RFA
လွတ်လပ်တဲ့ အာရှအသံ
February 23, 2019
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဂျပန်နိုင်ငံ၊ THE ASAHI SHIMBUN သတင်းဌာနတို့ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ တွေ့ဆုံခဲ့စဉ်
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးဆီ ပေးပို့ပြီးမှသာ သတင်းထုတ်ပြန်ဖို့ ကြိုတင်သဘောတူထား ခဲ့ပေ မယ့်လည်း အဆာဟိရှင်ဘွန်းဖက်က သတင်းထုတ်လွှင့်ခဲ့လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံ တာ ဝန်ယူဖြေရှင်းပေးဖို့ အကြောင်းကြားစာ ပေးပို့ထားတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဖက် လုပ်ထုံးလုပ်နည်း ဥပဒေကြောင်းပိုင်းဆိုင်ရာနဲ့ပဲ ဖြေရှင်းသွား မယ် လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက အခုလို ပြောပါတယ်။
"ကျွန်တော်တို့ ၁၉ ရက်နေ့မှာ ဒီတိုင်စာကိုရရှိတယ်၊ ဥပဒေနည်းဥပဒေအတိုင်း ကျွန်တော်တို့ ဆောင် ရွက်သွားမှာဖြစ်ပါတယ်၊ တိုင်ကြားတဲ့စာ အထောက်အထားတွေ လိုအပ်တဲ့အတွက်ကြောင့် ဒီတိုင်စာ အပေါ်မှာ တိုင်ကြားသူဖက်က အထောက်အထားတွေ တောင်းထားပါတယ်၊ တစ်ဖက်ကိုလည်း ညှိုနှိုင်း ဆောင်ရွက်ဖို့ သောကြာနေ့မှာ ၁ ရက်နေ့ကျတာပေါ့ ဒီကိစ္စကို နှစ်ဖက်ကို ညှိုနှိုင်းဆောင်ရွက်ပေးမှာ ပါခင်ဗျ၊ ဟုတ်တယ် မတ်လ ၁ ရက်နေ့မှာပါ"
ကာကယံရှင်အဖွဲ့အစည်းနှစ်ခုအနေနဲ့ ဘယ်လိုသဘောတူညီချက်တွေရယူထားတယ်ဆိုတာ သေချာ မသိ တဲ့အတွက် ဒီလိုဖြစ်စဉ်မျိုးကို နားလည်ရခက်တယ်လို့လည်း ဝါရင့်သတင်းမီဒီယာသမားတွေက ပြောကြ ပါတယ်။
မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းရဲ့ အတွင်းရေးမှူး ဦးသစ္စာက သူ့အမြင်ကို အခုလို ပြော ပါတယ်။
"နှစ်ဦးနှစ်ဖက် အဆင်ပြေလို့တွေ့ကြတာ ဒီအပေါ်မှာ ဘာမှပြောစရာမရှိပါဘူး၊ ဘယ်လိုသဘော တူညီ ထားလဲဆိုတာ ဘယ်လိုဆောင်ရွက်ထားလဲ ဆိုတဲ့အပေါ်မူတည်ပါတယ်၊ ကျွန်တော်တို့ကျတော့ သူတို့ ဘယ်လိုသဘောတူညီထားလဲ ဘယ်လိုရှိလဲဆိုတာ မသိနိုင်ဘူးလေ၊ သူတို့ဖြစ်တာ ဒါတစ်ခါမှမကြား ဖူး ဘူး ဒါ ပထမဆုံးကြားဖူုးတာပဲ၊ အင်တာဗျူးတာ အင်တာဗျူးအတိုင်းရေးရင် ပြီးတာပဲလေ အင်တာဗျုး အတိုင်းမရေးရင်တော့ ဒါသတင်းကျင့်ဝတ် ဖောက်ဖျက်တာပေါ့၊ သတင်းရေးတာကို ပြန်တင်ပြရမလို ဖြစ်နေပြီ"
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာ မှာ အခုလို ပြောပါတယ်။
"အသေးစိတ်တော့ မသိဘူးဗျ အဲဒါတော့ ကျွန်တော်တို့ဆီက ပို့ထားတာရှိတယ်၊ အဆာဟိရှင်ဘွန်းက လည်း ကျွန်တော်တို့ တပ်ချုပ်ကြီးဆီ တောင်းပန်စာပြန်ပြီးတော့ ပို့ထားတာရှိတယ် ဟုတ်ကဲ့ပါ"
ဒါကတော့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံ အဆာဟိရှင်ဘွန်းသတင်းဌာနကို တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်ရုံးက တိုင်ကြားစာပေးပို့ထားတာနဲ့ပတ်သက်ပြီး နားဆင်ခဲ့ရတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။
Link : Here
No comments:
Post a Comment