" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, January 21, 2019

ဖွဲ့စည်းပုံကို ပြင်ဖို့ ကြိုးစားနေကြောင်း အတိုင်ပင်ခံ ပြော

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၉၊ ဇန်နဝါရီ ၂၀ ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့က လူထုတွေ့ဆုံပွဲမှာ တွေ့ရစဉ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ တစ်ချိန်လုံး ကြိုးစားနေကြောင်း၊ ဆောင်ရွက်သမျှကို ပြည်
သူကို ချပြမှာဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။ ချင်း ပြည်နယ်ကို မနေ့က ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဟားခါးမြို့မှာ လူထုနဲ့ တွေ့ဆုံစဉ် ပွဲ တက်ရောက်လာသူတစ်ဦးက ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဆောင်ရွက်နေတဲ့အခြေအနေကို မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါ တယ်။


ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဒီမိုကရေစီအစိုးရဆိုတာ ပုန်းလျှိုး ကွယ်လျှိုး လုပ်ဆောင်မှာမဟုတ်ဘူးလို့လည်း ထည့်သွင်းဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ ပြည်သူတွေကို ချပြတဲ့အခါ ၀ိုင်းဝန်းထောက်ခံ ပေးကြဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အမြန်ထူထောင်နိုင်ဖို့အတွက် ပြည်သူတွေ ၀ိုင်းဝန်းကူညီ ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ရွေးချယ်ခန့်အပ်တာနဲ့ ပတ်သက်လို့လည်း ပြင်ဆင်ဖို့အတွက် မနေ့က ထန်တလန်မြို့က လူထုတွေ့ဆုံပွဲမှာ တက်ရောက်လာသူတစ်ဦးက မေးမြန်းခဲ့ပါ တယ်။ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် လွှတ်တော်မှာ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်
တွေ က ရွေးချယ်တဲ့စနစ်မျိုးဖြစ်အောင် ပြင်ဆင်ပေးဖို့ အခြေအနေ ရှိမလားလို့ မေးမြန်းရာမှာ အဲဒီတာဝန် ဟာ လွှတ်တော်အလုပ်ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အောင်ဆန်းစုကြည်က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။
https://www.rfa.org/burmese/news/dassk-says-working-to-amend-constitution-01212019071801.html

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */