Tuesday, January 8, 2019

ရခိုင်ဒေသ စစ်ရေးတင်းမာမှုကြောင့် ဒေသခံတွေ ဆက်လက် တိမ်းရှောင်

VOA 
ဗွီအိုအေမြန်မာပိုင်း 
နိုင်ကွန်းအိန်

၀၈ ဇန်နဝါရီ၊ ၂၀၁၉
ကျောက်တော်မြို့နယ် ယိုးချောင်းအနောက်ဖက်တောင်မင်းကုလားရွာရောက် စစ်ဘေးဒုက္ခသည်များ (ဓါတ်ပုံ -Wan Lark Foundation)
 
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ရခိုင်တပ်မတော် AA နဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေကြား ရခိုင် ပြည် နယ်နဲ့ ချင်းပြည်နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါ တယ်။ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူ ဒေသခံတွေ ပိုများလာနေကြောင်းလည်း ဒေသခံတွေနဲ့ အကူအ ညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ လွတ်လပ်ရေးနေ့တုန်းက ရခိုင်ပြည်နယ်တွင်း ရဲကင်းစခန်းတွေကို ရခိုင်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့တာကို တပ်မတော်က တုံ့ပြန်ဖို့ သမ္မတက ညွှန်ကြားခဲ့ပြီးနောက် ဒေသတွင်း အခြေအနေတွေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေး ပို့ထား ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမြန်မာတပ်မတော်နဲ့ရခိုင်လက်နက်ကိုင်အဖွဲ့AAတို့အကြားတိုက်ပွဲဖြစ်ဖြစ်ပွါးနေဆဲဖြစ် ပြီး စစ်ဘေးရှောင်ရွာသားတွေလဲတိုးပွါးလာနေပါတယ်။

ဒီကနေ့အင်္ဂါနေ့နဲ့ မနေ့ကတနင်္လာနေ့မှာချင်းပြည်နယ်အလက်ဝမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ တိုက် ပွဲဖြစ်ပွါး နေတယ်လို့ AAပြန်ကြားရေးတာဝန်ခံခိုင်သုခကပြောပါတယ်။

“အသံတွေတော့ကြားနေရတယ်။

ဒါပေမဲ့လို့ကျွန်တော်ဆီကိုတော့အသေးစိပ်အချက်အလက်တွေတော့ ဘာမှ ရောက်မလာသေးဘူး။ မနေ့ ကတော့ အလက်ဝမြို့နယ်ရဲ့အထက်ပိုင်းမှာ ဒိုးချောင်းဝရွာအနားမှာတော့ တိုက် ပွဲဖြစ်တယ်။ နောက်ဒီ ဘူး သီးတောင်ဖက်မှာလဲ သူတို့ဒီ လက်နက်ကြီးတွေနဲ့ရမ်းသန်းပစ်ခတ်နေတာတွေရှိတယ်။”

တိုက်ပွဲဖြစ်ပွါးနေကြောင်းအတည်ပြုနိုင်ပေမဲ့ ထိခိုက်မှုအခြေအနေကိုတော့မသိရှိရသေးဘူးလို့ ခိုင်သုခက ဆို ပါတယ်။

ဒီကနေ့ပလက်ဝမြို့နယ် ဒိုးချောင်းဝကျေးရွာအနီးမှာမြန်မာစစ်တပ်နဲ့ရခိုင်တပ်ဖွဲ့AAတို့အကြား တိုက်ပွဲဖြစ် ပွါးခဲ့ ကြောင်း ပလက်ဝဒေသခံတဦးကပြောပါတယ်။

“သူကဖြစ်တာက ဒလက်ချောင်း ဒိုးချောင်း၀ အနားလေးမှာဖြစ်တာ။ ကျွန်တော်တို့အလက်ဝနဲ့တော့ တော် တော် လေးဝေးတယ်။”

ချင်းပြည်နယ်ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်လို့ ပြည်သူ့ဆက် ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး၊ တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောပါ တယ်။

“ချင်းပြည်နယ်ဘက်မှာကျွန်တော်ပြောလို့မရဘူး. ကျွန်တော်မသိရဘူး။ အော် ရှိနိုင်ပါတယ်။ ဘူးသီးတောင် မောင်တောဘက်တော့ ကျွန်တော်တို့ ခုလောလောဆယ်ထိတော့မကြားသေးဘူး။”

ဒီဇင်ဘာ(၆)ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်ချောင်းတစ်လျှောက်မှာ ပစ်ခတ်မှုဖြစ်ပွါးခဲ့တာကြောင့် မြိုမချောင်းကျေးရွာအနီးလက်နက်ကြီးကျည်တွေကျရောက်ခဲ့လို့ ရွာသား( ၇၄ )ဦးဟာကြာညိုပြင်ကျေးရွာကို စစ် ဘေးတိမ်းရှောင်နေရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းကအခုလိုပြောပါတယ်။

“ပြင်ချောင်းအုပ်စုမြို့မချောင်းကျေးရွာ။ လူဦးရေက(၇၄)။ သူတို့ကစစ်ဘေးတိမ်းရှောင်တယ်ဆိုတာဟိုမှာ ရွာအနားမှာ လက်နက်ကြီးကျည်ကြောင့်ပေါ့။ လက်နက်ကြီးကျည်ဆံကျလို့ထွက်ပြေးတာ။”

ဘူးသီးတောင်မြို့နယ်ဘက်မှာ စိုင်းဒင်ချောင်း စည်တောင် စေတီတောင် စပါးထားကျေးရွာစစ်ရှောင် စခန်း တွေမှာ စစ်ဘေးရှောင်ဦးရေ(၄၀၀)ကျော်ရှိနေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင် သောင်းရွှေ ကပြော ပါတယ်။

အလားတူ ကျောက်တော်မြို့နယ်ဘက်မှာလဲ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေမှုကြောင့် သလူချောင်းကျေး ရွာသား တွေ နေရပ်ကနေတိမ်းရှောင်ဖို့ပြင်ဆင်နေသလို ဝါးတောင်စစ်ရှောင်စခန်းမှာနေသူတွေ အခက် တွေ့နေတဲ့ အခြေ အနေကိုတော့ အကူညီပေးရေးအဖွဲ့ဝင် ဦးဇော်ဝင်းကဆိုပါတယ်။

“သလူချောင်းဘက်မှာ ကန်စောက်ရွာအနီးမှာရှိတဲ့အမြှောက်တပ်က ဟိုတနေ့က ညနေ(၁၂)နာရီ ကျော် လောက် မှာ အခေါက်(၁၀)ကျော်လောက်ထုတယ်လို့ကြားတယ်ဗျ။ သလူချောင်းရွာအနီးတဝိုက်မှာ ကျတယ် လို့ရွာသားတွေက ပြောတယ်။ ညအချိန်ကလဲ သန်းခေါင်ကျော်ညဉ့်နက်နေတော့ သူတို့ကတော့အကုန်လုံး ဗုံးကျင်းထဲမှာ ဝင်ပုန်းနေ ကြတယ်။ စိုးရိမ်ကြောက်လန့်ပြီးတော့ ရွာကထွက်ပြေးမလို့လုပ်နေကြတယ်။ မနေ့ကဆိုရင်လေ။ ဒီကားလမ်းနံ ဘေးမှာရှိတဲ့ ဒီဝါးတောင် ကယ်ဆယ်ရေးဒုက္ခသည်စခန်းမှာဆိုပိုပြီးတော့ ဆိုးဝါးတဲ့အနိဌာရုံတွေမြင်ရတယ်။ မိုးရွာ တယ် လေတိုက်တယ်။ တာလပတ်တွေလွင့်ပါသွားတာတို့ လယ် ကွင်းထဲမှာ တာလပတ်ထိုးပြီးနေရတာကိုး။ အကုန် လုံးကတော့ရေတွေတက် တအားကိုစိတ်ထိခိုက် စရာ လေးတွေမြင်တွေ့ရတယ်။”

၂၀၁၈ နိုဝင်ဘာလကုန်ကစပြီး ၂၀၁၉နှစ်သစ် ဒီကနေ့အထိ နှစ်ဖက်တိုက်ပွဲကြောင့် ကျောက်တော်မြို့နယ် အပါ အဝင် ဘူးသီးတောင် ရသေ့တောင် ပုဏ္ဏားကျွန်းမြို့နယ်တွေဘက်မှာ စစ်ရှောင်ဦးရေတိုးလာနေ တယ် လို့ ဦးဇော်ဝင်းကဆက်ပြောပါတယ်။

“ဒီကားလမ်းနံဘေးမှာရောက်နေတဲ့စစ်ရှောင်တွေကလဲ စစ်ရှောင်အခက်ခဲဖြစ်သလို သလူချောင်းမှာရှိတဲ့စစ် ရှောင် ရယ်။ ငစရိုင်းကိုင်းမှာရှိတဲ့စစ်ရှောင်ရယ်။ အဲတာအကုန်လုံးပေါင်းလိုက်ရင်(၃၀၀၀)ကျော် လောက်ရှိ မယ်။ကျောက်  တော်မြို့နယ်သပ်သပ်လေ။ တပြည်နယ်လုံးပေါင်းလိုက်ရင် (၆၀၀၀)ကျော်လောက်ရှိမယ်။”

ကျောက်တော်ကားလမ်းနံဘေးမှာရှိတဲ့ တောင်မင်းကုလား ကန်စောက် ဝါးတောင်စတဲ့စစ်ရှောင်စခန်းတွေမှာ စား နပ်ရိက္ခာအခက်ခဲမရှိပေမဲ့ ယိုးချောင်းအထက်ပိုင်းမှာရှိတဲ့ သလူချောင်းကျေးရွာမှာစစ်ရှောင်ဦးရေ (၁၁၀၀) ခန့်ရှိနေပြီး စားနပ်ရိက္ခာသယ်ဖို့အရေးကိုတော့မြန်မာစစ်တပ်ဖက်ကပိတ်ပင်ထားတယ်လို့ စစ်ရှောင်စခန်းတာဝန် ရှိ သူတွေ ကပြောပါတယ်။

ပြီးခဲ့တဲ့ဇန်ဝါရီလ(၄)ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်မှာရှိတဲ့နယ်ခြားစောင့်ရဲကင်းစခန်း(၄)ခုကို AAဘက် က စီး နင်းတိုက်ခိုက်ခဲ့အပြီး တပ်မတော်ဖက်က တန်ပြန်ထိုးစစ်ဆင်မှုတိုးပြီးလုပ်ဆောင်လာနေတာပါ။

ရခိုင်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှု ခံရပြီးတဲ့နောက်၊ မနေ့က နိုင် ငံတော်သမ္မတအပါအဝင် အစိုးရအကြီးအကဲတွေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အပါ အဝင် စစ်ဖက် ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးရာမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို နှိမ်နင်းစစ်ဆင်ရေး လုပ်ဆောင်သွားဖို့ လိုအပ်ရင် လေကြောင်း အပါအဝင် တပ်အင်အားတိုးသုံးဖို့ကိစ္စကို နိုင်ငံတော်သမ္မတရုံး ကနေ စစ်ဖက်ကို ညွှန် ကြားထားတယ်လို့ သမ္မတရုံးပြောခွင့်ရသူက ပြောပါတယ်။

တပ်မတော်အနေနဲ့ ရခိုင်မြောက်ပိုင်းဒေသအတွင်းစစ်ဆင်ရေးလုပ်ဆောင်မယ်ဆိုရင် တိုက်ပွဲတွေပြင်းထန် လာမှာဖြစ်ပြီး စစ်ဆင်ရေးဒေသကပြည်သူတွေအတွက် လုံခြုံရေးစိုးရိမ်စရာအနေအထားမှာရှိလာနိုင်သလို စစ်ဘေးရှောင် ဒုက္ခသည်တွေတိုးပွါးလာမဲ့အခြေအနေရှိလာမယ်လို့လဲ ရခိုင်နိုင်ငံရေးပါတီခေါင်းဆောင် တွေက ထောက်ပြနေကြပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */