BBC
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ဘာဆာရာကျေးရွာမှာ မွတ်စလင်ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေကနေ ထွက်ခွာလာတဲ့ မွတ်ဆလင် ၁၆ ဦးကို ဇန်နဝါရီလ ၂၄ ရက်နေ့ညပိုင်းက ရဲတွေကဖမ်းမိခဲ့ပါတယ်။
လူတစ်ဦးကို ငွေကျပ် ၁၅ သိန်းကျစီယူပြီး မလေးရှားကို ပို့ဖို့ခေါ်ဆောင်လာတဲ့ ပွဲစား ၂ ဦးကိုလည်း ဖမ်း ဆီးခဲ့ပါတယ်။
တခါ ရခိုင်ပြည်နယ်၊ အမ်းမှာလည်း ရန်ကုန်ကိုသွားကြမယ့် အထောက်အထားမဲ့ မွတ်စလင်ဒုက္ခသည် ၁၁ ဦးကိုလည်း စစ်ဆေးရေးဂိတ်မှာ မိခဲ့ပါတယ်။
စစ်တွေနဲ့ အမ်းမှာလိုပဲ ပဲခူးတိုင်း မင်းလှမြို့နယ်မှာလည်း အထောက်အထားမဲ့ဝင်လာတဲ့ ရခိုင်ပြည်နယ်က မွတ်စလင် ၄ ဦးကို ဖမ်းမိခဲ့သလို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်တုန်းကလည်း ကျောက်တော်ကနေ ရန်ကုန် ကိုသွားကြမယ့် မွတ်စလင် ၁၂ ဦးကို ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာ ဖမ်းမိခဲ့ပါတယ်။

ဆက်စပ်သတင်းများ
- ကျောက်တန်းမှာ ရခိုင်ဒုက္ခသည်စခန်းက မွတ်ဆလင် ၁၀၆ ဦး ကို ဖမ်းမိ ( ၁၆.၁၁.၂၀၁၈ )
- စစ်တွေမြို့နယ်က မွတ်ဆလင် ဒုက္ခသည်တွေ မူရင်းနေရာတွေမှာပဲ ပြန်နေလို ( ၂၅.၀၈.၂၀၁၈ )
စစ်တွေမြို့နယ်က မွတ်ဆလင် ဒုက္ခသည်တွေ မူရင်းနေရာတွေမှာပဲ ပြန်နေလိုရခိုင်ပြည်နယ်ထဲက မွတ်ဆလင်တွေ နေရပ်စွန့်ခွာမှု ပိုများလာတာနဲ့ ပတ်သက်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက 'ရခိုင်ဘက်မှာ သူတို့ကို ပိတ်လှောင်ထားသလို ဖြစ်နေတယ်၊ အလုပ်အ ကိုင်ရှား ပါးမှုတွေ၊ စားဝတ်နေရေး အခက်ခဲတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေကို ခိုးထွက်နေကြတာဖြစ်တယ်' လို့ ပြောပါတယ်။
အစိုးရကတော့ အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ထဲက ထွက်ခွာလာတဲ့ မွတ်ဆလင်တွေ ဖမ်းမိမှု ပိုများ လာတာဟာ အရင်တုန်းကထက် ဖမ်းဆီးစစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် ဆောင်ရွက်လာ တာကြောင့်လို့ ပြောပါတယ်။
အစိုးရကတော့ အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ထဲက ထွက်ခွာလာတဲ့ မွတ်ဆလင်တွေ ဖမ်းမိမှု ပိုများ လာတာဟာ အရင်တုန်းကထက် ဖမ်းဆီးစစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် ဆောင်ရွက်လာ တာကြောင့်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ရဲမှူးကြီး ကြည်လင်းကတော့ ရခိုင်ပြည်နယ်ထဲက ထွက်ခွာလာနေတဲ့ မွတ်ဆလင်တွေဟာ သူတို့တွေရဲ့ အခွင့်အရေးအရ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိလို့ ဒီကထွက်ခွာဖို့ ကြိုးစားတာဖြစ်ပြီး သတ်မှတ်ချက်ကျော်လွန်သွားတဲ့ ဖြစ်ရပ်တွေကို စစ်ဆေးအရေးယူနေတယ်လို့ ပြောပါတယ်။အခု စစ်တွေနဲ့ အမ်းမှာ ဖမ်းမိခဲ့တဲ့ မွတ်စလင်တွေဟာ ဘာဆရာ၊ ဘုမေ၊ အုန်းတောကြီး၊ မကျည်းမြိုင်၊ ဒါးပိုင်စတဲ့ ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေက ဖြစ်ကြပြီး သူတို့တွေကို ခေါ်လာခဲ့သူ ၂ ဦးကိုတော့ 'သွေးဆောင်ခေါ်ယူမှု၊ လူခိုးမှု ပုဒ်မတွေနဲ့ စခန်းမှာ အမှုဖွင့်ထားတယ်' လို့ ရခိုင်ပြည်နယ်ရဲမှူးကြီး ကြည်လင်းက ပြောပါတယ်။
Link : Here
No comments:
Post a Comment