၅ ဇန်နဝါရီ ၂၀၁၉
![]() |
အေအေအဖွဲ့က ဝင်တိုက်ခိုက်တာခံခဲ့ရတဲ့ ဘူးသီးတောင်ရဲကင်းစခန်းတစ်ခု (ဓာတ်ပုံ မူပိုင်MOI ) |
ဇန်နဝါရီလ ၄ ရက်နေ့က ဘူးသီးတောင်မြို့နယ် ငမြင်းဘော်၊ ကျောင်းတောင်၊ ဂုပ္ပိနဲ့ ခထီးလှ နယ်ခြားစောင့်ရဲစခန်း ၄ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တပ်ဖွဲ့ဝင်တွေကို ဘူးသီးတောင်မြို့နယ် တောင်ပဇာနယ်မြေရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်နေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
တိုက်ခိုက်ခဲ့သူတွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ၊ လက်နက် အရေးပေါ်ပြစ်ဒဏ်စီရင်မှုယာယီအက်ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ဒီလိုစခန်းတွေ တိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာနကတော့ ဘူးသီးတောင်မြို့နယ်အတွင်းမှာရှိတဲ့ ငမြင်းဘော်ရဲစခန်း၊ကျောင်းတောင်ရဲစခန်းနဲ့ ခထီးလှရဲစခန်းတွေကို အေအေအဖွဲ့ကခေါင်းဆောင်စိစစ်ဆဲ အင်အား ၁၀ဝ ခန့်စီနဲ့အသီးသီးဝင်တိုက်ခဲ့တာဖြစ်ပြီး တခါ ဂုပ္ပိရဲစခန်းကို အင်အား ၅၀ ခန့်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
![]() |
အေအေအဖွဲ့က ဝင်တိုက်ခိုက်လို့ ကျည်ဆန်ရာတွေနဲ့မြင်ရတဲ့ ဘူးသီးတောင်ရဲကင်းစခန်းတစ်ခု (ဓာတ်ပုံ မူပိုင်MOI ) |
ဒီနောက်တော့ နာရီပိုင်းအကြာမှာပဲ အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့သူ ၁၈ ဦးဖြစ်တဲ့ အမျိုးသမီး ၄ ဦး၊ နယ် ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃ ဦး၊ လဝက ဝန်ထမ်း ၁ ဦးတို့ကို ဇန်နဝါရီလ ၄ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ အေအေအဖွဲ့ရဲ့ ပြောခွင့်ရသူ ခိုင်သုခက ပြောထားပါတယ်။
'တပ်မတော်ကတော့ ဒီသတင်းကို အတည်မပြုနိုင်သေးဘူး' လို့ တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ခေါင်း ဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
- မောင်တောဒေသတဝိုက် တိုက်ခိုက် မီးလောင်မှုတွေ ဆက်ရှိနေ
- အစိုးရတပ်နဲ့ AA တပ်ဖွဲ့ တိုက်ပွဲဖြစ်၊ နှစ်ဘက်ကျဆုံး
တိုက်ခိုက်ခဲ့သူတွေကို တပ်မတော်က ပြန်လည်နှိမ်နင်းခဲ့ရာမှာတော့ ဟယ်လီကော်ပတာနဲ့ ပစ်ခတ်ခဲ့လို့ ခထီးလှကျေးရွာမှာ နေအိမ် ၇ လုံးမီးလောင်၊ ၂ လုံးပျက်စီးခဲ့ပြီး ဒေသခံတွေကတော့ နီးစပ်ရာ စာသင်ကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ ခထီးလှကျေးရွာဘုန်းကြီးကျောင်း ဆရာတော်ကြီးက ပြောပါတယ်။
Link : Here
No comments:
Post a Comment