" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, January 23, 2019

ကုလအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် ပေါက်တောက ဒုက္ခသည်စခန်းတွေကို သွား ရောက်


      ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်းဘာဂနာ စစ်တွေမြို့ကို ရောက်ရှိလာစဉ်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်းဘာဂနာဟာ ရခိုင် ပြည်နယ် ပေါက်တောမြို့နယ်က ကြိမ်နီပြင် နဲ့ အနောက်ရဲ မွတ်စလင် ဒုက္ခသည်စခန်းတွေကို ဒီနေ့ သွားရောက်ခဲ့ပါတယ်။ဒုက္ခသည်တွေဘက်က သူတို့အနေနဲ့ သွားလာရေး အခက်အခဲတွေရှိနေကြောင်းနဲ့ နေထိုင်စားသောက် ရေး အခက်အခဲတွေရှိနေကြောင်း တင်ပြခဲ့တယ်လို့ RFA ကို ပြောပါတယ်။ တစ်ဆက်တည်းမှာပဲ မစ္စ ဘာဂနာ ဟာ ဒီနေ့ ညနေပိုင်းမှာ စစ်တွေမြို့က မင်းဂံရပ်ကွက် ရခိုင်ကယ်ဆယ် ရေးစခန်းနဲ့ ဟိန္ဒူကယ်ဆယ်ရေးစခန်းတွေကို သွားရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

မစ္စ ဘာဂနာ ဒီနေ့ သွားရောက်ခဲ့တဲ့ စခန်းတွေဟာ ရခိုင်ပြည်နယ်က ၂၀၁၂ ခုနှစ် ပဋိပက္ခတွေ နောက်ပိုင်း ပေါ် ပေါက်လာတဲ့စခန်းတွေ ဖြစ်ပါတယ်။ သူမဟာ မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာတာဖြစ်ပြီး ရခိုင်ပြည်နယ် လွှတ်တော် တာဝန်ရှိသူတွေ၊ ရခိုင်အမျိုးသားပါတီ ANP တာဝန်ရှိသူတွေနဲ့ မနေ့ကတွေ့ဆုံခဲ့ပါတယ်။ မစ္စခရစ်စတင်းဘာဂနာ ဟာ ဒီနေ့မနက်ပိုင်းမှာ ပေါက်တောမြို့နယ်က ကြိမ်နီ ပြင် မွတ်စလင် ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို မစ္စဘာဂနာ က မေးမြန်းခဲ့ရာမှာ ဒုက္ခသည်တွေဘက်က အခက်အခဲတွေကို ပြန်လည် တင်ပြခဲ့ကြောင်း ကြိမ်နီပြင် မွတ်စလင်ဒုက္ခသည်စခန်းမှာ နေထိုင်သူတစ်ယောက်က အခုလို ပြောပါတယ်။

"ကျနော်တို့သည် ၂၀၁၂ ကပါ ၂၀၁၉ အထိရောက်ပါပြီ၊ ဒီမှာလမ်းပန်းဆက်သွယ်ရေး မကောင်းဘူး၊ ကျနော်တို့ သွားလာခွင့်ဘာမှ မရှိတော့ဘူး၊ ကျနော်တို့ကို ရိုဟင်ဂျာဆိုပြီးတော့ မြန်မာအစိုးရက လက်မ ခံဘူး၊ ကျန်းမာရေးလည်း အခက်အခဲပါ၊ ပညာရေးလည်း အခက်အခဲပါ၊ လူမှုရေးလည်း အခက်အခဲပါ"

အဲဒီနောက် မစ္စဘာဂနာ ဟာ ပေါက်တောမြို့နယ်ထဲက နောက်ထပ် မွတ်စလင်ဒုက္ခသည် စခန်းတစ်ခုဖြစ် တဲ့ အနောက်ရဲ ဒုက္ခသည်စခန်းကိုလည်း ဒီနေ့ သွားရောက်ခဲ့ပါတယ်။

အနောက်ရဲ မွတ်စလင် ဒုက္ခသည်စခန်းက အမည်မဖော်လိုသူတစ်ဦးက အဲဒီလို တွေ့ဆုံရာမှာ စခန်းကနေ ဘယ်ကိုမှ သွားလာလို့မရတဲ့အကြောင်း တင်ပြခဲ့တယ်လို့ ပြောပါတယ်။

"ကျနော်တို့ကတော့ လွတ်လပ်ခွင့်မရဘူး၊ ဒီကနေ စစ်တွေကို သွားလို့မရဘူး၊ ဒီကနေ ကြိမ်နီပြင်တောင် သွားလို့မရဘူး၊ မစ္စဘာဂနာတို့က ပြောတာက ဒီကအစိုးရအဖွဲ့လည်း ပါပါတယ်၊ အစိုးရအဖွဲ့ကို ပြော တယ်၊ အစိုးရအဖွဲ့က ပြေတာက သူတို့က NVC ကတ်ယူရမှာ NVC ကတ်မယူရင် သွားလာခွင့်မရဘူး၊ ခင်ဗျားတို့ အလုပ်လျှောက်လုပ်လို့ မရဘူး၊ ဒီကနေ စစ်တွေလည်း သွားလို့မရဘူး၊ NVC ကတ် ယူရမှာ အဲလိုမျိုး ပြောပါတယ်"

တဆက်တည်းမှာပဲ မစ္စဘာဂနာ ဟာ စစ်တွေမြို့က ရခိုင်ကယ်ဆယ်ရေးစခန်းနဲ့ ဟိန္ဒူကယ်ဆယ် ရေးစခန်း တွေကိုလည်း ဒီနေ့ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

မစ္စဘာဂနာဟာ မနေ့က စစ်တွေမြို့ကို ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ် လွှတ်တော်က တာဝန်ရှိသူတွေနဲ့ ရခိုင်အမျိုး သားပါတီ ANP တာဝန်ရှိသူတွေကို သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဦးမြသန်း က သူမ မေးမြန်းခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"အခုလက်ရှိ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ လွှတ်တော်အနေနဲ့ ဘာတွေ ဆောင်ရွက်နေလဲ စသဖြင့်မေးပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ လွှတ်တော် အစည်း အဝေးခေါ်ဖို့ ရှိပါတယ်။ အဲဒီအစည်းအဝေးမှာ တိုက်ပွဲရှောင်ဒုက္ခသည်တွေကို ပြည်နယ်အစိုးရ ထောက်ပံ့နေတာတွေကို လက်ရှိထက် ပိုမိုထောက်ပံံ့ပေးဖို့ အစိုးရကို တိုက်တွန်းသွားမှာပါလို့။ နောက်တချက်က လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းနိုင်ဖို့ကိစ္စတွေ လွှတ်တော်မှာ ဆွေးနွေးပြီး အစိုးရအဖွဲ့ကို ထိန်းကျောင်းသွားမှာပါလို့။ အဲဒီကိစ္စနှစ်ခုပါပဲ သူမေးသွားတာက"

မစ္စဘာဂနာဟာ မနေ့ညနေပိုင်းက ANP ပါတီတာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက လုပ်ခဲ့တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်မတော် AA ကို အကြမ်းဖက် သောင်းကျန်း သူအဖြစ် ပြတ်ပြတ်သားသားချေမှုန်းဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားခဲ့တယ်လို့ ပြောခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆွေး နွေးခဲ့တဲ့အကြောင်းကို ANP ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန် က အခုလို ပြောပါတယ်။

"အမြစ်ပြတ်ချေမှုန်းဖို့ ခိုင်းတယ်ဆိုတဲ့ စကားက အတည်လား၊ အဲလိုဆိုရင် ငြိမ်းချမ်းရေး နိုဘယ်ဆု ရှင်ဖြစ်တဲ့ ဒီနိုင်ငံရဲ့ အကြီးအကဲတစ်ယောက်က တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေ သက်ဆိုး ရှည်နေတဲ့ ဒီနိုင်ငံမှာ ရခိုင်နဲ့ ပတ်သက်တဲ့ ကိစ္စကိုပဲ ဒီလိုပြောတယ်ဆိုတာတော့ မဖြစ်သင့်ဘူးပေါ့လေ၊ နှစ်ဖက်အငြင်းပွားစရာတွေဖြစ်နေတယ်၊ တပ်မတော်ကပဲ အခွင့်အခါကောင်းတဲ့ နိုင်ငံရေးကစားကွက်လို လုပ်လိုက်တာလား၊ ရခိုင်လူမျိုးတွေကို ဘာသာခြားတွေနဲ့ လှည့်ပြီးတိုက်လိုက်၊ အခုဆိုရင် လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အမြစ်ပြတ်ချေမှုန်းမယ်လို့ပြောလိုက်၊ စီးပွားရေး လူမှုရေး၊ ဖွံ့ဖြိုးမှုတွေဟာ ဒီပဋိပက္ခတွေ ကြားမှာပဲ လွတ်လပ်ရေး ရပြီးကတည်း စက်ရုံတစ်ရုံတောင် မရှိဘဲနဲ့ ကိုယ့်ဒေသကို စွန့်ခွာပြေးရတဲ့ ချွတ်ခြုံကျနေတဲ့ ပြည်နယ်တစ်ခုထက် မတတ်နိုင်တဲ့ အနေ အ ထားတွေ ပြောကြတယ်"

အဲဒီနောက် ကျောက်ဖြူရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် SEZ ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း မစ္စဘာဂနာ က မေးမြန်းခဲ့ကြောင်း ဒေါ်အေးနုစိန် က အခုလို ဆက်ပြောပါတယ်။

"တရုတ်စီးပွားရေးအခြေချတဲ့ ရခိုင်ပြည်နယ်မှာ လူထုတွေက ပိုက်လိုင်းတို့ ဂက်စ်တို့မှာလည်း ကန့် ကွက်ခဲ့တယ်။ အရင်အစိုးရ ဦးသိန်းစိန်က ငြင်းတယ်။ အခုအရပ်သားအစိုးရဖြစ်လာတော့လည်း ငြင်းတယ်။ အဲဒီတော့ SEZ တွေနဲ့ ပတ်သက်ပြီးတော့ ရခိုင်တွေရဲ့ ကန့်ကွက်ချက်တွေကို ဒီအရပ် သားအစိုးရက ဘယ်လိုကြားဝင်ဖြေရှင်းပေးလဲလို့ မေးတယ်။ ကြားဝင်တာတော့ မရှိဘူးပေါ့နော်။ အရင်အစိုးရတုန်းကိုပဲ လွဲှလွဲှချတယ်။ SEZ ကို ရခိုင်တွေရဲ့ ကန့်ကွက်မှုကို အခု ဒီဘက်မှာ တိုက်ပွဲတွေနဲ့ လှည့်ကွက်ကလေးလုပ်လိုက်တယ်။ ဒါမရိုးနိုင်တဲ့ ရှောင်လွှဲလို့မရနိုင်တဲ့ ပုံစံမျိုးဖြစ်နေတယ်။ အဲဒီတော့ မစ္စခရစ်စတင်းဘာဂနာက သူ နေပြည်တော်ရောက်လို့ နိုင်ငံအကြီးအကဲတွေနဲ့တွေ့ရင် ဘာစကားတွေပြောချင်လဲပေါ့။ သူ သယ်ဆောင်သွားမယ်ပေါ့"

ANP ပါတီတာဝန်ရှိသူတွေဘက်က နိုင်ငံ့အကြီးအကဲတွေကို မစ္စဘာဂနာ ကနေတဆင့် အခုလို အမှာစ ကား ပါးလိုက်ကြောင်းလည်း ဒေါ်အေးနုစိန် က ပြောပါတယ်။

"အမြစ်ပြတ်ချေမှုန်းပါဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောတဲ့အတွက် တပ်က တိုက်ရတယ်ဆိုရင် နိုင်ငံ တော် အတိုင်ပင်ခံဟာ တိုက်ပွဲတွေရပ်ပါဆိုတာကို ပြောစေချင်တယ်၊ ပြောတဲ့နောက်ပိုင်းမှာ တပ်မတော်က လည်း ထိုးစစ်တွေကို ရပ်ပြီးတော့ နိုင်ငံရေးကို စားပွဲဝိုင်းမှာ ဆွေးနွေးရင်းနဲ့ အဖြေရှာ တာမျိုးကို လုပ်ရင်းနဲ့ ငြိမ်း ချမ်းရေးကို အကောင်အထည်ဖော်စေချင်တယ်လို့ အဲဒီလိုမျိုး စကားပါးလိုက် တယ်"

မစ္စဘာဂနာ ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် လာရောက်တာဖြစ်ပြီး ပထမအကြိမ်ဖြစ်တဲ့ ၂၀၁၈ အောက်တိုဘာလတုန်းကတော့ ၁၀ ရက်နီးပါးကြာ နေထိုင်ခဲ့ကာ ခရီးစဉ်အပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */