Friday, February 1, 2019

ရိုဟင်ဂျာအရေး ကူညီဖြေရှင်းဖို့ ကန်ကို ဘင်္ဂလား ဒေရှ့်တိုက်တွန်း



VOA
February 01, 2019

အမေရိကန်အစိုးရရဲ့ တခြားနိုင်ငံတွေနဲ့ထားရှိတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို အသုံးချပြီး ရိုဟင်ဂျာပြဿ နာ အဆုံးသတ်ရေးအတွက် မြန်မာကိုနားချပေးဖို့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမေရိကန် သံအမတ်ကြီးEarl Miller ကို ပန်ကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသစ် AK Abdul Momen က ပြော ပါ တယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက သူ့ရုံးခန်းမှာ ကြာသပတေးနေ့ သံအမတ်ကြီးနဲ့ တွေ့ဆုံအပြီးမှာ သတင်း ထောက်တွေကို ပြောကြားခဲ့တာဖြစ်ပြီး သံအမတ်ကြီးကလည်း သူတို့ လုပ်ဆောင်မှာဖြစ်ကြောင်း ဖြေကြားခဲ့တယ်လို့လည်း ပြောပါတယ်။

သူတို့ ၂ ဦးရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပွဲမှာ ကောင်းမွန်တဲ့အုပ်ချုပ်မှုနဲ့ ဒီမိုကရေစီဆိုင်ရာကိစ္စရပ်တွေ အပြင် စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု၊ စစ်သုံးပစ္စည်းရောင်းချမှုနဲ့ အင်ဒို ပစိဖိတ်ဒေသ ဆက်ဆံရေး အပါအဝင် အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ကြား ခိုင်မာတဲ့ ဆက်ဆံရေး ဘယ်လို တည်ဆောက်မှုနိုင်တယ် ဆိုတာတွေ ကို ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို ဌာနေပြန်ပို့ရေးကို မြန်မာအစိုးရက အရှိန်မြှင့် လုပ် ဆောင်လာစေရေးအတွက် နိုင်ငံတကာက ဝိုင်းဝန် ဖိအားပေးကြဖို့ ဗုဒ္ဓဟူးနေ့ကလည်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina က သူ့ရဲ့ နေအိမ်မှာ ဗီယက်နမ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Nguyen Quoc Dzung နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား ဒုက္ခသည် ပြန်လက်ခံရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုထားပေ မယ့် အကောင်ထည်ဖေါ်ရေး မှာတော့ နှေးကွေးနေသေးတယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ကြောင်း ပြန်ကြားရေး အတွင်း ဝန် Ihsanul Karim က သတင်းထောက်တွေကို ပြောပါတယ်။ လက်ရှိမှာ Cox’s Bazar မှာ ရှိတဲ့ ဒုက္ခသည် တချို့ကို Bha shan char ဒေသကို ယာယီပြောင်းရွှေ့ပေးထားတယ် လို့လည်း ပြန်ကြား ရေး တာဝန်ရှိသူက ပြောပါတယ်။
  
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */