီနေရာက သံစတချို့လည်း ရခဲ့ပါတယ်။ ထိခိုက်မှု ဖြစ်တာတွေကိုတော့ မတွေ့ခဲ့ရဘူး” ဟု ဧရာဝတီသို့ ပြော သည်။ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ၊ ရဲမှူးကြီးကြည်လင်းကတော့ ယင်းပေါက်ကွဲမှုဖြစ်သည့်နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးလျှက်ရှိပြီး ပေါက်ကွဲမှုကြောင့် လူ၊ ယာဉ် အပါအဝင် တစုံတရာ ထိခိုက်မှု မရှိကြောင်း ပြောသည်။

ရဲမှူးကြီး ကြည်လင်း က “ပေါက်ကွဲမှု ဖြစ်စဉ်ကတော့ မှန်ပါတယ်။ ထိခိုက်မှု မရှိဘူးလို့တော့ လောလော ဆယ် သိရတယ်။ ဘယ်သူတွေ လုပ်တယ် ဆိုတာတော့ဗျာ အဖျက်အမှောက် လုပ်ချင်တဲ့ အဖွဲ့တွေ ဖြစ် မှာပေါ့။ ဖြစ်စဉ် အသေးစိတ်ကိုတော့ ကျနော်တို့ အဖွဲ့တွေ သွား စစ်ဆေးနေပါတယ်။ ပြန်လာမှပဲ သိရမယ်” ဟု ဧရာဝတီသို့ ပြော သည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အချိန်အခိုက်အတန့်သာ ကားများ ဖြတ်သန်းသွားလာမှု မရှိသော်လည်း လက် ရှိအ ချိန်တွင် ကားလမ်းမတလျှောက် ယာဉ်များ ပုံမှန်သွားလာမောင်းနှင်လျှက် ရှိကြောင်း ဒေသခံများကလည်းပြော သည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ၊ ယိုးတရုတ် ကျေးရွာအနီး ရန်ကုန်- စစ်တွေ ကားလမ်းမပေါ်တွင် စစ်တွေဘက်မှ ကျောက်တော်ဘက်သို့ မောင်းနှင်လာသည့် တပ်မတော်ယာဉ် တန်း ဖြတ်သွားစဉ် ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့သေးသည်။

Link :Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */